NLD အစိုးရသက်တမ်းအတွင်း လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် တိုးတက်မှုမရှိခဲ့ကြောင်း Pen Myanmar ၏ စစ်တမ်းဖော်ပြ

NLD အစိုးရသက်တမ်းအတွင်း လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် တိုးတက်မှုမရှိခဲ့ကြောင်း Pen Myanmar ၏ စစ်တမ်းဖော်ပြ
May 3, 2017 Asian Fame

3:52 pm
NLD အစိုးရသက်တမ်းအတွင်း လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် တိုးတက်မှုမရှိခဲ့ကြောင်း Pen Myanmar ၏ စစ်တမ်းဖော်ပြ

Pen Myanmar

သီဟ
ရန်ကုန်၊ မေ ၂

အစိုးရသက်တမ်း တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့် အခြေအနေတိုးတက်မှုမရှိသေးဟု ပဲန်မြန်မာ Pen Myanmar ၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းက ပြောသည်။

”အရင်ကဆို အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနစာတမ်းတွေကို အွန်လိုင်းပေါ်မှာ လွတ်လပ်စွာဖြန့်ချိခဲ့တယ်။ အခုတော့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)ကြောင့် သတိထားနေရတယ်”ဟု ဦးမျိုးမြင့်ညိမ်းကပြောသည်။ သတင်းလွတ်လပ်ခွင့်၊ သတင်း များကို လွတ်လပ်စွာ ဖြန့်ဖြူးပိုင်ခွင့်၊ လက်ခံပိုင်ခွင့်၊ လွတ်လပ်စွာဆွေး နွေးငြင်းခုံခွင့်၊ ရေးသားထုတ်ဖော် ပြောဆိုခွင့်တို့သည် ဒီမိုကရေစီ၏အခြေခံကျသော ကျင့်စဉ်ဖြစ်သဖြင့် အစိုးရတစ်ရပ်တာဝန်ယူမှု၊ တာဝန်ရှိမှုကို ပွင့်လင်းမြင်သာမှု ရှိစေရန် မရှိမဖြစ် လိုအပ်သည်ဟု ၎င်းက ပြောသည်။ မေလ ၃ ရက်နေ့တွင် ကျ ရောက်မည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် မ ရောက်မီ တစ်ရက်အလိုတွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်အစီရင်ခံစာကို ပဲန်မြန်မာမှ ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာကို ပဲန်မြန် မာနှင့်နယ်ပယ်အလိုက် ကျွမ်းကျင်သူ မိတ်ဖက်အဖွဲ့အစည်း ၁၃ ခု ပူးပေါင်း၍ အစိုးရသစ်လက်ထက် တစ်နှစ်တာကာလအတွင်း လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့် အခြေအနေများကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးခဲ့သော အစီရင်ခံ စာတွင် ညွှန်းကိန်း ၈ ခု ပါဝင်ခဲ့ပြီး ညွှန်းကိန်းတစ်ခုလျှင် ၁ဝ မှတ်ပေး ၍ ပေးမှတ် စုစုပေါင်း ၆ဝ မှတ် တွင် ၈မှတ်သာ ရရှိခဲ့သည်ဟု ပါရှိသည်။ ယခု အစီရင်ခံစာသည် ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်း မဟုတ်ဘဲ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် အစိုးရသစ်၏ ၆ လတာသက်တမ်းကာလအတွင်း လွတ် လပ်စွာ ရေးသား ထုတ်ဖော်ပြော ဆိုခွင့် အခြေအနေများကို မိတ် ဖက်အဖွဲ့အစည်း ၆ ခုဖြင့် ဆွေး နွေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခု အစီရင်ခံစာ သည် ယခင် အစီရင်ခံစာမှ တွေ့ ရှိချက်များကို အခြေခံ၍ နှိုင်းယှဉ် ဖော်ပြထားခြင်းဖြစ်ပြီး နှစ်စဉ် ထုတ်ပြန်ပေးသွားမည်ဟု ပဲန် မြန်မာ ဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းက ပြောသည်။ ”လက်ရှိအစိုးရကို ဝေဖန်ပြစ်တင်လို့ တရားစွဲခံရရင် အဲဒီပုဂ္ဂိုလ် တွေဘက်က ရပ်တည်ပြောပေးမယ့်သူမရှိဘူး” ဟု အကဲဖြတ်အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ သူတစ်ဦးက မှတ်ချက်ပေးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*