စီးပွားဖြစ် သစ်ခုတ်သူတို့ ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင် ဒီရေတောများ

စီးပွားဖြစ် သစ်ခုတ်သူတို့ ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင် ဒီရေတောများ
April 28, 2017 Asian Fame

1:56 pm
စီးပွားဖြစ် သစ်ခုတ်သူတို့ ရန်ကို ရင်ဆိုင်နေရတဲ့ ရခိုင် ဒီရေတောများ

Htet-Khaung-Lin-(MN)တံငါသည် ဆိုတာ ငါးဖမ်းလုပ် ငန်းလုပ်ကိုင်သူဖြစ်ပါတယ်။ ရခိုင် ပြည်နယ်၊ ဂွမြို့နယ် ကျေးလက် ဒေသတစ်ခု မှာနေထိုင်သူ တံငါ သည် ဦးကျော်ဝင်း ရဲ့ လုပ်ကိုင်နေ တာကတော့ ငါးဖမ်းတာ ထက် ပိုပါ တယ်။ သူ ကြိုးစားပမ်းစားလုပ်ကိုင် နေတဲ့ နောက်ထပ် အလုပ်တစ်ခု က တော့ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းပါပဲ။

မကျည်းငူကျေးရွာအုပ်စု၊ ကံ ငူကျေးရွာက ၆၂နှစ်အရွယ် ဦးကျော် ဝင်းဟာ ကျေးရွာအဆင့် ဒေသတွင်း ဒီရေတော ကာကွယ် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သူလည်း ဖြစ်ပါတယ်။

”ဒီရေတောတွေက ကျွန်တော် တို့ကို ထမင်းကျွေးနေတာ။ ဒါကိုထိန်း တာကြောင့် ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး တွေ ပေါများလာတယ်။ ကျွန်တော့် မှာပိုက်ဆံ မရှိရင် ဒီတောထဲမှာသွား ရှာနေရတာ။ ဂုံးကောက်၊ မရွတ် (စေတီခရု)ကောက်၊ ကဏန်း ထောင်၊ ငါးမျှား။ ဒီရေတောက ကျွန်တော် တို့ရဲ့ အမိ၊ အဖတွေလို့ ကို ကျွန်တော်ခံယူထားတယ်” လို့ ဦးခေါင်းတစ်ခုလုံး ဆံပင်တွေဖြူဖွေး နေတဲ့ ဦးကျော်ဝင်းက ဆိုပါတယ်။

ဒီရေပင် မျိုးတုံးနေပြီဖြစ်တဲ့ ရေ ပေါ်ကျွန်းတွေမှာ ဒီရေတောတွေ ပြန်ဖြစ်ထွန်းလာအောင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က တယုတယ ပြုစု ပျိုးထောင်လာခဲ့တာ အခုဆိုရင် လုံးပတ် တစ်ပေသာသာ အရွယ်ကို ရောက်လာပြီလို့ သူက ဆိုပါတယ်။ ဒါပေမယ့် စီးပွားရှာသူတွေက ဒီရေ တောထဲ လာပြီး သစ်ပင်ခုတ်နေကြ တာဟာ ကိုယ့်မိဘကို တုတ် နဲ့ရိုက် နေသလိုကို ခံစားရတယ်လို့ သူက ဆက်ပြောတယ်။

”ဟိုးအရင်က တုတ်ပင် (ခေါ်) ဗြူးအုပ်ဆောင်း ဆိုရင် ယောက်ျား သုံးဖက်စာလောက်ရှိတာ။ အခုဆို လက်မောင်းလုံးလောက် အပင်မျိုး တောင် မတွေ့တော့ဘူး။ စီးပွားဖြစ် လာလုပ်ကြ သူတွေက ပထမတော့ အပင်ကြီးတွေကိုပဲ အဓိက (ခုတ်) ရာကနေ အပင်ကြီးလည်း ကုန်ရော အပင်ငယ် တွေပါ မချန်တော့ဘူး။ ကနေ့အချိန် အထိ လာလုပ်နေကြ တုန်းပဲ။ သစ်မှောင်ခို လုပ်ငန်းတွေ လည်း လုပ်နေကြတုန်းပဲ။ တစ်ခါ တစ်ခါလာရင် လှေလေးငါးစီးနဲ့ လာလာ ခိုးခုတ်ကြတာ” လို့ ဦးကျော် ဝင်းက ဆိုပါတယ်။

