ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း
April 28, 2017 Asian Fame

1:56 pm
ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

Wyneဧပြီလ ၂၉ ရက်တွင် ရုပ်ရှင် ဆင်ဆာဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်တော့မည်ဖြစ်သည်။ ရုပ်ရှင် ဆင်ဆာနှင့်ပတ်သက်၍ ကြုံတွေ့ ရသော အခက်အခဲ များကိုလည်း အနုပညာရှင်များ မကြာခဏထုတ် ဖော်ပြောကြားမှုများရှိသလို ဆင်ဆာ ရှိမှသာ အပြန်အလှန် ထိန်းကျောင်း နိုင်မည် ဟု ဝေဖန်မှုများလည်း ရှိ နေသည်။ ထို့ကြောင့် ရုပ်ရှင် ဆင် ဆာနှင့်ပတ်သက်၍ လတ်တလော ကြုံတွေ့နေရသော အခြေအနေ များကို ဒါရိုက်တာဝိုင်းအား တွေ့ ဆုံမေးမြန်းခဲ့ပါသည်။

အခုလတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှု အတွက် ဆင်ဆာ အပိုင်း နဲ့ပတ်သက်ပြီး အများဆုံးကြုံရတဲ့ ပြဿနာကို အရင် ဆုံး ပြောပြပေး ပါရှင့်။

အရင်ဆုံး ဇာတ်လမ်းခွင့်ပြု ချက်တင်ရတယ်။ အဲဒါတင်ပြီးမှ ရိုက်ကူးလို့ရတယ်။ ရိုက်ကူးပြီးမှ ဆင်ဆာပြန်ပြရတယ်။ အဲဒီအခါ ကျရင် သူတို့ စည်းကမ်းနဲ့ မကိုက် ညီရင် ဖြတ်တောက်မှုတွေလုပ် တယ်။ အဲဒီလိုဖြတ်တောက်တဲ့အခါ ကျတော့ အဆက်တွေလိုတာ ပို တာတွေ ရှိလာတာ လည်းရှိမယ်။ အဲဒီလိုကြုံလာရင် အခက်အခဲ တော့ရှိတာပေါ့။ ဇာတ်လမ်း သဘောသဘာဝအရ အနှစ်သာရ ရသပေးစွမ်း မှုတွေ ပေါ့သွားတာ မျိုးတွေလည်း ရှိကောင်းရှိမယ်။  အဲဒီအတွက် ကျွန်တော်ကတော့ အခက်ခဲ သိပ်မရှိဘူး။ ဒါပေမယ့် ပြဿနာက ဘာလဲ ဆိုတော့ တစ် ခါတရံမှာ အဲဒီဆင်ဆာက ပြဋ္ဌာန်း တဲ့ စည်းကမ်းခြောက်ချက်နဲ့ မဆိုင် တဲ့ဟာတွေနဲ့ ပတ်သက်ပြီးထောက် လာ ရင်တော့ အခက်အခဲတော် တော်ဖြစ်တယ်။ အစ်ကိုကတော့ရ အောင်လုပ်တယ်။ ရတာလည်း များပါတယ်။ သူတို့ပြဋ္ဌာန်းတဲ့ အချက်တွေကို လိုက်နာပြီးတော့ ဇာတ်ကိုတည်တယ်။ မဆိုင်ဘဲ ကိုယ့်ဟာကိုယ် တာဝန်ယူရတဲ့ အပိုင်းတွေကို ဖြတ်တောက်ဖို့ ညွှန် ကြားလာရင် တော်တော်ကိုအခက် အခဲဖြစ်တယ်။ ခဏခဏလည်း သွားပြီးဖြေရှင်းရတယ်။ ကိုယ်က ကိုယ်ဖန်တီးချင်တာကို သေချာ ရှင်းပြနိုင်ဖို့ လိုအပ်တယ်။

ဆင်ဆာစည်းကမ်း သတ်မှတ်ချက် ၁ဝ ချက်ကနေ ၆ ချက် အထိလျှော့ ပေးပြီးတဲ့နောက် အဲဒီဘောင်အတွင်း ရိုက်ဖို့ အနုပညာ ရှင်တွေ ဘက်က အခက်အခဲတွေရှိနေသေးလားရှင့်။

