ခေါနုစုမ်တောင်ခြေက ရှိုက်မောသံ

ခေါနုစုမ်တောင်ခြေက ရှိုက်မောသံ
April 28, 2017 Asian Fame

11:16 am
ခေါနုစုမ်တောင်ခြေက ရှိုက်မောသံ

U-Min-(2)လွယ်ပါတယ်ကွာ ဆိုတဲ့စကား တစ်လုံးကို လွယ်လွယ်ပြောလို့ ရ ပေမယ့် တကယ် လက်တွေ့လုပ် ကိုင်ကြည့်ရင်တော့ မလွယ်တာ ကို တွေ့ရပါလိမ့်မယ်။ အဲဒီလိုပါပဲ ဂျဲန်ဒါ  Gender  ဆိုတဲ့ စကားလုံးက ဘယ်လို ဘယ်အရာကို ခေါ်တယ် ဘာတွေ အကျုံးဝင်တယ်လို့ ပြော ကြရေးကြ ဆွေးနွေးကြပေမယ့်  တကယ် လက်တွေ့မှာ ထဲထဲဝင် ဝင်လိုက်စားကြည့်တဲ့ အခါ တကယ့် ကို နူးညံ့ သိမ်မွေ့တာကို တွေ့ရပါ လိမ့်မယ်။

နောက်စကားလုံး တစ်လုံးဖြစ် တဲ့ Gender Based Violence  ဆို တာကိုထပ်ပြီး စေ့ငုကြည့်ရင် ကျား မရေးရာ (ဂျဲန်ဒါ) အခြေခံ ပြီး ဖြစ် ပေါ်လာတဲ့ အကြမ်းဖက်မှု (ကျားမ ခွဲခြား၍ အကြမ်းဖက်မှု) စသဖြင့် ပြောနေကြတာကို တွေ့ရပါတယ်။ လွယ်လွယ် ပြောရရင် အိမ် တစ်အိမ် မှာ ယောက်ျားက ကြီးစိုးထားပြီး မိန်းမသား အပေါ် အကြမ်းဖက်မှု တွေဖြစ်နေသလား ဆိုတဲ့ မေးခွန်း နဲ့စတတ် ကြပါ တယ်။ ယောက်ျား ကဖြစ်စေ တချို့ အခြေအနေမှာ မိန်းမကဖြစ်စေ ဂျဲန်ဒါ ကွဲပြားမှု ပေါ် အခြေပြုပြီး အကြမ်းဖက်တာ ကိုဆိုလိုတာပါ။ ဒီအကြမ်းဖက်မှု တွေကို ထပ် အသေးစိတ်ခွဲရရင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ် ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွား ရေးဆိုင်ရာ အကြမ်းဖက်မှုနဲ့ အန္တ ရာယ်ရှိသော မိရိုးဖလာ ထုံးထမ်း စဉ်လာ အကြမ်းဖက်မှု ဆိုတာတွေ ကို တွေ့ရပါတယ်။

