ငပလီကမ်းခြေမှာ သင်္ကြန်တွင်းအပြင် အခြားအချိန်တွေမှာပါ အမှိုက်ပြဿနာရှိပါတယ်

ငပလီကမ်းခြေမှာ သင်္ကြန်တွင်းအပြင် အခြားအချိန်တွေမှာပါ အမှိုက်ပြဿနာရှိပါတယ်
April 27, 2017 Asian Fame

2:22 pm
ငပလီကမ်းခြေမှာ သင်္ကြန်တွင်းအပြင် အခြားအချိန်တွေမှာပါ အမှိုက်ပြဿနာရှိပါတယ်

npl

ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ) အလုပ်အမှုဆောင် ဦးစိန်ချစ် အား မေးမြန်းခြင်း

ယခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းမှာပါဝင်ခဲ့တဲ့ သံတွဲမြို့က ငပလီကမ်းခြေကို သင်္ကြန်ပိတ်ရက်များအတွင်း ပြည်တွင်းခရီး သွားများစွာ လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ဒီလိုလာရောက်လည်ပတ်ကြရာမှာ ကမ်းခြေမှာ အမှိုက်တွေ စွန့်ပစ်ခဲ့ကြတဲ့အတွက် ငပလီ ကမ်းခြေသဲသောင်ပြင်မှာ အမှိုက်များနဲ့ ညစ်ပတ်နေပုံကို သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားအချို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ပြီး ဝေဖန်ခဲ့ကြပါတယ်။ ကမ်းခြေတစ်ခု သာယာလှပရေးအတွက် အမှိုက်ဆိုတာ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေထဲမှာပါဝင်နေပါတယ်။ ပြည် တွင်းခရီးသွား အများဆုံးသွားရောက်ရာ ချောင်းသာကမ်းခြေဆိုရင်လည်း အမှိုက်ပြဿနာကြောင့် ကမ်းခြေသာယာလှပမှုနဲ့ ပတ်သက်ပြီး ဝေဖန် ခံနေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မြန်မာနိုင်ငံရဲ့ အလှပဆုံးကမ်းခြေဖြစ်တဲ့ ငပလီကမ်းခြေက အမှိုက်ပြဿနာနဲ့ပတ်သက်ပြီး ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ) အလုပ်အမှုဆောင် ဦးစိန်ချစ်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီနှစ်သင်္ကြန်မှာ ငပလီကိုလာလည် တဲ့ ခရီးသွားအခြေအနေ ဘယ်လို ရှိခဲ့ပါသလဲရှင့်။

ဒီနှစ်လာလည်တဲ့သူတွေမနှစ် ကထက်ကို တော်တော်များပါ တယ်။ ဟိုတယ်တွေတည်းခိုခန်း တွေမှာ ဧည့်သည်တွေအကုန် အပြည့်ပါပဲ။

အမှိုက်ပြဿနာက ကမ်းခြေမှာ အရင်ကတည်းက ရှိနေခဲ့တာလား၊ ခုနောက်ပိုင်းမှ ဖြစ်လာတာလား ဆိုတာ ပြောပြပေးပါဦး။

ငပလီကမ်းခြေမှာ သင်္ကြန် တွင်းအပြင် အခြားအချိန်တွေမှာပါ အမှိုက်ပြဿနာ ရှိပါတယ်။ အရင် နှစ်တွေကလည်း ဒီအတိုင်းပဲ ရှိခဲ့ တယ်။ အဓိကက နှစ်ချက် ရှိပါ တယ်။ သင်္ကြန်တွင်းမှာ အမှိုက် ပစ်ကြတာက လာတဲ့သူတွေစည်း ကမ်း မဲ့တာလည်းပါတယ်။ နောက်တစ်ချက်က ကမ်းခြေမှာသင်္ကြန် တွင်းရောင်းချတဲ့ ဆိုင်ခန်းတွေ အတွက် အမှိုက်ပစ်ဖို့နေရာမရှိ တာပဲ။ သင်္ကြန်တွင်းမှာဆိုရင်ကမ်း ခြေမှာ ဆိုင်ခန်းတွေ ရောင်းချလုပ် ကိုင်ခွင့်ပေးတယ်။ အဲဒီလိုရောင်းချ ခွင့်ပေးပြီး အဲဒီက ရတဲ့ ငွေကို ဒေသ ဖွံ့ဖြိုးရေးအတွက် ရယူ ပေမယ့် အမှိုက်ပြဿနာကို ပြေ လည်အောင် ဖြေရှင်းမယ်ဆိုတဲ့ ဟာမျိုး မတွေ့ရဘူး။ ဆိုင်ခန်းတွေ ကထွက်လာတဲ့ အမှိုက်တွေကို သိမ်းမယ်ဆိုတာက အစီအမံ ရှိ ရမယ်လေ၊ ဆိုင်ခန်းသမားတွေ ကအ မှိုက်ဘယ်မှာပစ်မလဲ။ သူတို့ မှာ ပစ်ဖို့နေရာမရှိဘူး။ အဲဒီတော့ ကမ်းခြေတစ်နေရာမှာ စုပုံထား လိုက်တယ်။ ခုဆိုရင်သင်္ကြန်တွင်း ငှားတဲ့ ဆိုင်ခန်းတွေတော့ဖျက် သွားပြီ။ ဒါပေမယ့်ရေရှည်ငှားရမ်း တဲ့ ဆိုင်ခန်းရှိသေးတယ်။ အများ ပြည်သူပိုင်နေရာ ဆိုသော်ငြား လည်း ဒေသခံလူမှုအဖွဲ့အစည်း တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ ဆိုင်ခန်း တွေ ငှားရမ်းတာတွေ ရှိတယ်။ ဒါပေမယ့် ဒါတွေနဲ့ ပတ်သက်ပြီး ရေရှည် အစီအမံ မရှိဘူး။ အဲဒါ ကြောင့် အမှိုက်ပြဿနာက ဆိုင်ခန်းတွေနဲ့ ကမ်းခြေကို တာဝန်ယူထားတဲ့စည်ပင်က တာဝန်ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အရပ် ဘက် အဖွဲ့အစည်းတွေက အမှိုက် ပြဿနာကို ဝိုင်းကူညီတာက တစ်ပိုင်းပေါ့။