အနုပညာရှင်တွေ ဘက်ကနေ လည်း အကုန်လုံး ဒီအလုပ်လုပ်တာ ဖြစ်တဲ့အတွက်ဆင်ဆာဆိုတဲ့အရာ ကို နားလည်ဖို့လိုတယ်။ ကိုယ့်နိုင်ငံ မှာပြဋ္ဌာန်းတဲ့ ဒီစည်းကမ်းထိန်း ချုပ်မှု ဘောင်တစ်ခုကို သိဖို့နား လည် သဘောပေါက်ဖို့ လိုအပ် တယ်။ တင်းကျပ်ထားတဲ့ ဆင်ဆာ အချက်၁ဝ ချက်မှာ နိုင်ငံရေး၊ ဘာ သာရေး၊ တိုင်းရင်းသား ချစ်ကြည် ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်း သိမ်းရေး၊ ရက်စက် ကြမ်းကြုတ်မှု များပါဝင်မှု  မရှိစေရေး၊ ကာမဆိုင် ရာ လှုံ့ဆော်မှုများ ပါဝင်မှုမရှိစေ ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန် ရေး၊ ရာဇဝတ်မှု ပပျောက်ရေး၊ ညစ်ညမ်းမှု ကင်းရှင်းရေး၊ ကလေး သူငယ်အရေး အဲဒါတွေပါတယ်။ အဲဒီမှာမှ ၆ ချက်ပဲ ကျန်တယ်။  အဲဒီ ၆ ချက်ကို လိုက်နာပြီးတော့ စည်းစနစ်ကျကျ ရိုက်ကူးမယ်ဆို ရင်တော့ အဆင်ပြေတယ်။ ဒါပေ မယ့် အနုပညာကို ပြသတဲ့အခါမှာ လွတ်လပ် စွာပြသ ချင်တယ်။ ပဋိ ပက္ခဖြစ်စေမယ့်အရာကို ဦးဆောင် ညွှန်ကြားတဲ့ လူတစ်ယောက် အနေ နဲ့မထည့်သွင်းမိဖို့ သဘောပေါက် နားလည်ဖို့ လိုတယ်။ ဘောင်တစ်ခုနဲ့ အလုပ်လုပ်ရတာ ကောင်းတာရှိ သလို အဆင်မပြေတဲ့အပိုင်းလည်း ရှိတာပေါ့။

အခုလက်ရှိ ဆင်ဆာတင်တဲ့ အပိုင်း ကလုံးဝ အဆင်မပြေဘူး လို့ ဆိုလို တာလားရှင့်။

ဒမ်မီအကြမ်း အနေနဲ့ တင် တာများပါတယ်။ ဒမ်မီအကြမ်း နဲ့တင်ပြီးရင် ပြန်ပြင်ကြတာပဲ။ ဘယ် လောက်ပြောပြော ပြောလို့လည်း မရပါဘူး။ ဒါကိုပြန်ကြားရေး ဝန်ကြီး ဌာနအနေနဲ့ သေချာချာမတားမြစ် နိုင်ဘူး။ ဘယ်လိုတားမြစ်ရမလဲ ဆိုတာ အဖြေတစ်ခုထုတ် ဖို့သင့်ပြီ။

ဆင်ဆာပိုင်းက တားမြစ်တာထက် အနုပညာရှင်တွေ ဘက်က စည်း ကမ်းလိုက်နာဖို့လည်း အရေးကြီး မယ်ထင်တယ်။

