ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းအချို့တွင် အလုပ်သမများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ရှိနေ

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းအချို့တွင် အလုပ်သမများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ရှိနေ
April 26, 2017 Asian Fame

2:19 pm
ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းအချို့တွင် အလုပ်သမများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ရှိနေ

Woman Worker

သီဟ
ရန်ကုန်၊ ဧပြီ ၂၅

မြန်မာနိုင်ငံရှိ အထည်ချုပ်ကုမ္ပ ဏီခွဲများတွင် မြန်မာအမျိုးသမီး အလုပ်သမများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိနေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ ဒေါ်တင်တင်ညိုက ပြောသည်။

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများက အလုပ်သမားများအပေါ်ကျူး လွန်နေသည့် အခွင့်အရေး ချိုးဖောက် မှုများကို ‘ပြုပြင်ပြောင်းလဲမှုနောက် ကွယ်မှ အမေ့လျော့ခံ အမျိုးသမီး အလုပ်သမများ’ခေါင်းစဉ်ဖြင့် ကွင်းဆင်းရိုက်ကူးထားသော ရုပ်သံမှတ်တမ်းအား ဧပြီ ၂၅ရက်နေ့က Orchid ဟိုတယ်၌ မိတ်ဆက်ရာတွင် ၎င်းက ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

”အမျိုးသမီးတွေက မလုံခြုံတဲ့ လုပ်ငန်းခွင်တွေမှာ အခွင့်အရေးချိုး ဖောက်မှုတွေနဲ့ အလုပ်လုပ်နေကြရတယ်။ ဒါပေမယ့် မြန်မာအစိုးရကပဲ ဖြစ်ဖြစ် ကုမ္ပဏီကပဲဖြစ်ဖြစ် ဒါတွေ ရပ်တန့် သွားအောင်လုပ်ပေးတာမျိုး မတွေ့ရ ဘူး”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုကပြောသည်။ ယင်းရုပ်သံမှတ်တမ်းရရှိရန် ဇန် နဝါရီလမှ ဧပြီလအထိ လေးလတာ အချက်အလက် စုဆောင်းခဲ့ပြီး မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့ နယ်တို့ရှိ နာမည်ကြီးအဝတ်အထည် ကုမ္ပဏီခွဲများတွင် လုပ်ကိုင်နေသည့် အလုပ်သမား ၆၆ ဦးအား တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

ယင်းရုပ်သံထဲတွင် အလုပ်ရှင် များက အလုပ်သမများအား တစ်နေ့ လျှင် ၁၁ နာရီထိ အလုပ်လုပ်ခိုင်းပြီး အစာစားချိန်နှင့် အိမ်သာသွားချိန် တို့ကိုပါ ချုပ်ချယ်ကြောင်း၊ သောက် သုံးရေသန့်ရှင်းမှု မရှိခြင်း၊ အလုံပိတ်ခန်းအတွင်း ခိုင်းစေခြင်းတို့ကြောင့် ကျန်းမာရေးများ ထိခိုက်ရကြောင်း၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ရန်ပုံငွေ ကောက်ခံထားသော်လည်း လုပ်ငန်းခွင်အတွင်းထိခိုက်နစ်နာမှု များအတွက် လူမှုဖူလုံရေးအကျိုးခံစား ခွင့်များကို ငြင်းပယ်ထားကြောင်း ဆိုသည်။ ”လုပ်ငန်းခွင်အတွင်းက အလုပ် သမားတွေအကြောင်း၊ ဘာချုပ်နေ တယ်ဆိုတဲ့အကြောင်း ဘယ်သူကိုမှ ပြောခွင့်မရှိဘူး၊ ကိုယ့်ဘာသာ ကိုယ် အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်လည်း မရှိဘူး။ အဲဒီစည်းကမ်းတွေ ချိုး ဖောက်ရင် အလုပ်ဖြုတ်ခံရတယ်”ဟု စက်ချုပ်ရုံတစ်ရုံတွင် လုပ်ကိုင်နေ သည့် မနှင်းချယ်ရီက ပြောသည်။ အစိုးရအနေဖြင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများထံမှ ရရှိမည့်အကျိုး အမြတ်ထက် အလုပ်သမားများ၏ဘဝကို စဉ်းစားပေးနိုင်သည့်ရင်းနှီးမြှုပ်နှံ သူများကို လက်ခံသင့်သည်ဟု မြန်မာ့ အမျိုးသမီးသမဂ္ဂက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*