Viber Out

Viber Out
April 28, 2017 Asian Fame

12:24 pm
Viber Out

viberoutကျွန်တော်တို့ မိသားစုမှာ ငွေ ကြေးမချမ်းသာပါ။ စိတ်ချမ်းသာပါ သည်။
ဝမ်းက လွယ်သူရော၊ မလွယ် သူပါ စုစုပေါင်း သားသမီး တူ၊ တူ မ ခြောက်ယောက်၊ နှစ်ဖက် မိခင်နှစ် ဦးနှင့် ပျော်ရွှင်ကြည်နူး စွာ နေခဲ့ရ သော မိသားစုမို့ စောအိမ်ချစ်- နန်းအိမ်ချစ်၊ မောင်ရွှေအိမ်ခင်-မိ ချမ်း အိမ်ခင်တွေ ဖြစ်ခဲ့ကြပါသည်။

ပခုံးပေါ်မှာ အပွင့်တပ်ထား ပြီး လစာကျပ်တစ်ထောင့် သုံးရာ ရသော ဘဝမှာ ဥစားကြက်လည်း မွေးဖူးပါသည်။ ကလေးတွေ တစ်ပြုံတစ်မကြီးက မနက် ဆိုလျှင် ထမင်းကြော်တစ်ဝကြီး စားလေ့ရှိ ပါသည်။ ကုလားပဲအိုးကြီး တစ်အိုး၊ ကန်ဇွန်းရွက် ချဉ်ရေအိုးကြီး တစ် အိုးဆိုတာ ယူနန်ပြည်ကမမှာရဘဲ ကျွန်တော့်အိမ်နောက်ဖေးမှ ရ သောံသအ ဏသအ အိုးကြီးများ ဖြစ်ခဲ့ ပါသည်။
ကလေးတွေ အားလုံးဘွဲ့ရပါ သည်။ သူတို့ရဲ့ အိမ်ထောင်ဖက်   တွေ ဘွဲ့ရကြပါသည်။ မြေးနှစ် ယောက်ဘွဲ့ရပါသည်။
အတောင်တွေစုံ၍ လေဟုန် မှာတင့်တယ်စွာ ဝဲနေကြပါပြီ။

စစ်ကိုင်းရွှေမြို့တော်ကြီးမှာ မွေးသောကျွန်တော်က ယဉ်ယဉ် လေးပြောလျှင် အမေ့ဇာတိ မန္တလေး ဘက်စိတ်က ရောက်ပါသည်။ အဖေ့ကို မော်လမြိုင်မှာ မွေးသော် လည်း မော်တင်လိန်းကျောင်းတို့ စကော့လူမျိုးတို့ စိတ်ဝင်စားမှု နည်းပါသည်။ ငါးမြင်လျှင် အလို လိုကြောက်ပါသည်။ ငါးသလောက် မစားရဲ၊ ငါးဒန်ဆိုလျှင်တော့ စားရဲ သည်။ အာလူး ကြိုက်သည်၊ ပဲကြိုက်သည်။

မန္တလေးပဲကြော်ကို ရှားမီး ကိတ်၊ ရွှေပုဇွန်ကိတ်ထက် ကြိုက် ပါသည်။

သရက်မှာမွေးသော မသက် ဆွေက ငယ်စဉ်က အလွန်ချူချာ သည်ဟု ဆိုပါသည်။ လက်တိုဂျင် နို့မှုန့်ဘူးကြီးနှင့် ဆီဦးထောပတ် နှင့် ပိုးမွေးသလို မွေးခဲ့ရသည်ဟု ဆိုပါသည်။ မသက်ဆွေဟူသော နာမည်က ကျွန်တော့်ကြောင့် ရသော တက္ကသိုလ် ဘွဲ့လက်မှတ်ပါ၊ မှတ်ပုံ တင်ပါ နာမည်ဖြစ်သော်လည်း သူ့ နာမည်က ခင်မူမူ ဖြစ်ပါသည်။ သူ့ ညီမ ခင်မော်မော်က သူနှင့် ဆန့်ကျင်ဘက်ပါ။ ကျန်းမာသည်၊ ဝဖြိုးသည်။ ထမင်းကြမ်း အခဲ လိုက်ပေါ်မှာ ငါးပိချက်တင်ပြီး နံနက်စောစောစာ အဖြစ် တစ်ပန်း ကန်မောက်မောက် စားနိုင်သော ကလေးဘဝက ကြီးပြင်းခဲ့သူ ဖြစ် ပါသည်။