အနုပညာရှင်တွေ ဘက်က လည်း တိကျမှန်ကန်ဖို့၊  စည်းကမ်း လိုက်နာဖို့ အလွန် အရေးကြီးပါ တယ်။ စည်းကမ်းရှိမှတိုးတက်မယ့် ကိစ္စမှာ ဒီလိုခဏခဏ လုပ်လို့မ ကောင်းဘူး။ အခု အကြည်ဓာတ် လေး ဖမ်းမိနေတဲ့ အချိန်မှာ အားလုံး ပြောင်းလဲပြီး တိုးတက်အောင် တလောကလုံး က ပါဝင်လုပ်ဆောင် မှရမယ်။ ခေါင်းဆောင်ပဲ လုပ်လို့ မရဘူး။ ဒီအသိုင်းအဝိုင်းက လူ တစ်ယောက် လူနှစ်ယောက်နဲ့ ဖွဲ့ စည်းထားတာ မဟုတ်ဘူး။ အားလုံး သော လောကသားတွေ စုပေါင်း လုပ်ကိုင်ဖို့ လိုတယ်။ စုပေါင်းလုပ် မယ်ဆို ပရမ်းပတာတွေ မဖြစ် တော့ဘူးပေါ့။

ဆင်ဆာဆိုင်ရာ စည်းကမ်းတွေ မလိုက်နာတဲ့ အတွက် ဘယ်လို ဆိုးကျိုးမျိုးတွေဖြစ်လာနိုင်ပါသလဲ။

အဓိကအရေးကြီးတာက ဆင် ဆာကျပြီးမှ ပြန်ပြင်နေတဲ့ ဟာဘာ လဲဆိုတော့ ဆင်ဆာမိနိုင်တဲ့ဟာ တွေကို ဖြုတ်ပြီး ပြန်တပ်လို့ရတယ်။ အဲဒါပြဿနာ တက်နိုင်တယ်။ တစ် ချိန်ချိန်မှာ လူမျိုးရေး၊ ဘာသာရေး နဲ့ပတ်သက်ပြီး ထိခိုက်နိုင်မယ့်ဟာ တွေ ဆင်ဆာပြုတ် ပြီး ပြန်ပါလာခဲ့ ရင် ရှင်းရခက်လိမ့်မယ်။ ရုပ်ရှင် ကြည့်တဲ့ ပရိသတ်တွေကိုရောပဲ။ ရှေ့မှာလည်း အဲဒီလိုလုပ်သွား တာရှိခဲ့ဖူးတယ်။ ဆင်ဆာဖွဲ့ အနေနဲ့ ဒါကိုဘယ်လို စည်းကြပ်မလဲ။ ဆင် ဆာက စည်းကြပ်လိုက်ရင် ကိုယ် တိုင်ကရော ဘယ်လောက် လိုက် နာမလဲ ဘယ်လောက် အရေးထား မလဲ အရေးကြီးတယ်။  ထိရောက် စွာအရေးယူဖို့ လိုအပ်တယ်ဆိုပေ မယ့် အခုက ဇာတ်လမ်း မတင်ဘဲ နဲ့ တောင် ဇာတ်ကားထွက်ရိုက်နေ တာလည်းရှိတာပဲ။ ဥက္ကဋ္ဌက ဝန် ကြီးရှေ့မှာပြောခဲ့တာပဲ။ ဘယ်သူ က အရေးယူလို့လဲ။

DCP (Digital Cinema Package)  ဘက်ကို ကူးပြောင်းနိုင်မယ်ဆို ဒါ တွေလျော့သွားမယ်လို့ ယုံကြည် ထားလား။

