ပြည်ခိုင်ဖြိုးပါတီနှင့် အဖွဲ့အစည်းနှစ်ခုသို့ လှူဒါန်းခဲ့သည့်ငွေများကို လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်လွှဲအပ်ရန် နိုင်ငံတော်သမ္မတရုံးက အကြောင်းကြားစာ ပေးပို့

ပြည်ခိုင်ဖြိုးပါတီနှင့် အဖွဲ့အစည်းနှစ်ခုသို့ လှူဒါန်းခဲ့သည့်ငွေများကို လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်လွှဲအပ်ရန် နိုင်ငံတော်သမ္မတရုံးက အကြောင်းကြားစာ ပေးပို့
April 26, 2017 Asian Fame

10:41 am
ပြည်ခိုင်ဖြိုးပါတီနှင့် အဖွဲ့အစည်းနှစ်ခုသို့ လှူဒါန်းခဲ့သည့်ငွေများကို လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်လွှဲအပ်ရန် နိုင်ငံတော်သမ္မတရုံးက အကြောင်းကြားစာ ပေးပို့

USDP 1

ဦးမင်း
မကွေး၊ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် အဖွဲ့အစည်းနှစ်ခုသို့ လှူဒါန်းခဲ့သည့် ငွေများကို လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်လွှဲအပ်ရန် နိုင်ငံတော်သမ္မတရုံးက အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ယခင် အစိုးရလက်ထက်တွင် မကွေးတိုင်းအတွင်း ရေ နံလက်ယက်တွင်းများမှ ရရှိနိုင်ဖွယ်ရှိခဲ့သည့် ကျပ်ငွေ ၂ ဒသမ ၈ ဘီလျံ ကိစ္စနှင့်ပတ်သက်၍ ၂ဝ၁၆ ခုနှစ် မေလက ပြည်သူ့လွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့ကြောင်း ယင်း မေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင် စုအစိုးရအဖွဲ့က ပြည်ထောင်စုစာ ရင်းစစ်ချုပ်နှင့် အထူးစုံစမ်းရေးအ ဖွဲ့တို့ဖြင့် စစ်ဆေးခဲ့ရာငွေကျပ်သန်း ပေါင်း ၇၄၅၉ သန်းအထိ ရှိခဲ့ သည်ဟု သိရခဲ့ခြင်းဖြစ်ပြီး အ ဆိုပါငွေများအနက် ကြံ့ခိုင်ရေး ပါတီသို့လှူဒါန်းခဲ့သည့် မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေ ကျပ် ၁ ဒသမ ၇ ဘီလျံကိုလည်း ကောင်း၊ တိုင်းကြံ့ခိုင်ရေးပါတီသို့ လှူဒါန်းခဲ့သော မော်တော်ယာဉ် လေးစီး၊ ခြေု့သနူသေိနမ တစ်စီး၊ ပဲ့ထောင်ရေယာဉ် နှစ်စီးတို့ကိုလည်း ကောင်း၊ ရွှေသုခ အသေးစားငွေ ရေးကြေးရေးလုပ်ငန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည့် ငွေကျပ် ၁ ဒသမ ၅၇ ဘီလျံကျော်ကိုလည်းကောင်းသုံးစွဲထားကြောင်း စစ်ဆေးသိရှိခဲ့ သည်။