ဒီလို ဂျဲန်ဒါ ခွဲခြား ဆက်ဆံတာ ကိုဘယ်ကစသလဲ ဆိုရင် ဓလေ့ထုံး တမ်းစဉ်လာတွေကပဲ စတာကို တွေ့ရတယ်။ ဒါကတော့ မိန်းက လေးနဲ့ သက်ဆိုင်တယ်။ ဒါကတော့ ယောက်ျားလေး တွေပဲ ကျင့်သုံး သင့်တယ်။ မိန်းကလေးတွေက ယောက်ျားတွေလောက် မမြတ်ဘူး။ ဝင်ငွေမရှာနိုင်ဘူး။ အိမ်မှုကိစ္စတွေ ကို လုပ်ရမယ့် တာဝန်ရှိတယ် စသ ဖြင့် အခြေအနေ တစ်ရပ်ခွဲခြားပစ် လိုက်ပါတယ်။ အဲဒီလို သတ်မှတ် ချက်တွေကပဲ စောစောက အကြမ်း ဖက်မှုတွေကို အားပေးရာ ရောက် ပါတော့တယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက် လို့ ရေးသား ဖော်ပြကြရာမှာ လင် ယောက်ျားက အနိုင်ကျင့်လို့ လူ့အ ခွင့်အရေး ဆုံးရှုံးနေကြရတာ၊ ဒဏ် ရာ အနာတရ ဖြစ်တာ၊ လိင်မှုဆိုင် ရာစော်ကား ခံရတာတွေ၊ သက်ငယ် မုဒိမ်းမှုစတာတွေကို ဖော်ထုတ်ရေး သားကြတာကို အများ ဆုံး တွေ့ရပါ တယ်။ တကယ်တော့ ဂျဲန်ဒါမှာ သိမ်မွေ့နူးညံ့တဲ့ ယူဆချက်တွေ၊ ဖြစ်ပေါ်နေမှုတွေ ရှိနေတာကိုတွေ့ ရပါတယ်။ တချို့ အကြောင်းအရာ တွေက ဥပဒေနဲ့ တားဆီး ကာကွယ် လို့ ရကောင်း ရနိုင်ပေမယ့် အချို့ သော ဓလေ့ထုံးတမ်း စဉ်လာကို ကျော်လွှားဖို့ ဆိုတာကိုတော့ အ ချိန်ပေးပြီး လုပ်ဆောင်ရမယ့် အရာ ဖြစ်နေပါတယ်။

ဥပမာ တစ်ခုကို ပြရမယ်ဆိုရင် မကွေးတိုင်းနဲ့ နယ်မြေခြင်း ထိစပ် နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့က ဒေါ်ထန်းတီးဟာ ချိုချင်းတိုင်းရင်း သူတစ်ယောက်ပါ။ သူမဟာ အ သက်အရွယ် အားဖြင့် ငါးဆယ် ကျော် ခြောက်ဆယ် ဝန်းကျင်ကို ရောက်နေပါပြီ။ သူမဟာ ချိုချင်း ဓလေ့ထုံးတမ်းစဉ်လာတွေ အရ မိသားစုမှာ အကြီးဆုံး မိန်းကလေး ဖြစ်တဲ့အတွက် ကျောင်းပညာ မသင် ကြားခဲ့ရဘူးလို့ ပြောပါတယ်။

”တခြား အစ်ကိုအစ်မတွေ ဆို ရင်ပညာသင်ကြား ခွင့်ရတယ်။ ဘွဲ့ ရပညာတတ်တွေ အများကြီးပဲ။ ကျွန်မတို့မှာသာ ပညာသင်ကြား ခွင့်မရတာ။ အဖေတို့အမေတို့ ဘယ်လိုပြောလဲဆိုတော့ မိန်းက လေးဆိုတာ အိမ်ထောင် ကျပြီးရင် ယောက်ျားလေး နောက် လိုက်သွား ရတယ်။ အခုလိုမျိုး အချိန်တွေမှာပဲ မိဘကိုပြန်ပြီးတော့ စောင့်ရှောက် ရတာ၊ ယောက်ျား ယူပြီးလို့ အိမ် ထောင်ကျသွားရင် တခြား မိသားစု ထဲမှာပဲ ရောက်သွားတာ။ အဲဒီလို ဆိုဆုံးမမှုတွေက ကိုယ်ကသမီးအ ရင်းဖြစ်ပေမယ်လို့ ဧည့်သည်အ ဖြစ်နဲ့ နေရပါလားလို့ ခံစားရ တယ်” ပြောပါတယ်။