ဒီဘက်ခေတ်မှာ သုံးလို့ရတဲ့ ခေတ်မီ နည်းစနစ်တွေ အများကြီး။ သို့သော်လည်း တကယ့်တကယ် အဆင့်မီဖို့ လိုတယ်။ အခု ရုပ်ရှင် ရုံမှာပြနေတဲ့ ရုပ်ရှင်တွေ ဆင် ဆာကတ်တစ်ခုမှမပါဘူး။ ဆင်ဆာ ကတ်မထည့်ထားမှတော့ ကျွန် တော်တို့က ဘာကိစ္စ ဆင်ဆာ တင် နေရ တော့မှာလဲ မေးစရာတွေဖြစ် လာပြီ။ DCP (Digital Cinema Package) စနစ်မှာ အရေးကြီးတာ က ဘာလဲဆိုတော့ ရုပ်ရှင် သမား တွေက ဇာတ်ကားတွေကို ဆင်ဆာ တင်တယ်ပေါ့။ဆင်ဆာမှာ အရည် အသွေးစစ်တဲ့ စက်ကြီးတပ်ဖို့အ တွက်ပါ။ အဲ့ဒီလိုတပ်ရင် လိမ်တာ တွေ အကုန်ပေါ်ကုန်မှာ။ ကျွန် တော်တို့ တိုင်းပြည်မှာ ဆင်ဆာ စံချိန်ကိုက် ဆိုပြီးတော့ DCP (Digital Cinema Package) နဲ့ တစ်နိုင်ငံလုံး ကိုပြဖို့ သဘောတူပါ တယ်ဆိုပြီး ၂ဝ၁၂ ခုနှစ်က အ စည်းအဝေးတွေ လုပ်ကြပြီး ၂ဝ၁၅ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းပြည် က လက်မှတ်ထိုးခဲ့ပါတယ်။ အဲ့ဒီလို လက်မှတ်ထိုးထားပေမယ့် DCP အဆင့်နဲ့ တစ်ကားမှ ဆင်ဆာတက် မလာဘူး။ အဲ့ဒီတော့ DCP ဟာ DCI (Digital Cinema Interface) အပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက် အသံက ၅ ဒသမ ၁ ဖြစ်ရမယ်။ အရုပ်က ၄ု ဖြစ်ရမယ်။ အဲ့ဒီလို အနိမ့်ဆုံး သတ်မှတ်ချက် စံတွေက ၁၂ဝ လောက်ရှိပါတယ်။ ကိုယ့် ရုပ်ရှင်လောကကိုလည်း စည်းနဲ့ ကမ်းနဲ့ဖြစ်အောင်လုပ်မှာပဲ။ ယာယီ အခြေအနေမှာတော့ အားလုံးခံရ မှာပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်လောက ကောင်းစားဖို့ အတွက် နည်းနည်း တော့ အနစ်နာခံ ကြရမှာပဲ။

ဆင်ဆာနဲ့ ပတ်သက်ပြီး၂၉ရက်နေ့ မှာပြုလုပ်မယ့် ဆင်ဆာ နဲ့ပတ်သတ် တဲ့ အစည်းအဝေး နဲ့ပတ်သက်ပြီး အကြို သုံးသပ်ပေး ပါဦးရှင့်။

၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ပွဲမှာ ပွင့်လင်းမြင်သာမှု ရှိမယ်လို့ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အစ်ကိုတို့လောက ကလူတွေက ဣနြေ္ဒတွေ များပါတယ်။ အဲဒီ အစည်းအဝေးမှာ ဆင်ဆာဘက် ကတော့ ပြင်ဆင်လာမယ် ကိုယ့် ဘက်က လူတွေကရော ဘယ် လောက်ပြင်ဆင်ထားလဲ ဆိုတာ အစ်ကို ကတော့ အများကြီး မထင် ထားပါဘူး။ ကိုယ့်ဘက်က လူတွေ က ကိုယ့်ရဲ့လောက ကြုံတွေ့နေရတဲ့ အခက်အခဲကို တဖက်လူနား လည် သဘောပေါက်အောင် အပြု သဘောဆောင်တဲ့ တင်ပြချက်တွေ တင်ပြနိုင်မလား စိုးရိမ်တယ်။ ဆင် ဆာအဖွဲ့ကတော့ ပြင်ဆင်ထားပြီး သား။ သူတို့ ဘာကြောင့်ဖြတ်ရတယ် သူတို့ဘာကြောင့် လုပ်ရတဲ့ အချက် အလက်တွေ ကရှိပြီးသား။ ဒါကို ကိုယ်တွေဘက်က လိမ္မာပါးနပ်စွာ ဘယ်လို တုံ့ပြန်ဖြေရှင်းပြီး ဘယ်လို နားလည် သဘောပေါက်အောင် လုပ်မလဲ အရေးကြီးတယ်။

ထူးထူး မေးမြန်းတင်ဆက်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*