ISIS အကြမ်းဖက် တစ်ဦးနှင့် လက်ထပ်ခဲ့သည့် FBI အမျိုးသမီး အမှုထမ်းက သူ့ဖြစ်ရပ်ကို ယခုမှဖွင့်ပြော

ISIS အကြမ်းဖက် တစ်ဦးနှင့် လက်ထပ်ခဲ့သည့် FBI အမျိုးသမီး အမှုထမ်းက သူ့ဖြစ်ရပ်ကို ယခုမှဖွင့်ပြော
May 3, 2017 Asian Fame

11:01 am
ISIS အကြမ်းဖက် တစ်ဦးနှင့် လက်ထပ်ခဲ့သည့် FBI အမျိုးသမီး အမှုထမ်းက သူ့ဖြစ်ရပ်ကို ယခုမှဖွင့်ပြော

ISIS(လန်ဒန်၊ မေ ၂) 

အမေရိကန် ထောက်လှမ်းရေးဗျုရို (FBI)မှ အမျိုးသမီး အမှုထမ်း တစ်ဦးသည် အစ္စလာမ်မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ (ISIS) အားထောက်လှမ်းရန် ဆီးရီးယားနိုင်ငံ သို့ရောက်ရှိခဲ့ပြီးနောက် ယင်းအကြမ်းဖက် အဖွဲ့မှ အကြမ်းဖက် သမားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့ဖူးကြောင်း သိရသည်။

FBI မှ စကားပြန် တာဝန်ထမ်းဆောင်သည့် အသက် ၃၈ နှစ် အရွယ်ရှိ အမျိုးသမီး အမှုထမ်း ဒန်နီယယ်လာ ဂရင်းသည် ISIS အကြမ်းဖက် အဖွဲ့အားထောက်လှမ်းရန် တာဝန်ပေးအပ်သည့် အဖွဲ့တွင် တစ်ဦးအပါအ၀င် အဖြစ် ၂၀၁၄ ခုနှစ်က ဆီးရီးယား သို့ရောက်ရှိ ခဲ့ပြီးနောက် အကြမ်းဖက် သမား တစ်ဦးဖြစ်သည့် ဒင်းနစ်ကပ်စပတ်နှင့် ချစ်ကြိုက် လက်ထပ်ခဲ့ခြင်းဖြစ်သည်။  သို့ရာတွင် ထိုသို့ လက်ထပ်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်တွင်ပင် သူမှားသွားပြီဖြစ်ကြောင်း သိလာရသဖြင့် အမေရိကန် ပြည်ထောင်စု သို့ပြန်လာခဲ့ရာ တာဝန်ရှိ သူများက လေဆိပ်တွင်ပင် ဖမ်းဆီး အရေးယူခဲ့ပြီး ထောင်ဒဏ် ၂နှစ် အပြစ်ပေးခံရခဲ့သည်။ ပြီးခဲ့သည့် နွေရာသီတွင် သူထောင်မှ လွတ်လာခဲ့ပြီး နောက်တွင်မှ သူ့ဖြစ်စဉ်ကို ယခုကဲ့သို့ သတင်းထောက် များအားပြန်လည် ပြောပြခဲ့ခြင်းဖြစ်သည်။  သူသည် ယခုအခါ FBI တွင် တာဝန် မထမ်းဆောင်ရတော့ပဲ၊ ဟိုတယ် တစ်ခုတွင် အလုပ်ဝင်ရောက် လုပ်ကိုင်လျှက်ရှိသည်။ ယင်းဖြစ်ရပ်ကို အမေရိကန် တာဝန်ရှိသူများက သတင်းမှောင်ချထားခဲ့သည်။ ဒန်နီယယ်လာ ဂရင်း လက်ထပ်ခဲ့သည့် ISIS အကြမ်းဖက်သမား ဒင်းနစ် ကပ်စပတ်သည် ဂျာမနီနိုင်ငံဖွားဖြစ်ပြီး ဆီးရီးယားတွင်မူ အဘူ တာလ်ဟာ အယ်လ်မာနီ အမည်ဖြင့် အကြမ်းဖက် လုပ်ရပ် များပြုလုပ်နေသူဖြစ်သည်။

PN

ref: FBI interpreter married the ISIS terrorist she was assigned to investigate

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*