ချင်းရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေက အမွေဆက်ခံ ပိုင်ခွင့်မှာ ယောက်ျားလေး အတွက် အလေး သာနေ တတ်ပါတယ်။ မိဘရဲ့လက် ငုတ် ယာမြေတွေ လယ်တွေကို ယောက်ျားလေး ဖြစ်သူက ဆက်ခံရ ပြီးမိန်းကလေးတွေ အနေနဲ့ အိမ် ထောင်ပြုတဲ့အခါ အိမ်ထောင်ရှင် လင်ယောက်ျားက ရှာကျွေးမှာပဲ ဆိုပြီး အမွေရလေ့ မရှိပါဘူး၊ ဒီအ ခြေအနေထဲမှာမှ ပညာသင်ခွင့်ကို ပါ ဆုံးရှုံးလိုက်ရပြီ ဆိုတော့ ပညာ မသင်ရတဲ့ အမျိုးသမီးတွေအဖို့ အ မွေမခံစားရတာ တင်သာမက ဒေသ ဖွံ့ဖြိုးမှုတွေပါ ထိခိုက်နစ်နာရတယ် လို့ အငြိမ်းစား ချိုချင်းအမျိုးသမီး ကျောင်းဆရာမ တစ်ဦးဖြစ်တဲ့ ချို ချင်းအမျိုးသမီးများအဖွဲ့မှာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နေတဲ့ ဒေါ်ခိုင်လီက အခုလိုပြောပါတယ်။

”ဒီချင်းတောင်ဒေသ လမ်း ပန်းဆက်သွယ်ရေး မကောင်းတဲ့ အခါကျတော့၊ တစ်ရွာနဲ့တစ်ရွာ တောင်မှ အတွေ့အထိ နည်းတယ်။ အဲဒါကြောင့် လူထုဟာ မွေးက တည်းက သေတဲ့အထိ ဒီနေရာဒီ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးမှာပဲ အသက်ရှင် ရတယ်ဆိုတော့ အထူး သဖြင့် အမျိုးသမီး ထုတွေဟာ တောင်ယာမှာနဲ့ မီးဖိုချောင်မှာပဲ အချိန် ကုန်ရတယ်။ အဲဒါကြောင့် အသိပညာဗဟုသုတတွေ မရှိတဲ့ အခါကျတော့ အမျိုးသားတွေနဲ့ ဒိုးတူပေါင်ဖက် ဘာမှ မလုပ်နိုင်ကြ တော့ဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာမှပါဝင်မှု မရှိဘူး၊ သူ တို့နဲ့ မဆိုင်သလိုဘဲ အထားခံရတဲ့ အတိုင်းနေကြတယ် ဆိုတော့ ကျွန်မ တို့ဒေသဟာ ထက်ဝက်လောက် ရှိတဲ့ အမျိုးသမီးထုရဲ့ ပါဝင်လှုပ်ရှား မှုမရှိလို့ ဒေသခံတွေဟာ အခုအ ချိန်မှာ  နိုင်ငံတွင်း အဆင်းရဲဆုံး ပြည်နယ်ထဲမှာမှ အဆင်းရဲဆုံး မြို့ နယ် အနေ နဲ့ရပ်တည်နေရတယ် ဆိုတာ ကျွန်မတို့ အမျိုးသမီးထု တွေရဲ့ ပညာအားနည်းတဲ့အတွက် ကြောင့် ဖြစ်တယ် ဆိုတာ ကျွန်မ တို့ လေ့လာတွေ့ရှိရတယ်”လို့ ကောက် ချက်ချ ပြောဆိုပါတယ်။

ဒါပေမယ့် ဒီအဆိုနဲ့ပတ်သက် ပြီးတော့ ဒေါ်ခိုင်လီနဲ့ အသက်အ ရွယ်အရကွာခြားပြီး ခေတ်သမီးပျို လည်းဖြစ်၊ ချိုချင်း အမျိုးသမီးအဖွဲ့ ကို ဦးဆောင်ပေးနေသူ ကတော့ ပညာမသင်ကြားရလို့ဆိုတာကို သဘောမတူဘူးလို့ ပြောပါတယ်။ အခုလက်ရှိ အခြေအနေအရ ပညာ သင်ကြားခွင့်တွေက တန်းတူ လိုရရှိနေပြီး အဓိက အခြေခံကျတဲ့ အမျိုးသမီးထု အပေါ် ယောက်ျား တွေက လွှမ်းမိုးနေတာဟာ စီးပွား ရေးက အခြေခံ ကျတယ်လို့ ဆို လာပါတယ်။

