ILO ညီလာခံတက်မည့် အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ရေးအတွက် ဝန်ကြီးဌာနနှင့် အလုပ်သမားများ ဆွေးနွေးမည်

ILO ညီလာခံတက်မည့် အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ရေးအတွက် ဝန်ကြီးဌာနနှင့် အလုပ်သမားများ ဆွေးနွေးမည်
April 27, 2017 Asian Fame

3:31 pm
ILO ညီလာခံတက်မည့် အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ရေးအတွက် ဝန်ကြီးဌာနနှင့် အလုပ်သမားများ ဆွေးနွေးမည်

ရဲလွင်
ရန်ကုန်၊ ဧပြီ ၂၄

နှစ်စဉ် အငြင်းပွားမှုများ ကြုံတွေ့ခဲ့ရသည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားညီလာခံ တက်ရောက်မည့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ရေးအ တွက် အစိုးရနှင့် အလုပ်သမား အဖွဲ့ချုပ်များ တွေ့ဆုံဆွေးနွေး ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ ယခု နှစ်တွင် အလုပ်သမားဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေမှူးချုပ်တို့ ဦးဆောင် သည့်အဖွဲ့နှင့် မြန်မာနိုင်ငံရှိ အလုပ်သမားအဖွဲ့ချုပ်များ တွေ့ ဆုံဆွေးနွေး၍ သေချာညှိနှိုင်း ရွေးချယ်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်တစ်ဦးက ပြောသည်။ ”ဒီကိစ္စပဲ အငြင်းပွားနေ တော့ ဒီတစ်ခါ သေချာတော့ လုပ်ဖို့ စီစဉ်ထားပါတယ်။ အ လုပ်သမားအဖွဲ့ချုပ်က ကိုယ် စားလှယ်တွေ အဲဒီတွေ့ဆုံပွဲကို တက်ဖို့တော့ စာပို့ထားပြီ” ဟု ၎င်းကဆိုသည်။ ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ အဆိုပါ တွေ့ဆုံပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ အ လုပ်သမားအဖွဲ့ချုပ်တစ်ခုဖြစ်သော AFFM မှ အထွေထွေအတွင်း ရေးမှူးချုပ် ဦးဇာနည်သွေးက ”ကျွန်တော်ပြောချင်တာက ပွင့်လင်းမြင်သာစွာ အလုပ်သမား ကိုယ်စားလှယ်တွေအားလုံး ဖိတ်ပြီး အများဆန္ဒအရ ရွေးချယ်လိုက်။ ပြီးတော့ တစ်ယောက်တည်းကပဲ မြန်မာနိုင်ငံ အလုပ် သမားထုအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ အရင် နှစ်တွေလည်း သွားခဲ့တာပဲ။ ဒါပေမယ့် ဘာများ လုပ်ပေးနိုင်ခဲ့လို့လဲ။ မှန်ပါတယ်သွားပြီး ဆုံး ဖြတ်နိုင်တာမှ မဟုတ်တာ။ တကယ်က အတွေ့အကြုံရတယ်။ ဒီအတွက် လူငယ်တွေကို နေရာ ပေးဖို့အချိန် ရောက်နေပါပြီဗျာ။ မျိုးဆက်သစ်တွေကို ရွေးချယ်သင့်နေပြီ။ ဒါမှမဟုတ် အားလုံး အဆင်ပြေအောင် သွေးစည်း ညီညွတ်ရေးအတွက် အလှည့်ကျသွားရင်ရော အဲ့ဒါမျိုးကို မစဉ်းစားသင့်ဘူးလား”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အခြေခံ အလုပ်သမားအဖွဲ့အစည်း ၂ဝဝဝ ကျော်ရှိရာ ယင်းတွင် AFFM အဖွဲ့ဝင် ၅ဝဝ ကျော်၊ CTUM အဖွဲ့ဝင် ၇ဝဝ ကျော်၊ MICS အဖွဲ့ဝင် ၁ဝဝ ကျော်ရှိပြီး ကျန် ၈ဝဝ ကျော်မှာ အခြား အဖွဲ့ များဖြစ်သည်။ ယင်းအတွက် အဖွဲ့ဝင်များသည့် အဖွဲ့အစည်းကိုရွေးချယ်ပါကလည်း အဆင်ပြေမည်မဟုတ်ကြောင်း ဦးဇာနည်သွေးက ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်က ကျင်းပသော အပြည် ပြည်ဆိုင်ရာ အလုပ်သမားညီ လာခံသို့ တက်ရောက်ရန်အ တွက် မြန်မာနိုင်ငံကိုယ်စားပြု အလုပ်သမားကိုယ်စားလှယ် ရွေး ချယ်ရာတွင် CTUM အဖွဲ့က သာ ကိုယ်စားလှယ်သွားရောက် ခွင့် ရရှိခဲ့သည့် ကိစ္စနှင့်ပတ် သက်၍ အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်သမားများကြားတွင် အငြင်းပွားမှုအချို့ ဖြစ်ပွားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*