ရခိုင် ကမ်းရိုးတန်းဒေသအ တွက် အသက်သွေးကြော လိုဖြစ်နေ တဲ့ ဒီရေတောတွေ ဟာ စီးပွားဖြစ် ထင်းခုတ်၊ မီးသွေး ဖုတ်သူတွေကြောင့် လုံးဝပျက်စီး ပြုန်းတီးသွားမှာကို စိုး ရိမ်နေရပြီလို့ ဦးကျော်ဝင်းနဲ့ ဒေသ တွင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး သမားတွေက ပြောကြပါ တယ်။

၁၉၉ဝနောက်ပိုင်း အထိ ရခိုင် ဒေသမှာ အလွန်ကောင်းတဲ့ ဒီရေ တောတွေ ရှိခဲ့ပြီး ဒေသတွင်း ခုတ်ယူ သုံးစွဲမှုလောက်နဲ့ ပြုန်းတီးမှု ဆိုတာ ဖြစ်စရာ မရှိဘူးလို့ ယူဆခဲ့ကြ ကြောင်း၊ အခုတော့ ဧရာဝတီတိုင်း ကလာတဲ့ စီးပွားဖြစ် ထင်းခုတ်သူ တွေ၊ မီးသွေးဖုတ် သူတွေကြောင့် ဒီရေတော ပြုန်းတီးမှု ဖြစ်ပေါ်လာ ကြောင်းဦးကျော်ဝင်းကပြောပါတယ်။

မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသ တွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝ တီတိုင်းနဲ့ တနင်္သာရီတိုင်း တို့မှာ ၁၉၈ဝပြည့်နှစ် ဝန်းကျင်က ဒီရေ တောဧက ၁ ဒသမ ၆ သန်းကျော်ရှိ ခဲ့ရာကနေ ၂ဝဝ၇ မှာ ဧက ခုနစ် သိန်းကျော်သာ ကျန်ရှိတော့တယ် လို့ ရခိုင် ကမ်းရိုးတန်း သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေး အသင်း (RCA) ရဲ့ မှတ်တမ်းတွေအရ သိရ ပါတယ်။ အဲဒီထဲမှာမှ ဧရာဝတီ တိုင်းဟာ ဒီရေတောပြုန်းတီးမှု အများ ဆုံး ဒေသပါ၊ ၁၉၈ဝ မှာ ဧက ၇၃ဝဝဝဝ ကျော် ရှိခဲ့ရာ ကနေ ၂ဝဝ၇ မှာ ၆ဝဝဝဝ ကျော်သာ ကျန်ရစ်တော့တယ်လို့ ၄င်းအဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်။
 
ဒီရေတော ကာကွယ်ရေး

ဒီရေတောတွေဟာ ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို တောင်ပေါ်တောခြောက် နဲ့ ယှဉ် ရင် တစ်နှစ်ကို နှစ်ဆမျှ ပိုစုပ်ယူ နိုင်ပြီး လေပြင်း မုန်တိုင်းဒဏ်၊ မြေ ပြိုတိုက်စား၊ ရေလွှမ်းမိုးခြင်းဒဏ် တွေကို ကာကွယ် ထိန်းသိမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ်။

ဒါ့အပြင် ရေရဲ့အရည်အသွေး ကို ထိန်းပေးပြီး ဒေသခံတွေရဲ့ ငါး ဖမ်း အသက်မွေး ဝမ်းကျောင်းမှု၊ ဆောက်လုပ်ရေး အထောက်အကူ ပစ္စည်း၊ ဘယဆေးတွေ ရနိုင်ပါ တယ်။ မြစ်ချောင်းတွေက သယ်လာ တဲ့အညစ်အကြေးတွေကို သန့်စင် ပေးမှု၊ ရေနေ သတ္တဝါတွေ ရဲ့ ဂေဟ စနစ်၊ ရေနေ သတ္တဝါတွေကို အမှီ ပြုနေတဲ့ ကုန်းနေသတ္တဝါစတဲ့ ဇီဝ မျိုးကွဲဂေဟစနစ်တွေကိုလည်း များ စွာ အထောက် အကူ ပြုတယ်လို့ သ ဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက ဆိုပါတယ်။