အတူနေမိသားစုကြီး နှစ်ပေါင်း ကြာလာသောအခါ ရေကြည်ရာ မြက်နုရာ ခွဲခွာကြရပါပြီ။

ကျွန်တော်ရယ်၊ မသက်ဆွေ ရယ်၊ သားငယ် (အသက်ငါးဆယ် ကျော်) ရယ်ပဲ အတူရှိကြပါသည်။

သမီးရယ်၊ သမက်ရယ်၊ ညီမ ရယ်၊ မတ်ရယ်က ကမ္ဘာ့ သူဌေးကြီး ဟုဆိုကြသော အမေရိကန်နိုင်ငံ မှာ၊ မြေးမလေးက မြေးသမက်နဲ့ အတူ အမေရိကန်နိုင်ငံ အခြား မြို့မှာ၊ မြေးမလေးက မြစ်ကလေး ဖွားတော့မည် ဆို၍ ချွေးမလေးက လိုက်သွားသည်။

တစ်ခုတော့ ကျွန်တော်စိတ် ကြိုက်ဖြစ်ကြပါသည်။ သမီးရော၊ မြေးမလေးပါ ဗုဒ္ဓဘာသာ ဗမာများ နှင့် အိမ်ထောင်ပြု ကြပါသည် ။ မြေးကြီးဆွေဟိန်းက သြစတြေးလျ ရောက်နေသည်။

အသက်ကြီးလေ၊ အထီးကျန် ဖြစ်လေဆိုတာ လူ့သဘာဝမို့ မသက်ဆွေ တစ်ယောက် ငယ်စဉ်က ကြက်သား အုပ်မကြီးတစ်ကောင် လို ထိန်းကျောင်းခဲ့ရသော ကလေး တွေကိုတွေ့ချင်သည်။ တစ်ယောက် တစ်ကွဲစီ ဖြစ်နေကြပြီ။

အထူးသဖြင့် နိုင်ငံကြီးမှာ နေ ရင်း မကျန်းမာသော မတ်ဖြစ်သူ က သူ့ရောဂါကြောင့် ခရီးဝေး လေယာဉ်စီးခွင့်မရဟု ဆိုသည်။ မမြင်ရသော မြစ်ကလေးကိုလည်း ပွေ့ချီချင်သည်။

ငယ်က အိမ်မှာအတူနေ တူ မလေး မိုးသူဇာနှင့် သူ့ခင်ပွန်း  ကို စိုးဝင်း၊ တစ်ဦးတည်း သော သား  ဆရာဝန်လောင်း မောင်ခန့်စည်သူ တို့ သုံးယောက်နှင့် အတူသွားဖို့ စီ စဉ်ပြီး စိတ်ချစွာ စေလွှတ်လိုက်ရ သည်။ ဗီဇာယူရလည်း လွယ်နေ ပြီ။ သမ္မတသစ် ကျေးဇူး။ တစ်ရပ် တစ်ကျေး ခရီးဝေးသို့ မသွားမီ အဖော်ခင် တတ်သော မသက်ဆွေ က သူ့သူငယ်ချင်း လက်ကျန်လေး တွေနှင့် တွေ့သည်။ ဂါဝန်ပြာလေး ဝတ်လျက် ကျောင်းတက်ရသော Sacred Heart ကျောင်းက Violet-John-Herry-Ivy-Daisy  တို့နှင့် တက္ကသိုလ်မှ သူငယ်ချင်း မတိုးကြီး (ကဗျာဆရာမနန်းခရေ) နှင့် သူ့ ခင်ပွန်း ကိုအေးထွန်းတို့ အိမ်မှာ စုကြသည်။

အမေရိကန်နိုင်ငံရောက် ညီမ ခင်မော်မော်ကို သတိတရ မှာကြ သည်။ လက်ဆောင်တွေ ပေးကြ သည်။

သူတို့ထဲမှ မူလတန်းက သူ ငယ်ချင်း Violet  က သတိတရ မသက်ဆွေကို မှာနေသည်။

”သက်သက်ရေ ဒို့ငယ်ငယ်က ကဗျာထဲတွေ့ရတဲ့ Old Pine Tree  တို့၊ Oak Tree တို့ကို သဘော ကျခဲ့တာ မှတ်မိလား။

