တိုင်းပြည် အကျိုးပြုခွေးလေး များကို ကူညီစောင့်ရှောက်မည့် For Brave Dog ပရဟိတအဖွဲ့ ဖွဲ့ရန် စီစဉ်နေ

တိုင်းပြည် အကျိုးပြုခွေးလေး များကို ကူညီစောင့်ရှောက်မည့် For Brave Dog ပရဟိတအဖွဲ့ ဖွဲ့ရန် စီစဉ်နေ
April 26, 2017 Asian Fame

3:49 pm
တိုင်းပြည် အကျိုးပြုခွေးလေး များကို ကူညီစောင့်ရှောက်မည့် For Brave Dog ပရဟိတအဖွဲ့ ဖွဲ့ရန် စီစဉ်နေ

dog1(ရန်ကုန်၊ ဧပြီ ၂၄ )

တိုင်းပြည် အကျိုးပြုခွေးလေးများ အား ကူညီစောင့်ရှောက်မည့် For Brave Dog (FBD)  ပရဟိတ အဖွဲ့ကို မိုင်းရှင်း လင်းရေးခွေး တပ်ကြပ်ကြီး မိုက်ကယ် တစ်လပြည့်နေ့တွင် တရားဝင် ပရဟိတ အဖွဲ့အဖြစ် ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသူ ဒါရိုက်တာ ကြည်ဖြူသျှင်က ”သူ(မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဗုံး ရှင်းလင်းရေးအဖွဲ့မှ တပ်ကြပ် ကြီး မိုက်ကယ် ) သည် ခွေးတစ်ကောင်ဖြစ် သော်လည်း တိုင်းပြည် အကျိုးကို သယ်ပိုး တယ်။ သူ့လိုပဲ ကျန်နေသေးတဲ့ တိုင်းပြည် အကျိုးဆောင် ခွေးလေးတွေကို စောင့် ရှောက်ဖို့ ဒီအဖွဲ့ကိုဖွဲ့လိုက်တာပါ” ဟု အဆိုပါ အဖွဲ့ကို ဦးဆောင် ဖွဲ့စည်းသူ ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောသည်။

အဆိုပါ For Brave Dog ပရဟိတ အဖွဲ့သည် လုံခြုံရေးနှင့် မူးယစ်ဆေးဝါး ရှာဖွေရေး သင်တန်းဆင်း ခွေးများကို ကူညီထောက်ပံ့ပေး မည့် အဖွဲ့ ဖြစ်သည်။ ၄င်းအဖွဲ့၏ Logo ကို သင်္ကြန်ကာလ အတွင်းတွင် တာဝန် ထမ်းဆောင်နေရင်း သေဆုံး သွားသည့် တပ်ကြပ်ကြီး မိုက်ကယ် ၏ပုံကို အခြေခံပြီး ရေးဆွဲ သွားမည်ဟုသိရ သည်။

dog2”မေလ ၁၅ ရက်နေ့မိုက်ကယ် တစ်လ ပြည့်တဲ့နေ့မှာ တပ်ကြပ်ကြီး မိုက်ကယ်ကို ဂုဏ်ပြုသော အားဖြင့် ကျွန်မတို့ ဒီအဖွဲ့ ကိုတရား ဝင် ကြေညာ သွားမယ်။ သူတို့တွေ က အသားကောင်းကောင်း ကို ကြိုက်တတ် တယ်။ အဲဒီအတွက်သူတို့ အစားအသောက် အတွက် ကျန်းမာရေး အတွက် လိုအပ်တာ တွေကိုဝိုင်းပြီး ကူညီထောက်မတဲ့ သဘောပါ”ဟု ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောသည်။

တပ်ကြပ်ကြီး မိုက်ကယ်သည် ၂ဝ၁၇ ခုနှစ်၊ မဟာသင်္ကြန်တွင် ပြည်သူများ အန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်အေးချမ်း မြေ့ ပျော် ရွှင်စွာ ရေ ကစားနိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ သင်္ကြန်မဏ္ဍပ် များ၌ မိုင်းရှာဖွေသည့် တာဝန် ထမ်းဆောင် နေစဉ် အစာအိမ် သွေးကြောပေါက်ပြီး  ဧပြီ ၁၅ ရက်တွင် သေဆုံးသွားခဲ့သည်။

လုံခြုံရေးနှင့် မူးယစ်ဆေးဝါး ရှာဖွေ ရေးသင်တန်းဆင်း ခွေးများအတွက် တစ်ကောင်လျှင် တစ်လ ကုန်ကျစရိတ်မှာ အစားအသောက် အတွက် ကျပ်သုံးသောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကျပ်တစ်သောင်း စုစုပေါင်းကျပ် လေး သောင်း ကုန်ကျသည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*