အဲဒီပြဿနာပြေလည်ဖို့ သက်ဆိုင် ရာအစိုးရ အဖွဲ့အစည်းတွေအနေ နဲ့ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာလည်း အကြံပြုပေးပါရှင့်။

ဌာနဆိုင်ရာအနေနဲ့ အမှိုက် ပစ်ဖို့ နေရာသတ်မှတ်ဖန်တီးပေး မှ အဆင်ပြေလိမ့်မယ်၊ ဒီဘက်မှာ က မြေဈေးကြီးတော့ ဒေသခံတွေ က အမှိုက်ပစ်ဖို့မြေမဝယ်နိုင်ဘူး။ အဲဒါကြောင့် အစိုးရပိုင်းက မြေနေရာသတ်မှတ်ဖန်တီးပေးနိုင်ရင် ဒီပြဿနာ ၈ဝ ရာခိုင်နှုန်းပြေလည် သွားနိုင်ပါတယ်။

ငပလီကမ်းခြေကတော့ မြန်မာ နိုင်ငံမှာ အလှဆုံးကမ်းခြေလို့ နာမည်ကြီးတယ်။ နောက်ပိုင်းနှစ် တွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ထိခိုက်မှုတွေကြောင့် ကမ်းခြေ အလှအပကို ခြိမ်းခြောက်လာတယ်လို့ NGO အဖွဲ့အစည်းတွေက ထောက်ပြကြတယ်။ အစ်ကိုတို့အမြင်မှာရော ကမ်းခြေအလှအပတွေ ပြောင်းလဲသွားတယ်လို့ ယူဆလား။

ငပလီကမ်းခြေက ရပ်ဝေးကလာတဲ့ ဧည့်သည်တွေအတွက်တော့ လှနေဆဲပဲ။ ဒါပေမယ့် ကျွန် တော်တို့ ဒေသခံတွေအတွက်တော့ ပြောင်းလဲမှုရှိတယ်။ မြစ်ချောင်းတွေမှာလုပ်ငန်းရှင်တွေ ဝင်လာတယ်။ EIA /SIA တွေကိုရှင်းပြမှုမရှိဘူး။ ပင်လယ်သဲသောင်ကိုကုန်း မြေအဖြစ်ဖန်တီးတယ်။ ချောင်းမြေ ကိုမြေဖို့တယ်။ ကျွန်တော်တို့ခပ် ငယ်ငယ်တုန်းက လှိုင်းတွန့်တဲ့ နေရာတွေဆိုရင် လှိုင်းမတွန့် တော့ဘူး။ ပြောင်းလဲမှုတွေရှိ လာပါတယ်။ အမှိုက်ပြဿနာကတော့ ကမ်းခြေ ပျက်စီးဖို့ တစ်စိတ် တစ် ဒေသ ပါတာပေါ့။ နောက်တစ်ခုက ကျောက်ထုတ်တာ၊ သဲထုတ်တာ၊ ဟိုတယ်တွေက မြေတွေတိုးတာ တွေပေါ့။

ကမ်းခြေရေရှည် တည်တံ့ရေးအတွက် သီးခြားအကြံပြုချင်တာရှိရင်လည်း ပြောပြပေးပါရှင့်။

ငပလီကမ်းခြေကိုဆက်လက်တည်တံ့စေချင်တယ်ဆိုရင် အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေနဲ့ သဘောတူညီချက် ရယူပြီးမှ ဖန်တီးတာမျိုး ဖြစ်စေချင်တယ်။ အလုပ်တစ်ခုလာလုပ်တဲ့အခါ ဆိုးကျိုးကောင်းကျိုးရှင်းပြ ခြင်းမရှိဘူး။ ဖြစ်ပြီးသွားမှ ကျွန်တော်တို့တွေက သိရတာမျိုးမဖြစ် စေချင်ဘူး။ အဲဒီလိုလုပ်ရင်တော့ ငပလီကမ်းခြေ ရေရှည်တည်တံ့ရေးကို ထိခိုက်နိုင်တယ်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*