ထို့ကြောင့် ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြု တင်ပြချက်ရယူ၍ ယခင်မကွေးတိုင်း ဝန်ကြီးချုပ် ဟောင်း ဦးဘုန်းမော်ရွှေ၊ ဖျက်သိမ်း ပြီးဖြစ်သော တိုင်းဖွံ့ဖြိုးရေး ဖောင် ဒေးရှင်းဥက္ကဋ္ဌနှင့် ရွှေသုခအသေး စားငွေရေးကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့ထံ အသိပေးဆောင် ရွက်ရန်နှင့် လက်ရှိတိုင်းအစိုးရအ ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းပေး အပ်ရန်၊ အဆိုပါတောင်းခံချက် များအား လွှဲပြောင်းပေးအပ်ခြင်း မပြုပါက တည်ဆဲဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်သွား ရန်ဟု နိုင်ငံတော်သမ္မတရုံးက အ ကြောင်းကြားခဲ့ကြောင်း ဧပြီ ၂၅ ရက်နေ့ နံနက်က တိုင်းအစိုးရရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဦးအောင်မိုး ညိုက ပြောကြားသည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြောထားတာတော့ နိုင်ငံရေးပါတီ တစ်ရပ်ဟာ ပြည်ပက အသင်းအဖွဲ့ တွေဆီက အထောက်အပံ့မယူရ ဘူးလို့ ဒီအတိုင်းပဲပြောထားတယ်။ သို့သော်လည်းပဲ နိုင်ငံရေးပါတီတွေ ထူထောင်ခြင်း စည်းမျဉ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေမှာတော့ နိုင်ငံ ပိုင်ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်းကို နိုင်ငံရေးပါတီအနေနဲ့ မသုံးရဘူး လို့ ပါတယ်။ နိုင်ငံရေးပါတီ မှတ်ပုံ တင်ခြင်း ဥပဒေမှာ ဒါတွေပါတယ်။ အဲဒီမှာ စည်းကမ်းဥပဒေ ချိုးဖောက် တယ်ဆိုရင်တော့ ချိုးဖောက်တဲ့အ တိုင်းပဲ ကျွန်တော်တို့က အရေးယူ ရမှာပေါ့။ ဘာပြုလို့လဲဆိုတော့ ဒီ ဘဏ္ဍာငွေတွေဟာ ကျွန်တော့်ပိုက် ဆံလည်းမဟုတ်ဘူး၊ ဦးထင်ကျော် ပိုက်ဆံလည်း မဟုတ်ဘူး၊ ဦးသိန်း စိန်ပိုက်ဆံလည်း မဟုတ်ဘူး၊ ပြည် သူ့ဘဏ္ဍာငွေတွေ။ ဒီငွေတွေကို သုံးတဲ့အခါမှာ စည်းနဲ့ကမ်းနဲ့ပဲ သုံးရပါတယ်။ နိုင်ငံရေးပါတီတစ်ခု ကို ပေးခွင့်မရှိဘူး။ ပေးခွင့်မရှိဘဲနဲ့ ပေးပါတယ်ဆိုရင် ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းအတိုင်းပဲ အ ရေးယူရမှာပါ”ဟု မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဦးအောင်မိုး ညိုက မီဒီယာများ၏မေးမြန်းချက် ကို ဖြေကြားခဲ့သည်။

မကွေးတိုင်းဥပဒေချုပ် ဦးစန်း လင်းက ”အများပိုင်တဲ့ငွေကို အလွဲ သုံးတယ်ဆိုရင် ၁၉၆၃ ခုနှစ် အ များနှင့်သက်ဆိုင်သည့်ပစ္စည်း ကာ ကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ပေါ့နော်။ ဒီမှာက ပြည် ထောင်စုရှေ့နေချုပ်ရုံးကလည်း အကြံပေးထားတာ ရှိတယ်လေ။ အဲဒီမှာ အရေးယူလို့ရတဲ့အပိုင်း တွေလည်း တွေ့ရပါတယ်။ တချို့ ငွေကတော့ မသဲကွဲသေးဘူးပေါ့။ ဒါနဲ့ပတ်သက်လို့ ဘယ်သူ့မှာ တာ ဝန်ရှိလဲဆိုတာ ကျွန်တော်တို့က ဆက်ပြီးတော့ စုံစမ်းသွားရမှာပါ။ အဲဒီအခါမှာလည်းပဲ ဥပဒေအကြံဥာဏ် တောင်းခံလာတဲ့အခါမှာ ကျွန်တော်ကိုယ်တိုင် အကြံပြုသွား မှာ ဖြစ်ပါတယ်။ ကျွန်တော့်အ ဆင့်နဲ့ အကြံÓဏ်ပေးဖို့ ခက်ခဲ မယ်ဆိုရင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံဥာဏ်ကို ရယူသွားပါမယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တော့ စိတ်မကောင်းပါဘူး။ ကျွန် တော်တို့အစိုးရအဖွဲ့က ဒါမျိုးမဖြစ်အောင်လုပ်နေတာလည်း အားလုံး အသိပါပဲ”ဟု ဖြေကြားခဲ့သည်။

ယခုအစိုးရလက်ထက်တွင် မကွေးတိုင်း မင်းလှမြို့နယ်နှင့် သ ရက်မြို့နယ်များအတွင်း ရေနံမှော် ပေါင်း ၄ဝ ကျော်တည်ရှိပြီး ပုဂ္ဂလိက ရေနံချက်လုပ်ခွင့်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အဆိုပါရေနံမှော်များမှ ထွက်ရှိသည့်ရေနံများအား မုံရွာမြို့ သို့ တင်ပို့ချက်လုပ်လျက်ရှိကြောင်း၊ ယင်းသို့ ရေနံများသယ်ယူခွင့်အ တွက် တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန် ပုံငွေအဖြစ် ရေနံတစ်ပီပါလျှင် ကျပ် ၃ဝဝဝ နှုန်း သတ်မှတ်ထားကြောင်း ယင်းငွေများကို မြန်မာ့စီးပွားရေး ဘဏ်ရှိ အစိုးရဘဏ်စာရင်းထဲသို့ လုပ်ငန်းရှင်များက တိုက်ရိုက်ထည့် သွင်းစေကြောင်း အဆိုပါ ရန်ပုံငွေ ကို ၂ဝ၁၆ ခုနှစ် ဇွန် ၂ ရက်နေ့က စတင်ကောက်ခံခဲ့ရာ ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ကျပ်သန်း ၁၄ဝဝ ကျော်ရရှိထားကြောင်း တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*