ဒီရေတော ဆုံးရှုံးမှုဟာ ကမ်း ရိုးတန်းဒေသက ပြည်သူတွေရဲ့ စီး ပွားရေး၊ စားဝတ်နေရေး၊ လူနေမှု ဘဝကို အဓိက ထိခိုက်စေတဲ့ အ ကြောင်း ရင်းထဲ မှာပါဝင်နေပြီး ဒေသ ဖွံ့ဖြိုးရေး အတွက်လည်း များစွာအ ကျိုး သက်ရောက်စေတယ်လို့ ဒီရေ တော ကာကွယ် ထိန်းသိမ်းရေး လုပ် ငန်းကိုနှစ်ပေါင်း များစွာ လုပ်လာ တဲ့ RCA အသင်း တည်ထောင်သူ ဒေါက်တာ မောင်မောင်ကြည်က သုံးသပ်ပါ တယ်။

”ကျွန်တော်တို့ ရခိုင်ပြည်နယ် က ဒီရေတောတွေ ဟာ မြန်မာတစ် နိုင်ငံလုံး နဲ့တိုင်းရင် တကယ့်ကို အကောင်း အတိုင်း ခပ်များများ ကျန် နေသေးတယ်လို့ ဆိုရမယ်။ အဲဒီအ ပြင် အရှေ့တောင် အာရှမှာ တချို့ ဒီရေပင် အမျိုးအစားတွေ ထဲမှာ အ ကြီးမားဆုံး အပင်လို့ ဆိုရမယ့် အ ပင်မျိုးစိတ်တွေ၊ ကမ္ဘာမှာတောင် ရှားပါးနေပြီဖြစ်တဲ့ အပင်မျိုးစိတ် တွေကျန်နေသေးတယ်။ အခုချိန်မှ မထိန်းသိမ်းနိုင်ဘူး ဆိုရင်တော့ နောက်မျိုးဆက်တွေ အတွက် ဘာ မှကျန်မှာမဟုတ်တော့ဘူး။ အဲဒါ ကြောင့် တာဝန် ရှိတဲ့သူတွေ၊ လုပ် နိုင်ကိုင်နိုင်တဲ့ သူတွေက တက်တက် ကြွကြွနဲ့ လုပ်ကိုင်ဖို့ သင့်တဲ့ အချိန်လို့ ကျွန်တော်ယူဆတယ်” လို့ သူက ဆိုပါတယ်။

အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့ရဲ့အစီအစဉ်နဲ့ ရခိုင် ကမ်းရိုးတန်းဒေသတွေ ထဲက ဒီရေ တော အား အကောင်းဆုံးနေရာဖြစ် တဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းမှာ နိုင်ငံတကာ အထောက်အပံ့နဲ့ ဒေသ ခံတွေကို စည်းရုံးပြီး ၂ဝ၁၂ ခုနှစ်က စပြီး ဒီရေတော ကာကွယ်ထိန်းသိမ်း ရေး လုပ်ငန်းကို လုပ်ကိုင်လာခဲ့တယ်။ အခုဆိုရင် ဂွမြို့နယ်မှာ ဧက ၁၂ဝဝဝ၊ သံတွဲမြို့နယ် မှာ ဧက ၃ဝဝဝဝ၊ တောင်ကုတ်မြို့နယ်မှာ ဧက ၆၅ဝဝဝ ကို ဒေသခံ အစုအ ဖွဲ့ပိုင်ဒီရေတော အဖြစ် ပြန်လည်စိုက် ပျိုးထိန်းသိမ်း နိုင်ခဲ့ပြီလို့ ဒေါက်တာ မောင်မောင်ကြည်က ပြောပါတယ်။

