အော်ဂဲနစ် ထုတ်ကုန် သီးသန့် အရောင်းဆိုင်များ ရန်ကုန်တွင် ဖွင့်ရန် စီစဉ်

အော်ဂဲနစ် ထုတ်ကုန် သီးသန့် အရောင်းဆိုင်များ ရန်ကုန်တွင် ဖွင့်ရန် စီစဉ်
April 27, 2017 Asian Fame

3:13 pm
အော်ဂဲနစ် ထုတ်ကုန် သီးသန့် အရောင်းဆိုင်များ ရန်ကုန်တွင် ဖွင့်ရန် စီစဉ်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဓာတုဆေးဝါးများ ကင်းလွတ်သော အော်ဂဲနစ်ထုတ်ကုန် သီးသန့် အရောင်းဆိုင်များ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အော်ဂဲနစ်အသင်းမှ အတွင်းရေးမှူး မသီတာထွန်းက ပြောသည်။

ပြည်သူလူထု ကျန်းမာရေး၊ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၏ ဈေးကွက်ဖော် ဆောင်ရေး အတွက် အော်ဂဲနစ် ထုတ်ကုန်များ သီးသန့်ရောင်းသည့် အရောင်းဆိုင်များ နေရာအနှံ့ အပြားတွင် ဖွင့်လှစ်နိုင်ရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ ”အော်ဂဲနစ် ထုတ်ကုန်ဆို တာမှာ စားသောက်ကုန်ပစွည်းတွေ ဖြစ်တဲ့ ပဲပင်ပေါက်၊ ငရုတ်သီးမှုန့် တွေပါပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေပါပါတယ်။ ဒါ့ အပြင် အလှကုန်ပစွည်းတွေနဲ့ မီး ဖိုချောင်သုံး ပစွည်းတွေလည်း ပါ ဝင်ပါတယ်” ဟု ၎င်းကပြောသည်။

အရောင်းဆိုင်ဖွင့်ရန် ရန် ကင်း စင်တာအနီးနှင့် လှည်းတန်းကို ရွေးချယ်ထားကြောင်း၊ ယခု နှစ်အတွင်း အော်ဂဲနစ်အရောင်း ဆိုင်သုံးဆိုင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ ရန် အစုရှယ်ယာရှင်များကို ဖိတ်ခေါ်ထားပြီး အစုရှယ်ယာတစ်စုကို ၅ သိန်းသတ်မှတ်ထားကြောင်း၊ လက်ရှိတွင် အစုရှယ်ယာဝင် ထားသူ ၁၇ ဦးရှိနေပြီး ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ ”အစုရှယ်ယာများများ ဝင်တဲ့သူများရင် ဆိုင်တွေများများ ဖွင့် သွားနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်၌ အော်ဂဲနစ် အရောင်းဆိုင် တစ်ဆိုင်သာရှိနေပြီး ဆိုင်အရေအတွက် နည်းပါးခြင်းနှင့် ထုတ်ကုန်များကို အပြည့်အစုံ မတင်နိုင်သေးသော ကြောင့် ဝယ်ယူမှုနည်းနေသေး ကြောင်း မြန်မာနိုင်ငံအော်ဂဲနစ် အသင်းမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*