တကယ်တော့ ကျားမတန်း တူညီမျှရေး အပေါ်မှာ အခြေခံကျ တဲ့အကြောင်းအရာ က ပညာရေး လို့တော့ မမြင်ဘူး လို့ပြော ပါတယ်။ ဒေါ်ထန်းတီး တို့ ခေတ်အခါ အခြေ အနေနဲ့ ပညာမသင်ရတာနဲ့ ဆိုင် ကောင်းဆိုင် နိုင်ပါလိမ့်မယ်။ ဒါပေ မယ့်လက်ရှိ အခြေအနေ ကိုပြန် ကြည့်မယ်ဆိုရင် အမျိုးသမီးတိုင်း စာသင် ကြားနေရတယ်။ မိဘတွေ ကလည်း သားသမီးတိုင်းကို သူ ဥာဏ်မီ သလောက် ကျောင်းထား ပေးပါတယ်။

တစ်ခုရှိတာက စီးပွား ဖွံ့ဖြိုးမှု က အဓိကကျတယ်လို့ သူမ ထင် မြင် ယူဆကြောင်း ပြောပါတယ်။ စီးပွားရေး အဆင် မပြေတဲ့ အခါ ကျောင်းနုတ်ရမယ့် အနေအထား ဖြစ်လာပါတယ်။ မြို့ပေါ်ကိုကျောင်း လာတက်တယ် ဆိုရင် စားစရိတ် တွေ တစ်နှစ်ဘယ်လောက် ကုန်တယ်၊ ရွာမှာ ရှစ်တန်းအောင်တယ်၊ ကိုး တန်းကို မြို့ပေါ်မှာ ကျောင်းတက်ရ မယ်။ ဒီမှာမိဘတွေက တစ်လကို စားစရိတ် ဘယ်လောက်၊ တစ်နှစ် ကိုဘယ်လောက်၊ ကမ့်(စခန်း)သွင်းတယ်ဆိုရင် ဘယ်လောက်ဆို တဲ့ ဝန်ဆောင်မှု မျိုးတွေက အများ ကြီး လိုအပ်လာတယ် လို့ ဆိုပါတယ်။ အဲဒီလိုမျိုး မပေးနိုင်တဲ့ အခါတွေမှာ သားရယ် သမီးရယ် မဟုတ်ဘဲနဲ့ ဆယ်တန်းအောင်တဲ့ အထိ တက္က သိုလ်ပညာသင်ကြား နိုင်တဲ့အထိ မတတ်နိုင်တော့ဘဲ အခက်အခဲ တွေနဲ့ ရင်ဆိုင် လာကြရပါတယ်။ မင်းတပ်မြို့မှာ ဆယ်တန်းအောင် ရင် ပခုက္ကူတို့၊ မန္တလေး၊ ရန်ကုန် တို့မှာ နေ့ကျောင်း သွားတက်ဖို့ ဆိုတာ ခက်ခဲသွားရတယ်။ ဒါဟာ တကယ်တော့ အမှန်တကယ် စီးပွား မဖွံ့ဖြိုးလို့၊ မိသားစုတိုင်း မိသား စုတိုင်းမှာ လုံလောက်သော လူနေ မှုဘဝရဖို့ ရှိနိုင်ဖို့အတွက် စီးပွား ဖွံ့ဖြိုးမှုလိုအပ်ပါတယ်။

ဒီလို အခြေအနေမျိုး တွေမှာ ကြုံတွေ့နေရတဲ့ အိမ်တွင်းအကြမ်း ဖက်မှုတွေ ဘာကြောင့် ပိုများသလဲ ဆိုရင် အမျိုးသမီးတွေမှာ ဒေသ ဓလေ့အရ အကြမ်းဖက် ခံရတယ် လို့ သူမမြင်ဘဲ စီးပွားရေး အရလို့ သူမမြင်ကြောင်း ဆက်ပြောပါတယ်။

