အလုပ်သမား ကိစ္စများ ထိထိရောက်ရောက် လုပ်ဆောင် ပေးရန် မန္တလေးတိုင်း အစိုးရအား တောင်းဆို

အလုပ်သမား ကိစ္စများ ထိထိရောက်ရောက် လုပ်ဆောင် ပေးရန် မန္တလေးတိုင်း အစိုးရအား တောင်းဆို
May 3, 2017 Asian Fame

3:37 pm
အလုပ်သမား ကိစ္စများ ထိထိရောက်ရောက် လုပ်ဆောင် ပေးရန် မန္တလေးတိုင်း အစိုးရအား တောင်းဆို

(မန္တလေး၊ မေ ၂ )

မန္တလေးတိုင်း ဒေသကြီးအ တွင်းမှ အလုပ်သမား ကိစ္စများအား တိုင်းအစိုးရက ထိထိရောက် ရောက်ဆောင်ရွက် ပေးရန် မြန်မာ နိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS )က တောင်း ဆိုလိုက်သည်။

မေ ၁ ရက်က မန္တလေး ပြည် ကြီးတံခွန်မြို့နယ် ကနောင်ခန်းမ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားမှ တစ်ဆင့် ထိုသို့ တောင်းဆိုလိုက် ခြင်းဖြစ်ပြီး အလုပ်သမားများ အ လုပ်ထုတ်ခံရသည့် ကိစ္စများ၊ သမဂ္ဂ ကိုအသိအမှတ် မပြုသည့်ကိစ္စ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်း ရှင်းရေး ကိစ္စများ ဆောင်ရွက်သည့် အခါ ထိထိရောက်ရောက် ဆောင်ရွက်စေချင်ကြောင်း MICS မှ အမျိုး သားအဆင့် အလုပ်သမားကိုယ်စား လှယ် ဦးသက်နှင်းအောင်က ပြော သည်။

”အလုပ်ထုတ်ခံရတဲ့ အလုပ် သမားကို အလုပ်ပြန်ခန့်ပါလို့ ခုံ သမာဓိကောင်စီက အမိန့်ချပေ မယ့်လည်း လုပ်ငန်းရှင် ဘက်က မ လိုက်နာလို့ သက်ဆိုင်ရာ ဦးစီး ဌာနက တရားလို လုပ်ပြီး တရားစွဲ ဖို့တွေ လုပ်တယ်။ တရားစွဲဖို့တွေ လုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေရှိတယ်။ ဒါကို တရား စီရင်ရေးက ဘယ်လိုထိန်း ကျောင်းပေးမလဲ။ ဥပမာ လွှတ် တော်ကနေပဲ မေးခွန်းမေးမြန်းတာ တွေလုပ်မလား စဉ်းစားရမှာ ဖြစ် ပါတယ်” ဟု ၄င်းက ပြောသည်။

ကုန်ဈေးနှုန်း တရိပ်ရိပ် မြင့် တက်နေချိန် ဒေသတွင်း အလုပ် သမားများ၏ စားဝတ်နေရေး နှင့် လုပ်ခလစာ တဖြည်းဖြည်း နိမ့်ကျ လာပြီး အလုပ်သမား အများစု အဆင်မပြေ ဖြစ်နေကြရကြောင်း အလုပ်သမား အရေး လှုပ်ရှားသူ များထံက သိရသည်။

မန္တလေးတိုင်း ဒေသကြီးလွှတ် တော်သက်တမ်း တစ်နှစ် ကျော်ပြီ ဖြစ်သော်လည်း အလုပ်သမား အ ရေးကိစ္စ ဆွေးနွေးခြင်း မရှိသ လောက် အားနည်းနေကြောင်း လည်း ၄င်းတို့က ဆိုသည်။

”လွှတ်တော်ကိုယ် စားလှယ် တွေဟာ ရွေးကောက် တင်မြှောက် ခံရပြီး နောက်ပိုင်း အလုပ်သမား တွေနဲ့ တွေ့ဆုံတာ မရှိတော့ဘူး။ မန္တလေးတိုင်း ဒေသကြီးမှာ အလုပ် သမားဝန်ကြီး သီးသန့်မရှိဘဲ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ကပဲ တွဲဖက်တာဝန် ယူနေရတာ ဆိုတော့ အလုပ်သမား အရေး ဆောင်ရွက်ရာမှာ အားနည်းချက် တချို့ ရှိကောင်း ရှိနိုင်တယ်။ ဒီ တော့ လွှတ်တော် ကိုယ်စားလှယ် တွေကပဲ အလုပ်သမား ကိစ္စရပ် တွေကို လွှတ်တော်မှာ မေးမြန်းတာ အဆိုတင်သွင်းတာ လုပ်ပေးစေ လိုတယ်” ဟု ဦးသက်နှင်းအောင်က ဆိုသည်။

ဒေသတွင်း အလုပ်သမားဝန် ကြီး သီးသန့် မရှိသည့်အတွက် စက်ရုံအလုပ်ရုံ များအား ကွင်းဆင်း စစ်ဆေးခြင်းမျိုး မတွေ့ရသ လောက် ဖြစ်နေကြောင်းနှင့် ဝန် ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် ပလိပ်ပန်ဒါစက်ရုံ ပြဿနာလောက်သာ ဖြေရှင်း ဆောင်ရွက်နေသည်ကို တွေ့ရ ကြောင်း အလုပ်သမား အများစုက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*