ဟိုရောက်ရင် အဲဒီအပင်တွေ၊ အရွက်တွေပေါ်အောင် ညီအစ်မ နှစ်ယောက် ဓာတ်ပုံရိုက်ခဲ့နော် မမေ့နဲ့” ဟု မှာနေည်။

ကျွန်တော်ကဝင်ပြီး အားပေး ခဲ့ပါသည်။

”အမလေးဟယ် Oak Tree  တွေ ဘာတွေက ဝေးတယ်ဟ။ Underneath the Mango Tree  တို့၊ Banana Boat Song တို့ မမှတ်မိဘူးလား”

”ဒို့အိမ်ရှေ့မှာတင် သရက်ပင် ခြောက်ပင် ရှိတယ်။ နက်ဖန်ကျ တွံ တေးကို လိုက်ပို့မယ်။ ငှက်ပျောခြံ တွေမှ ဟီးထလို့။ သူငယ်ချင်းတွေ သီချင်း ဆိုကြ၊ ဓာတ်ပုံတွေ ရိုက် ကြစမ်းပါ၊ စိတ်ကြိုက်”ဟု ဝင်ပြော သည်နှင့် မတိုးကြီးက သတိပေး သည်။ ”အစ်ကိုကြီး ကို မမသက်က မျက်စောင်းကြီး ခဲထားတယ်နော်” တဲ့။

”ဟ အဲဒါ ဒေါသနဲ့ မျက် စောင်းခဲတာ မဟုတ်ဘူး။ မျက်လုံး ရွဲကြီး နဲ့ကြည့်နေတာ။ သဘောကျ နေတာ” ဟု ပြောရင်း သူတို့နားမှ ထထွက် ခဲ့ရပါတော့သည်။

ယခုတော့ ဒေါ်မျိုးခင်ချစ်၊ မသက်ဆွေ- မိုင်ပေါင်းများစွာ ဝေး သော ဒေသ ရောက်သွားပါပြီ။ လွန်ခဲ့သော ဆယ်နှစ်က တစ် ခေါက်ရောက် ပြီးသား မို့ လည်စရာ ပတ်စရာ ကြည့်စရာ ရှုစရာတွေ မသွားဘဲ ရသမျှ အချိန်လေး ငယ် စဉ်ကလို အိမ်ထဲမှာ တစ်စု တစ် ဝေး တည်း နေချင်သည်ဟု ဆို သည်။

ကျယ်ဝန်းသော နိုင်ငံထဲမှာ တစ်မြို့မှ တစ်မြို့ တစ်ယောက် တည်းလည်း သွားမဖြစ်၊ ပို့မယ့်လူ နှင့် ကြိုမယ့်လူ ညှိရသေးသည် မို့ သူ့မြစ်ဦးလေး ကိုစစ်နိုင်ကို သူ မချီရသေး၊ မပွေ့ဖက်ရသေး။ မောင်ဆွေဟိန်း နဲ့ ချမ်းငြိမ်းဇော်၊ မြေးမောင်နှမ မွေးစက လက်က မချခဲ့သော အဖွား အခု မြစ်ကလေး ကို ချီချင်လှပြီ၊ ချီခွင့်မရသေး။

လူ့စိတ် ဆိုတာလည်း ခက် သား၊ တစ်ပတ် ဆယ်ရက်၊ ရက် နှစ်ဆယ် ရှိသောအခါ မသက်ဆွေ တစ်ယောက် ကိုယ့်ပြည် ကိုယ့်မြေ ပြန်ချင်ရှာပြီ။ မြစ်လေးကို တွေ့ရ၊ ပွေ့ရပြီးရင် ပြန်လာတော့မည်ဟု ဆိုသည်။ အသက် အရွယ်အရ ကျန်းမာရေးအရ ခရီး ရှည် လေ ယာဉ်စီး၍ မဖြစ်သော မတ်တော် မောင်နှင့် ညီမကို ဒီရောက်တော့ လည်း တွေ့ချင်ပေဦးမည်။

အညာသားပီပီ ရှေးရိုးဆန် သည်ဟု ဆိုချင်ဆို၊ ကျွန်တော်က တော့ ကိုယ့်မြေထဲမှာသာ နေချင် သည်။ ငယ်သူ ရွယ်သူတို့ ရေကြည် ရာ မြက်နုရာ သွားကြလာကြတာ မပြောလိုပါ။

