သင်္ကြန်ရက်များ အတွင်း ယာယီခွင့်ပြု ဆိုင်ခန်းများကြောင့်  တောင်သမန်အင်းဇောင်းမှ မယ်ဇယ်ပင် အချို့ ပျက်စီးခဲ့

သင်္ကြန်ရက်များ အတွင်း ယာယီခွင့်ပြု ဆိုင်ခန်းများကြောင့်  တောင်သမန်အင်းဇောင်းမှ မယ်ဇယ်ပင် အချို့ ပျက်စီးခဲ့
April 26, 2017 Asian Fame

3:20 pm
သင်္ကြန်ရက်များ အတွင်း ယာယီခွင့်ပြု ဆိုင်ခန်းများကြောင့်  တောင်သမန်အင်းဇောင်းမှ မယ်ဇယ်ပင် အချို့ ပျက်စီးခဲ့

MDY-(Mazal-Plant)-(2)(မန္တလေး၊ ဧပြီ ၂၅)

Natural Green Alliance သဘာဝစိမ်း အဖွဲ့က စိုက်ပျိုးထား သည့် တောင်သမန်အင်းဇောင်း မှမယ်ဇယ်ပင် များသည် သင်္ကြန်ရက် များအတွင်း ယာယီ ခွင့်ပြုဆိုင်ခန်း များကြောင့် ထိခိုက်ပျက်စီးမှု တို့ရှိခဲ့ ကြောင်း သိရသည်။

၎င်းတို့အနေနှင့် ယခုနှစ် ဇန် နဝါရီ ၄ ရက်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဦးပိန်တံတား အနီး တောင်သမန်အင်းဇောင်း တစ်လျှောက် မယ်ဇယ်ပင် ၁၉ ပင် စိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆိုင် ခန်းများကြောင့် အပင် ၉ ပင်ခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထိခိုက် ပျက်စီးခဲ့သည့် မယ်ဇယ်ပင်များ အား အမြစ်ဆေး ကျွေးခြင်း၊ ရေ လောင်းခြင်း၊ လဲနေသည့် အပင်များ အား ပြန်လည် တည့်မတ်ပေးခြင်း တို့ဖြင့် ဧပြီ ၂၃ ရက်က အဖွဲ့ဝင် များ စုပေါင်းပြီး ပြန်လည် ရှင်သန် လာအောင် လုပ်ဆောင်ခဲ့ပြီးဖြစ် ၍  တိုင်းဒေသကြီး အစိုးရဘက်က လိုအပ်သလို ဆက်လက် စီမံလုပ် ဆောင်ပေးရန် တောင်းဆိုထား ကြောင်း သိရသည်။

”နောက်တစ်ခါ ဒီနေရာတွေ မှာ စားသောက်ဆိုင်တွေ ခွင့်ပြုပေး မယ်ဆိုရင်လည်း ကောင်းမွန်တဲ့ စီမံ ခန့်ခွဲမှုနဲ့ပဲလုပ်ကြပါ။ အရင်း အမြစ် တွေ ရေရှည်တည်တံ့ဖို့ ထိန်းသိမ်း ပေးကြပါ။ လုပ်(စိုက်)ထားတဲ့သူ တွေက လုပ်ပေးထားတာ ကိုတောင် မစောင့်ရှောက် မကာကွယ်နိုင်ဘူး ဆိုရင် မကောင်းဘူးပေါ့ဗျာ” ဟု Natural Green Alliance သဘာဝ စိမ်းအဖွဲ့နှင့် စိမ်းရောင်စို Activities  တို့မှဦးဆောင်သူ  ကိုမောင်မောင် ဦးက ပေါ်ပြူလာနယူးစ်နှင့် တွေ့ ဆုံစဉ်ပြောသည်။

အဆိုပါ မယ်ဇယ်ပင်များသည် တစ်ပင်လျှင် သုံးသောင်းကျပ် တန် ဖိုးရှိပြီး တောင်သမန်၏  ဂုဏ်ဒြပ် တင့်တယ်စေရန်နှင့် တောင်သမန် ဝန်းကျင် စိမ်းလန်း စိုပြည်စေရန် ရည်ရွယ် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နှစ်ကလည်း မယ်ဇယ်ပင် ၆၉ ပင် စိုက်ပျိုးခဲ့ဖူးကြောင်း၊ ၂ ပင် သာလျှင် ရှင်သန်ကျန်ရစ်ကြောင်း သိရသည်။

”လွတ်လပ်ရေးနေ့က မြေခုံ အမြင့်ကြီး တည်ပြီး ၁၉ ပင်ထပ် စိုက်ပါတယ်၊ အပတ်စဉ် နီးပါးရေ လောင်းပေါင်းသင် လုပ်ကြတယ်၊ သင်္ကြန်မှာ ဆိုင်ခန်းငှားစားကြ တော့ ပေးဆပ် ထားသမျှကို အသိ အမှတ်မပြုကြတော့ဘူး။ ဆိုင်ခန်း ငှားတာ မပြောလိုပေမယ့် အကာ အကွယ် မပေးတာဟာ ကြီးမားတဲ့ လစ်ဟာမှု တာဝန်မဲ့မှု အဖြစ် မြင် မိပါတယ်” ဟု ကိုမောင်မောင်ဦး က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်ထံ အကြောင်း ကြားစာ တစ်စောင်ပေးပို့ထားပြီး ဒုတိယအကြိမ် တောင်သမန်အင်း ဇောင်း၌ စိုက်ပျိုးထားသော မယ် ဇယ်ပင်များ ထိခိုက်ဆုံးရှုံးမှု အတွက်  လိုအပ်သလို စီစဉ်ဆောင်ရွက် ပေးပါရန်ဟူ၍ တင်ပြထားသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*