ဧပြီလအတွင်း ချောင်းသာ နှင့် ဘားအံဒေသသို့ ခရီးသွား ဝင်ရောက်မှု အများဆုံးဖြစ်

ဧပြီလအတွင်း ချောင်းသာ နှင့် ဘားအံဒေသသို့ ခရီးသွား ဝင်ရောက်မှု အများဆုံးဖြစ်
May 3, 2017 Asian Fame

3:30 pm
ဧပြီလအတွင်း ချောင်းသာ နှင့် ဘားအံဒေသသို့ ခရီးသွား ဝင်ရောက်မှု အများဆုံးဖြစ်

(ရန်ကုန်၊ မေ ၂)

ပြီးခဲ့သည့် ဧပြီလအတွင်း အခြား ခရီးသွားဒေသ များထက် ချောင်းသာ ကမ်းခြေနှင့် ဘားအံ ဒေသကို ပြည်တွင်း ခရီးသွားဝင် ရောက်မှု များပြားခဲ့ကြောင်း ပြင် သစ်အခြေစိုက် အွန်လိုင်းဟို တယ် ဘွတ်ကင် ဝန်ဆောင်မှု ဝက်ဘ်ဆိုက် Jovago.com.mm မှ ထုတ်ပြန်သည်။

ပြည်တွင်း ခရီးသွားများ အွန်လိုင်းမှတစ်ဆင့် ဟိုတယ် ဘွတ်ကင် ပြုလုပ်မှု များပြားခဲ့ပြီး Jovago ဝက်ဘ်ဆိုက်၏ အချက် အလက် များအရ ဘားအံဒေသ ကို ဟိုတယ် ဘွတ်ကင်ပြုလုပ်သူ ၂၉ ရာခိုင်နှုန်း၊ ချောင်းသာကမ်း ခြေကို ၁၇ ရာခိုင်နှုန်း၊ ပုဂံ ဒေသကို ၁၁ ရာခိုင်နှုန်း၊ ရန် ကုန်မြို့ကို ၉ ရာခိုင်နှုန်း၊ မန္တ လေးကို ၉ ရာခိုင်နှုန်း၊ ကလော ကို ၈ ရာခိုင်နှုန်း၊ ပြင်ဦးလွင်ကို ၅ ရာခိုင်နှုန်း၊ ငွေဆောင် ကမ်းခြေ ကို ၅ ရာခိုင်နှုန်း၊ မြိတ်ကို ၃ ရာခိုင်နှုန်းနှင့် ထား ဝယ်ကို ၄ ရာခိုင်နှုန်း စသဖြင့် အသီးသီး ဘွတ်ကင် ပြုလုပ်ခဲ့ သည်။

”ဧပြီလကတော့ သင်္ကြန်ရုံး ပိတ်ရက်လည်းရှိတော့ သာမန် အချိန်ထက် ခရီးသွား ပိုများ တယ်။ အားလုံးထဲ မှာ ဘားအံနဲ့ ချောင်းသာတို့က အမေးအများ ဆုံးနဲ့ ဘွတ်ကင် တင်တာ အများ ဆုံး ဒေသတွေပါ။ Jovago ဝက်ဘ်ဆိုက်မှာတော့ ခရီးသွား တွေက ဈေးသက်သာတဲ့ ဟို တယ်၊ မိုတယ်တွေနဲ့ တည်းခို ခန်းတွေကိုပဲ ရွေးချယ်ဘွတ်ကင် လုပ်ကြတာများပါတယ်” ဟု Jovago.com.mm မှ Public Relation Manager မနန်းစုနှင်း ထွေးက ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံ ဒေသသည် တောင်ဝိုင်းတောင်၊ ကျောက်ကလပ်၊ ရွှေရင်မျှော်ဘု ရား၊ ဘုရင့်ညီဂူ၊ ကော့ကွန်းဂူ၊ ဆဒ္ဒန်ဂူ၊ ညဈေးတန်း စသည့် နေရာများကို လည်ပတ်နိုင်ပြီး သာယာလှပသည့် ရှုခင်းများ ကြောင့် ပြည်တွင်း ခရီးသွားဝင် ရောက်မှု များပြား လာခြင်းဖြစ် သည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံရှိ ခရီးသွားရန် အ ကောင်းဆုံးမြို့များ စာရင်းတွင် ပါဝင်လာကြောင်း Jovago.com.mm ထံမှ သိရသည်။

Jovago အနေဖြင့် ခရီးသွား များ အဆင်ပြေ သက်သာစွာ ခရီးသွားလာနိုင်ရေး အတွက် ဟိုတယ် အခန်းငှား ဝန်ဆောင်မှု ကို ပေးရုံသာမက မြန်မာနိုင်ငံ တစ်ဝန်းပြေးဆွဲနေသည့် မန္တလာ မင်း ယာဉ်လိုင်းနှင့်လည်း ချိတ် ဆက်ပေးထားသည်။ ထို့ကြောင့် ခရီးသွားများ အနေဖြင့် Jovago.com.mm တွင် ဘွတ်ကင်တင် ပါက ဟိုတယ် ပရိုမိုးရှင်း၊ ကား လက်မှတ် ပရိုးမိုးရှင်းများကို လည်း ရရှိနိုင်မည်ဖြစ်သည်။

Jovago သည် ပြင်သစ် အခြေစိုက် အွန်လိုင်းခရီးသွား ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပ ဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ပေါင်း ၅ဝ ကျော်မှ ဟိုတယ်ပေါင်း ၉ဝဝ ကျော်နှင့် ချိတ်ဆက်ထား ရှိသည်။

Jovago သည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာတွင် မြန်မာနိုင်ငံ သို့ ပြည်တွင်း ခရီးသွားလုပ် ငန်းမြှင့်တင်ရန် ရည်ရွယ်ချက် ဖြင့် ဝင်ရောက်လာခဲ့ပြီး အာဖရိ ကနှင့် အာရှနိုင်ငံ များရှိ ဟိုတယ် ပေါင်း ၂၅ဝဝဝ ကျော်နှင့် ကမ္ဘာ တစ်ဝန်းတွင် ဟိုတယ်ပေါင်း နှစ် သိန်းကျော်နှင့် ချိတ်ဆက်ထား ရှိသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*