မဲခေါင်စာပေဆု အတွက် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်

မဲခေါင်စာပေဆု အတွက် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်
May 3, 2017 Asian Fame

5:42 pm
မဲခေါင်စာပေဆု အတွက် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်

(ရန်ကုန်၊ မေ ၂)

မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ စာရေး ဆရာများ အတွက် ချီးမြှင့် သည့် မဲခေါင်စာပေဆု အတွက် ပြိုင်ပွဲဝင် စာအုပ်များ ဖိတ်ခေါ် ထားကြောင်း မြန်မာနိုင်ငံ စာရေး ဆရာများ အသင်းမှ သိရသည်။

အဆိုပါဆုသည် ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန် မာနှင့် တရုတ် (ယူနန်ပြည်နယ်)
မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများ အ တွက် ချီးမြှင့်မည့် စာပေဆုပြိုင် ပွဲဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများမှ အ လှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ကာ ဆုချီးမြှင့်သည့် ပြိုင်ပွဲဖြစ် သည်။ အဆိုပါဆု အတွက် ဒေသ တွင်း နိုင်ငံများအကြား စာရေး ဆရာများရေးသား ဖန်တီးသည့် စာပေလက်ရာများကို ရွေးချယ် ချီး မြှင့်ခြင်း ဖြစ်သည်။

ယခု ပြုလုပ်မည့်ပြိုင်ပွဲသည် (၈) ကြိမ်မြောက် မဲခေါင်စာပေ ဆုပြိုင်ပွဲ ဖြစ်ပြီး ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်အတွင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော ပုံနှိပ်ထုတ်ဝေ ပြီး စာအုပ်များ ဖြစ်ရမည်ဖြစ်သည်။

ပြိုင်ပွဲ ဝင်လိုသူများ အနေဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ဘာသာ ရပ်တစ်ခု၌ တစ်မျိုးသာ ပါဝင်ယှဉ် ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

(၈)ကြိမ်မြောက် မဲခေါင်စာပေ ဆုပြိုင်ပွဲကို ထိုင်းနိုင်ငံမှ အိမ်ရှင် နိုင်ငံအဖြစ် လက်ခံဆောင်ရွက် မည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းကို အဆို ပါနိုင်ငံတွင်ပင် ပြုလုပ်မည် ဖြစ် သည်။ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် လူမျိုးနှင့် ယဉ်ကျေးမှု ကွဲပြားမှု အပေါ်တွင် လူသားဆန်စွာ ရှုမြင် သုံးသပ်သည့် အမြင်ဖြင့် ရှုမြင်ရေး သား ထားသောစာအုပ်(သို့) မြတ် နိုး ချစ်ခင်ပတ်ဝန်းကျင် ဟူသည့် အ ကြောင်းအရာကို အထောက်အကူ ပြု ရေးသားထားသော စာအုပ်ဖြစ် ရမည်ဖြစ်သည်။

”ဒီနှစ်က ထိုင်းနိုင်ငံ ဘန် ကောက်မှာဆု ချီးမြှင့်မှာပါ။ ၂ဝ၁၈ မှာတော့ မြန်မာနိုင်ငံက အိမ်ရှင် ဖြစ်မှာပါ။ ဆရာတို့တွေ ရွေးချယ် ပေးလိုက်တဲ့ နှစ်ဦးကို သူတို့ရွေး ချယ် ချီးမြှင့်ပေးသွားမှာပါ” ဟု မြန် မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်းက ပြော သည်။

ပြိုင်ပွဲဝင်များ အနေဖြင့် မေ ၁ဝ ရက်နောက်ဆုံး ထားကာ ကိုယ် တိုင်ရေး ပြိုင်ပွဲဝင်လျှောက်လွှာ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း၊ ၄ လက်မ x၆လက်မ အရွယ် ဓာတ်ပုံနှစ်ပုံနှင့်အတူ ပူးတွဲ၍ စာအုပ် ၄ အုပ်ကို ပဏာမ မဲ ခေါင်စာပေဆု ရွေးချယ်ရေး အဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်း လမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း ဝ၁- ၃၈၅၂၇၃၊ ဝ၁-၂၅၂၄၁၇ သို့ ပေးပို့ရမည် ဖြစ်သည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*