ဒီရေတောရဲ့ ရာသီဥတုပြောင်း လဲလာမှု ဒဏ်ကို ကြံ့ကြံ့ခံပေးနိုင် တဲ့အစွမ်း၊ ဒေသတွင်း သုံး ထင်းနဲ့ လောင်စာ အတွက် ဒီရေတောတွေ ကို ခုတ်ယူ သုံးစွဲနေတဲ့ အခြေအနေ တွေကို အခုထက်ပို ပျံ့ပျံ့နှံ့နှံ့ပညာ ပေးလုပ်ငန်းတွေ လုပ်ဆောင်သင့် ပြီလို့ သူက ယူဆပါတယ်။

”အစိုးရကလည်း နယ်ခြားက ဝင်လာတဲ့စီးပွားဖြစ်ထင်းနဲ့ မီးသွေး လုပ်ကြတဲ့ ဝိသမ စီးပွားရေးလုပ်ငန်း တွေရန်ကနေ ကာကွယ်ပေးဖို့ လို သလို ဒီရေတော ကာကွယ်ထိန်း သိမ်းရေးမှာ ပြည်သူတွေပိုမိုပါဝင် လာဖို့ အခွင့်အလမ်းတွေ၊ လောင် စာအစားထိုး နည်းပညာတွေကို တိုးမြှင့် လုပ်ဆောင်ပေးဖို့ လိုတယ်” လို့ သူက ဆိုပါတယ်။

RCA အဖွဲ့နဲ့ လက်တွဲဆောင် ရွက်နေတဲ့ ဂွမြို့နယ်က ဒီရေတော ထိန်းသိမ်း ကာကွယ်ရေး အစုအဖွဲ့ က တာဝန်ခံ တစ်ဦးဖြစ်တဲ့ ဦးသန်း ဝင်းက ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသက ဒီရေတောတွေ ဟာ ပြန် လည် ပြုစုပျိုးထောင်လာနိုင်ခဲ့တဲ့အ တွက် ပျိုးပင်တွေကို ဧရာဝတီ တိုင်း ဒေသကြီးက ဒီရေတော ကာကွယ် ရေး လုပ်ဆောင် သူတွေဘက်ကို ဖြန့်ဖြူးပေးနိုင်တဲ့ အခြေအနေ အ ထိ ရောက်လာပြီလို့ ဆိုပါတယ်။

ခုတ်သူ-စိုက်သူ ပဋိပက္ခ

တစ်နယ် တစ်ကျေးက စီးပွား ဖြစ် ထင်း နဲ့မီးသွေးထုတ်သူတွေဟာ ခေတ်အဆက်ဆက် အစိုးရ မြေပေါ် က ဒီရေပင်တွေကို ခုတ်တယ်ဆို ပေမယ့် ဒီရေတော ပြုန်းတီးမှုနောက် ဆက်တွဲ ဆိုးကျိုးကို လက်တွေ့ခံ စားကြရမှာက မူရင်းဒေသခံ လူထု ဖြစ်တယ်လို့ RCA  အဖွဲ့က ကိုမင်း မင်းထွန်းက သုံးသပ်ပါတယ်။

သစ်ခိုးခုတ်မှုကို ဒီရေတော ကာကွယ် ထိန်းသိမ်းရေးသမားတွေ က မှတ်တမ်းတွေ၊ ဓာတ်ပုံအထောက် အထားတွေ၊ ခိုးခုတ်တဲ့ သက်သေ တွေနဲ့ သက်ဆိုင်ရာကို တိုင်ကြား ပေမယ့် ထိထိရောက်ရောက်အရေး တယူ ဆောင်ရွက်တာမျိုး မရှိတာ ကြောင့် ခိုးခုတ် သူတွေ အတင့်ရဲ နေတာလို့ သူက ဆိုပါတယ်။

