သူနာပြု တက္ကသိုလ်ကျောင်းသားများအား Zuellig Pharma နှင့် Pacific AA Group တို့က ပညာသင်ထောက်ပံ့ကြေးပေးမည်

သူနာပြု တက္ကသိုလ်ကျောင်းသားများအား Zuellig Pharma နှင့် Pacific AA Group တို့က ပညာသင်ထောက်ပံ့ကြေးပေးမည်
May 3, 2017 Asian Fame

5:35 pm
သူနာပြု တက္ကသိုလ်ကျောင်းသားများအား Zuellig Pharma နှင့် Pacific AA Group တို့က ပညာသင်ထောက်ပံ့ကြေးပေးမည်

(ရန်ကုန်၊ မေ ၂)

သူနာပြု တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူများအား အသိပညာနှင့် စွမ်းဆောင်ရည် သစ်များ မြှင့်တင်ပေးနိုင်ရန် Zuellig Pharma နှင့် Pacific AA Group တို့က ပညာသင် ထောက်ပံ့ကြေးများ ပေးသွားမည်ဖြစ်သည်။

ရန်ကုန် သူနာပြု တက္ကသိုလ်နှင့် မန္တလေး သူနာပြုတက္ကသိုလ်တွင် ပညာသင်ကြားနေ သည့် သူနာပြု ၂ဝ ဦးကို လစဉ် ပညာသင် ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် တစ်နှစ် အတွက် ကျပ်ခြောက် သိန်း ပေးသွားမည် ဖြစ်ပြီး ပထမနှစ်မှ စ၍ ကျောင်းပြီးသည် အထိ လေးနှစ်စလုံး ထောက် ပံ့ပေးသွားမည် ဖြစ်ကြောင်း Pacific AA Group မှ Executive Director ဒေါက်တာ စောနေနွယ်က ပြောသည်။

”သူနာပြုတွေ ဆိုတာ အားလုံးသိတဲ့အ တိုင်းပဲ ကျန်းမာရေး ကဏ္ဍအတွက် သူတို့ မရှိ ရင်မရဘူး။ ဥပမာ ဆရာဝန်က ဦးနှောက် ဖြစ်တယ် ဆိုရင် သူနာပြုက အသည်းနှလုံး ပေါ့နော်။ ဆိုတော့ သူတို့တွေသာ ဖွံ့ဖြိုးတိုး တက်မယ် ဆိုရင် ကျန်းမာရေး ကဏ္ဍလည်း တိုးတက် ဖွံ့ဖြိုးမှာပါပဲ။ ပြီးရင် လူနာနဲ့ဆရာဝန် ကြားမှာ ပေါင်းကူးပေးရတဲ့ အတွက် သူတို့တွေ သာထူးချွန်ရင် ပြည်သူတွေ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းရမှာပါပဲ။ အဲဒီအတွက် ရည်ရွယ်ပြီး ထောက်ပံ့ပေး တာပါ” ဟု ၄င်းကပြောသည်။

ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ရွေးချယ်ရာတွင် ရန်ကုန်သူနာပြု တက္ကသိုလ်နှင့် မန္တလေး သူနာပြုတက္ကသိုလ် တွင် ၂ဝ၁၇ ပညာသင်နှစ်၌ တက်ရောက် ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ ရမှတ် အများဆုံးဖြင့် ဝင် ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ် ထောက်ပံ့ခြင်းဖြစ်ပြီး တစ်ဦးအတွက် တစ်နှစ်လျှင် ကျပ်ခြောက်သိန်းနှုန်းဖြင့် လေး နှစ်တာကာလ အတွက် စုစုပေါင်း ကျပ် သိန်း ၄၈ဝ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာ တင်တင်လေးကပြောသည်။

”ခုလို သူနာပြုကျောင်းသူ၊ ကျောင်းသား တွေကို ပညာသင် ထောက်ပံ့ကြေးပေးတာက သူနာပြု ပညာရပ် တိုးတက်ရေးကို အထောက် အကူဖြစ်စေမှာပါ”ဟု ၄င်းကပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေး လူ့အစွမ်းအား အရင်းအမြစ် ဦးစီး ဌာနအောက်တွင် ဆေးပညာနှင့် ဆေး ပညာနှီးနွယ် တက္ကသိုလ် ၁၅ ခုရှိပြီး သူနာပြု နှင့် သားဖွား သင်တန်းကျောင်း စုစုပေါင်း ၅ဝ ရှိသည်။

အဆိုပါ တက္ကသိုလ် ၁၅ ခုတွင် ပညာသင် ကြားနေသော ကျောင်းသား ဦးရေ တစ် သောင်း ကိုးထောင်ကျော်ရှိပြီး ၄င်းတို့အနက် ရန်ကုန် သူနာပြု တက္ကသိုလ်နှင့် မန္တလေး သူနာပြု တက္ကသိုလ် နှစ်ခုပေါင်းတွင် တစ်နှစ် လျှင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၄ဝဝ ဦးတက်ရောက်ခွင့် ရရှိကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*