စားသုံးသူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် မကျေနပ်ချက်များကို အွန်လိုင်းမှ တစ်ဆင့် တင်ပြနိုင်တော့မည်

စားသုံးသူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် မကျေနပ်ချက်များကို အွန်လိုင်းမှ တစ်ဆင့် တင်ပြနိုင်တော့မည်
May 4, 2017 Asian Fame

11:46 am
စားသုံးသူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် မကျေနပ်ချက်များကို အွန်လိုင်းမှ တစ်ဆင့် တင်ပြနိုင်တော့မည်

အောင်ပြည့်စုံ
ရန်ကုန်၊ မေ ၁

နေ့စဉ် ကြုံတွေ့နေရသည့် စားသုံးသူများ၏အခက်အခဲများနှင့် မကျေနပ်ချက်များကို ပြည့်စုံစွာ တင်ပြတိုင်ကြားနိုင်မည့် myanmar consumer union အမည်ရှိ ဝက်ဘ်ဆိုက်ကို အရပ်ဘက် အဖွဲ့အစည်းတစ်ခုက ယခုလ ၅ ရက်နေ့ တွင် လွှင့်တင်တော့မည် ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂမှ ဆောင်ရွက် ခြင်းဖြစ်ပြီး ပြည်သူလူထုအတွင်း တွင် ကျယ်စွာ အသုံးပြုနိုင်စေရန် မိုဘိုင်းဖုန်း များတွင် အက်ပလီကေးရှင်းအဖြစ် ထည့်သွင်းတိုင်ကြားနိုင်သည်အထိ စီစဉ်ထား သည်ဟု သိရသည်။

”အဓိကအားဖြင့် အစိုးရဆိုက် မဟုတ်တဲ့အတွက် တိုင်ကြားသူတွေအနေ နဲ့ ပွင့်ပွင့်လင်းလင်း ပိုမို ပြောပြနိုင်မယ်။ တိုင်ကြားတာတွေ လက်ခံပြီး နောက် ဆုံးမှာတော့ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို တင်ပြပေးမယ်” ဟု မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂအတွင်း ရေးမှူး ဦးမောင်မောင်ကဆိုသည်။ ၎င်းက ယခုဆောင်ရွက်မှုသည် စားသုံးသူတို့ တိုင်ကြားမှုအပေါ် ပိုမိုပြည့်စုံထိရောက်အောင် ကြားဝင်ကူညီခြင်းမျိုး ဖြစ်ပြီး၊ ဖြေရှင်းမှုကို အစိုးရအဖွဲ့ကသာ လုပ်ရမည်ဟု ၎င်းက ပြောသည်။ စားသုံးသူများအတွက် အခက်အခဲနှင့် မကျေနပ်ချက်များကို ယခင်က စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားရာ၌ အချက်အလက်များ မပြည့်စုံခြင်း၊ အချိန်ကြန့်ကြာခြင်း၊ လူ ကိုယ်တိုင် သွားရောက် တိုင်ကြားရခြင်း စသည့် အခြေအနေများကြောင့် ထိရောက်စွာတိုင်ကြားနိုင်ခြင်းမျိုး မရှိခဲ့ ကြောင်းသိရသည်။

”အရင်ကဆို ကားစီးရင် အချိန်မမှန်တာ၊ လက်မှတ်ထဲမှာ ပါတဲ့ကားမဟုတ်တာ၊ ဆိုင်တွေမှာ ဈေးဝယ်ရင်လည်း ဈေးတွေပို ပေးရတာတွေကို ဘယ်တိုင်လို့တိုင် ရမှန်းမသိဘူး။ အခုလိုဖုန်းနဲ့တင် တိုင်လို့ ရမယ်ဆိုတော့ အရမ်း အဆင်ပြေတာ ပေါ့” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီဝန်ထမ်း ကိုမင်းမင်းဦးက ဆိုသည်။ယခု အက်ပလီကေးရှင်းတွင် တိုင်ကြားသူ၏ အချက်အလက်များကို အက်ပလီကေးရှင်းတွင် ထည့်သွင်းပြီး မိမိ တိုင်ကြားလိုသည့် လုပ်ငန်းနေရာ၊ တိုင် ကြားရသည့် အကြောင်းအရင်းများကို ဖြည့်သွင်းတိုင်ကြားနိုင်မည် ဖြစ်သည်။ ၎င်း myanmar consumer union အက်ပလီကေးရှင်းကို စတင် မိတ်ဆက်မည့် မေလ ၅ ရက်နေ့တွင် Android ဖုန်းများအတွက်သာ ရရှိနိုင်သေးပြီး နောက်ပိုင်းတွင် ios အတွက်ပါ အသုံးပြုနိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*