”ကျွန်တော်တို့ မနှစ်က ဒေသ ခံအစုအဖွဲ့ပိုင် ဒီရေတောထဲ ကိုလာ ခိုးခုတ်တဲ့ဟာကို လာခုတ်တဲ့ လှေ နဲ့တကွ လက်ပူး လက်ကြပ်မိ တယ်။ မိတဲ့ဟာတွေကို ကျွန်တော် တို့က မြို့နယ်သစ်တောနဲ့ ရဲကိုအပ်တယ်။ ကျွန်တော်တို့လည်း အပ်ရာက ပြန် ခဲ့ရော သူတို့ကို ခုတ်တဲ့ပုဆိန်တွေ ကအစ အကုန်လုံးပြန်ပေးပြီး လွှတ် ပေးလိုက်တယ်။ ကျွန်တော်တို့က ဘယ်လိုပဲ တားဆီးတားဆီး သက် ဆိုင်ရာက ထိထိရောက်ရောက် မ လုပ်ရင် အလကားပဲ” လို့ ဂွမြို့နယ် က ဒီရေတောထိန်းသိမ်း ကာကွယ် ရေးအစု အဖွဲ့က တာဝန်ခံ တစ်ဦး ဖြစ်တဲ့ ဦးသန်းဝင်းက ဆိုတယ်။

သံတွဲခရိုင် သစ်တောဦးစီးမှူး ဦးဥက္ကာကတော့ သစ်ခုတ်သူတွေ ကို ဥပဒေ အရ အရေးယူဖို့ အခက် အခဲ ရှိနေတယ်လို့ ပြောပါတယ်။ ရခိုင်ဒေသ ဒီရေတောတွေဟာ ကြိုး ပြင် ကာကွယ်တောအဖြစ် တရား ဝင်မသတ်မှတ် ရသေးဘူး၊ ဒေသခံ တွေရဲ့ အစုအဖွဲ့ပိုင် ဒီရေတောတွေ ဆိုတာ ကလည်း အစိုးရဆီမှာ တရား ဝင်ဝယ်ယူ ထားတဲ့မြေတွေ မဟုတ် ဘူးလို့ သူက ထောက်ပြပါတယ်။

ကြိုးပြင် ကာကွယ်တောတွေ အဖြစ် တရားဝင် သတ်မှတ်လိုက် မယ်ဆိုရင်တော့ ဒေသခံတွေ စိုက် ပျိုးထားတဲ့ အစုအဖွဲ့ပိုင် ဒီရေတော တွေတင်မက တခြားဒီရေတောတွေ မှာပါ စီးပွားဖြစ်ထင်းနဲ့ မီးသွေး ထုတ်သူတွေကို သစ်တော ဥပဒေ အရအရေးယူ လို့ရတယ်၊ ဒါကြောင့် ကြိုးပြင် ကာကွယ်တော သတ်မှတ် ရေးကြိုးစား ဆောင်ရွက် နေရတယ် လို့ သစ်တောဦးစီးမှူးက ဆက် ပြော ပါတယ်။

”အခုနောက်ပိုင်း ဒေသခံတွေ ပြန်စိုက်လာတဲ့အတွက် ပြုန်းတီးခဲ့ တဲ့ ဒီရေတောတွေဟာ နည်းနည်း ပြန်ကောင်းလာပြီ။ ဒီရေတောတွေ ဟာ အမှန်တကယ်ကို ထိန်းသိမ်း သင့်တဲ့အရာပါ။ ဒါပေမယ့် တဖက် မှာလည်း ဥပဒေနဲ့ ထိထိရောက် ရောက် လုပ်ဖို့ဆိုရာမှာ ဥပဒေပိုင်း ဆိုင်ရာ အခက်အခဲတွေ ကလည်း ရှိနေတယ်။ ဂွဘက်မှာဆိုအရင်က ပင်လယ်ဖျံတွေရှိတယ်။ အခုဒီရေ တောပြုန်းတီးခဲ့လို့ အဲဒီ ဖျံတွေသိပ် မလာတော့ဘူး။ မျောက်တွေ၊ ရေ ဝက်တွေ၊ လိပ်တွေဆိုတာလည်း အခုဒီရေတောလေး နည်းနည်းပြန် ကောင်း လာမှ ပြန်တွေ့ လာရတယ်” လို့ သူက ဆိုပါတယ်။