”အမျိုးသားတွေက ဝင်ငွေ အရှိဆုံးပါ၊ အမျိုးသမီးတွေ က ဝင် ငွေမရှိဘူး၊ တစ်နှစ်လုံးနေလို့ ဝင် ငွေ တစ်ထောင် တောင် မရတဲ့သူ တွေ ရှိတယ်။ တကယ်လို့မိသားစု မှာ ဝါးဥစိုက်လို့ ရောင်းရရင် တောင်မှ အမျိုးသမီးရဲ့ လက်ထဲ ပိုက်ဆံမရောက်ဘူး။ တကယ်လို့ ဝက်တွေ ကြက်တွေ မွေးခဲ့ရင် တောင်မှ ငွေကြေးပိုင်းမှာ ကျ ငွေ ကြေးစီမံခန့်ခွဲမှုကို အမျိုးသမီးတွေ ရဲ့ ဦးဆောင် ကဏ္ဍလုံးဝ မရှိဘူး” လို့ ဒေါ်ခင်ဝင်းရီက ပြောပါတယ်။

တကယ်တော့ ချင်းပြည်နယ် ရဲ့ အဓိက သယံဇာတဟာ မြေကြီး ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် စိုက် စိုက် ဒီမြေကြီးပေါ်မှာပဲ။ ကြက်ဝက် မွေး ရင်တောင် မြေကြီး လိုအပ်ပါ တယ်။ ဒါပေမယ့် တကယ်မြေကို ပိုင်ဆိုင်ခွင့် ရသူတွေဟာ သား ယောက်ျားလေး တွေ ပဲ ဖြစ်နေတာ ကိုတွေ့ရပါတယ်။ သားယောက်ျား၊ မြေးယောက်ျားလေးတွေသာ အမွေ ဆက်ခံရပါတယ်။ မိန်းကလေးတွေ အဖို့ကတော့ သားယောက်ျားလေး မရှိတဲ့အခါကျမှ ဆက်ခံရတာမျိုး ဖြစ်နေလေတော့ ချင်းပြည်နယ် ရဲ့ စီးပွားရေးမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍ မရှိတာကို လေ့လာ တွေ့ရှိရပါတယ်။

”အမျိုးသမီးတွေ ဝင်ငွေမရ တာဟာ အလုပ် မလုပ်ကြဘူးလား ဆိုရင် သူတို့ အရမ်း အလုပ်လုပ် တယ်။ တောင်ယာတွေ မှာလည်း လုပ်ကြရတယ်။ ဥယျာဉ်ခြံ မှာလည်း လုပ်တာပဲ။ ဒါပေမယ့် အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍပါဝင်လာမှု ဟာ စီမံခန့်ခွဲမှု အခန်းကဏ္ဍ၊ ငွေ ကြေးကိုင်တွယ် သုံးစွဲခွင့် အခန်း ကဏ္ဍဟာ အလွန်မတန်ကို အား နည်းရတယ်။ အဲဒီလို မရှိတဲ့အတွက် ကြောင့် အစိုးရ ကိုယ်တိုင်ကရော နောက် ကျွန်မတို့ မြန်မာပြည်ကို Women Empowerment  (အမျိုး သမီးများကို အားမြှင့်တင်ရေး)ဆိုပြီး တော့ အမျိုးသမီးတွေ ရဲ့ Capacity (စွမ်းဆောင်ရည်) မြှင့်တင်ဖို့၊ နောက် အမျိုသမီးတွေ ကို  Support (ပံ့ပိုး) လုပ်ပေးဖို့ Gender Balance နဲ့ တော့သွားနေတာပဲ ကျွန်မတို့ဆီ မှာလည်း INGO, NGO တွေ ဝင် လာတာပဲ။ ဒါပေမယ့် အမျိုးသမီး တွေကို ထိထိရောက်ရောက် Support (ပံ့ပိုး)ပေးတာ အစိုးရ ဘက်ကလည်း မရှိသေးဘူး။ NGO တွေလည်းမရှိသေးဘူး” လို့ပြောကြား ပါတယ်။