တရားမရှိဘူးဘဲ ဆိုချင်ဆိုကြ စေ။ အသက်အရွယ် လေးရ၊ ကျန်း မာရေးသင့်ချိန် ကိုယ့်ပြည် ကိုယ့် မြေကို ပြန်လာကြစေချင်သည်။

သည်လိုအတွေးတွေ တစ် ထွေးတစ်ပိုက်ကို စာရွက် ပေါ်ချရေး နေခိုက် တယ်လီဖုန်းက အသံမြည် လာသည်။

မသက်ဆွေဆီက ဗိုင်ဘာနဲ့ ဆက်တာပါ။ နေကောင်းကြသလား မြန်မာနိုင်ငံ သင်္ကြန်ပွဲ ဘယ်လိုလဲ ပေါ့။

ရန်ကုန်သင်္ကြန် ကတော့ တိုင်း ဒေသကြီး အစိုးရပြောထားသလို ကန့်သတ်ချက်တွေ အတိုင်း ကျင်းပ မယ်လို့ ကြားရကြောင်းပြောလိုက် ရသည်။

မိုးရွာလား၊ ပိတောက်တွေ ပွင့်လားဆိုတဲ့ မေးခွန်းလည်း မိုး ရိပ်လေးတွေ တွေ့ရကြောင်း၊ ပိ တောက်ဖူးလေးတွေ မတွေ့ ရသေး ကြောင်း ပြောရပါသည်။ ပိတောက် တွေ လှိုင်လှိုင်ပွင့်နေပြီ ပြောရင် Oak Tree တွေ Old Pine Tree  တွေကို ငယ်ကလို မချစ်တော့ဘဲ ပြန်ပြေးလာမှာလည်း စိုးရသေး ရဲ့။

သူစိတ်ဆိုးအောင် စချင်တာ မို့ ဆရာရန်နိုင်ဆွေ ရေးခဲ့တဲ့ ‘ငယ် ကျွမ်းဆွေ’ သီချင်းကို ဒီဘက်က ဖွင့်ပြလိုက်မိသည်။

”ပန်းပိတောက်ရွှေဝါxအဖူး အပွင့်တွေနဲ့ အထူးတင့်ပါဘိ တန် ခူးချိန်ခါဝယ် xxx ရာသီမိဿရယ် x စိတြကြယ် ထွန်းလင်းလို့ရယ်xxx”

အဝေးရောက် မသက်ဆွေ က မကျေနပ်။ ”ပိတောက်ကို လွမ်းအောင် မလုပ်နဲ့” ဟု ဟို တစ် ဖက်က လှမ်းအော် ပြောသည်။

”ကောင်းပြီ၊ ကောင်းပြီ အမြူး လေး နားထောင်” ဟု ဆိုကာ ဗိုလ် ကလေးဦးတင့်အောင်ရဲ့ ငယ် လက်ရာကို ဖွင့်ပြလိုက်ရသည်။

”နှစ်သစ်ကူးမို့ ချစ်ဦးကိုရှာဖွေx ဘယ်ရပ်ဌာနေ ဘယ်ဆီများသွား ပါလိမ့်x နေစိမ့်တဲ့သူရေx ပန်းပိ တောက်ဝါတွေx ပန်းပိတောက် ဝါ တွေ x ရွှေရည်လူး ဖူးပွင့်ခဲ့ပြီလေ xx နှစ်သစ်ချစ်ဦးရေ xနှစ်သစ်ချစ်ဦး ရေx မောင်ခေါ်ရင် မယ်ထူးစေxx မယ်ခေါ်ရင် မောင်ထူး ပါမယ်လေ xx” ဟူသော သီချင်း  ဖွင့်ပြလိုက် သောအခါ

လောကဓာတ် သိပ္ပံထွန်းကား သော ဗိုင်ဘာဆက်သွယ်မှု ကြောင့် လား၊ သူ့စိတ်ခံစားမှု ကြောင့်လား မသိ။ ဆက်သွယ်မှု အသံဖြတ်ပြီး Viber Out  ဟူသော စာလုံးသာ ပေါ်ထွက်လို့ လာပါတော့သည်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*