ဒေသခံတွေ ထိန်းသိမ်းလို့ ရခိုင်ပြည်နယ် ဒီရေတောဧရိယာ ဧက သုံးသိန်းကျော်အထိ ပြန်တက် လာတယ်လို့ ၂ဝ၁၅ ခုနှစ် စာရင်း တွေ ကို ကိုးကားပြီး သစ်တောဦးစီး မှူးက ရှင်းပြပါတယ်။

သက်ဆိုင်ရာဘက်က ထိထိ ရောက်ရောက်လုပ်ဆောင်နိုင်မှု မရှိ သေးတာကြောင့် ဒီရေတောခိုးခုတ် နေတာကို တားဆီးကာကွယ်ရေး၊ ဒီရေတော ထိန်းသိမ်းရေး လုပ်ငန်း အတွက် ဒေသခံတွေကို စည်းရုံးရာ မှာပါ များစွာ အကျိုးသက်ရောက် စေတယ်လို့ သူကဆက်ဆို ပါတယ်။

ဒီရေပင်တွေ ခုတ်နေတယ် ဆိုတဲ့ သတင်းတွေရတိုင်း လှေနဲ့ ထွက်လိုက်ကြတဲ့အခါ ယခင်က ကာကွယ် ထိန်းသိမ်းရေးကို အား တက် သရော လိုက်ပါတဲ့ ရွာသူရွာ သားတွေဟာ အခုဆိုရင်အကြောင်း တခုခုပြပြီး မလိုက်ကြတော့ကြောင်း၊ သက်ဆိုင်ရာက ထိထိရောက်ရောက် မကိုင်တွယ်တဲ့ အခါ ခိုးခုတ်သူတွေ က တားဆီးကာကွယ်သူတွေအ ပေါ်မှာ ပြန်လည် ရန်ပြုလာနိုင်တာ ကို တားဆီးရေးအဖွဲ့ကို လိုက်ကြ မယ့် ရွာသူရွာသားတွေက ကြောက် ရွံ့လာကြကြောင်း ကံငူကျေးရွာ သား ကိုလှဝင်းက ပြောပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာ လွှတ် တော် ကိုယ်စားလှယ်တွေကို အ ကြောင်းကြားရာမှာလည်း လွှတ် တော်မှာ တင်ပြပေးမယ်ဆိုတဲ့ စကားရပ်ကလွဲလို့ ယနေ့ အချိန်ထိ ဒီရေတော ကာကွယ်ရေး အတွက် ထိ ထိရောက်ရောက် လုပ်ဆောင်တာ ကို မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဂွမြို့နယ်၊ ကံငူကျေးရွာက ကျေးရွာ အဆင့် ဒေသတွင်း ဒီရေ တောကာကွယ် ထိန်းသိမ်းရေးအ ဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းက လည်း သူတို့နဲ့ သစ်ခိုးခုတ်သူတွေ ကြား ကြီးထွားလာတဲ့ ပဋိပက္ခ ပြေ လည်ရေးအတွက် ပြေလည်အောင် ဖြေရှင်းပေးမှု လိုအပ်နေကြောင်း ရှင်းပြပါတယ်။

”တစ်ယောက်နဲ့ တစ်ယောက် ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်ရမယ့် အ ခြေအနေ မျိုးဖြစ်နေတယ်။ ကျွန် တော်တို့ကို ကြက်၊ ကြက်ချင်း အိုး မဲသုတ်ပြီး ခြင်းတောင်း တစ်ခုထဲထည့် ခွပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဖိအားလေးတော့ နည်းနည်းပေးပါ လို့ (ဝန်ကြီး တစ်ယောက်ကို) တင် ပြခဲ့ဖူးတယ်” လို့ ဦးကျော်ဝင်းက ပြောလိုက်ပါတယ်။    ။

ထက်ခေါင်လင်း (Myanmar Now)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*