တကယ်တော့ ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ ချင်းလူမျိုး တော် တော်များများဟာ အမျိုးသားရော အမျိုးသမီးရော တိုးတက်ဖို့ ကြိုး ပမ်းနေကြရဆဲပါ။ ဟိုယခင်က တောင်ယာစိုက်၊ အမဲလိုက်၊ မွေးမြူ ရေးလုပ်စတဲ့ ဝင်ငွေနဲ့ တစ်ဝမ်းတစ် ခါး လှရုံ နေထိုင်ကြတဲ့ အငွေ့အ သက်ကို ခုထက်တိုင် တွေ့နိုင်ပါ သေးတယ်။ ယောက်ျား တစ်ယောက် ရဲ့ စွမ်းဆောင်ရည်ကို အမဲခေါင်း ချိတ်ဆွဲထားတာနဲ့ ဂုဏ်ယူတတ် ကြတာကိုတွေ့ရသလို အမျိုးသမီး တစ်ယောက်ရဲ့ အလှကတော့ ပရဲ ထိုးတာနဲ့ တိုင်းတာတတ်ကြပါ တယ်။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ တွေကို အခုအချိန်အခါမှာ တဖြည်း ဖြည်း ကျင့်သုံးလာမှု နည်းလာ တယ် ဆိုရင်တောင် သားယောက်ျား လေး မွေး ရင် လေးတစ်စင်း ရှိရမယ် ဆိုတဲ့ ရိုးရာဓလေ့ကို ခင်တွယ်တဲ့ ယောက်ျားလေး ဦးစားပေး အစဉ်အ လာကို ဖက်တွယ်ထားကြတုန်းပါ။

ခေတ်ကိုနားလည်သူတွေ ခေတ်ကို တွေးခေါ်သူတွေ အနေနဲ့ ကျားမတန်းတူ အခွင့်အရေးလို့ ဆို လာကြပေမယ့် သူတို့ကိုယ်တိုင် တချို့ ကိစ္စရပ်တွေမှာ ဓလေ့ထုံး တမ်း စဉ်လာတွေကို လွန်ဆန်ဖို့ အားယူနေကြ ရဆဲပါ။ အိမ်မှုကိစ္စ ဆိုတာ အမျိုးသမီးတွေ ရဲ့ အလုပ်ပဲ ဆိုတာ ယေဘုယျ လက်ခံနေကြ တာကတော့ မြန်မာနိုင်ငံအနှံ့မှာ ရှိနေတုန်းပါ။

ဒါက ကျားမရေးရာ ခွဲခြား ဆက်ဆံမှုရဲ့ အကျိုးဆက် အရဖြစ် ပေါ်နေတတ်တဲ့ Gender Based Violence  တစ်မျိုးလို့ဆိုရပါမယ်။ တကယ်တော့ Gender  အရဆိုရင် တော့ အင်အားကြီးသူက အင်အား မရှိသူတွေ အပေါ်မှာ အနိုင်ကျင့် တာ၊ ပညာကြီးသူက ပညာနည်း သူအပေါ် အခွင့်အသာယူမှု၊ စတဲ့ စတဲ့ နေရာတစ် နေရာကို အတန်း အစားခွဲခြား သတ်မှတ်ရုံ သာမက လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေ ကြောင့် ဖြစ်ပေါ်တတ်တဲ့ အ ကြောင်းအရာတွေဟာ မြောက်မြား စွာ လေ့လာတွေ့ရှိရပါတယ်။

Gender ဆိုတာပြောရတာ လွယ်သလောက် သေသေချာချာ လေ့လာ လိုက်စားခဲ့ရင် ဘယ်လို အရာတွေက ကျားမရေးရာ ခွဲခြား ဆက်ဆံ ခံရတာ၊ ဘယ်လို အရာတွေ ကလူမှုရေးရာ နယ်ပယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာ ဆိုတာ ခွဲခွဲခြားခြား သိမြင်ဖို့ နားလည် လာစေဖို့ လူအများလက်ခံ ကျင့်သုံး လာဖို့ဆိုတာကတော့ ဓလေ့ထုံး တမ်းစဉ်လာတွေကို ကျော်လွှား နိုင်အောင် အချိန်ယူ ကုစားရမယ့် ကိစ္စတစ်ရပ် ဆိုတာကို နားလည် လာရပါတော့တယ်။

ဦးမင်း 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*