ကင်ဂျုံအန်သည် တစ်ပါးသူတို့ အပေါ် ယုံမှား သံသယဖြစ်မှု အထူး လွန်ကဲနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ဆို

ကင်ဂျုံအန်သည် တစ်ပါးသူတို့ အပေါ် ယုံမှား သံသယဖြစ်မှု အထူး လွန်ကဲနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ဆို
April 26, 2017 Asian Fame

11:54 am
ကင်ဂျုံအန်သည် တစ်ပါးသူတို့ အပေါ် ယုံမှား သံသယဖြစ်မှု အထူး လွန်ကဲနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ဆို

america(နယူးယောက်၊ ဧပြီ ၂၅)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် တစ်ပါးသူတို့ အပေါ် ယုံမှား သံသယဖြစ်မှု အထူး လွန်ကဲနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် မစ္စ နစ်ကီဟာလီက ယမန်နေ့က စာနယ်ဇင်းများ နှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး၊ မြောက်ကိုရီးယားတို့ နျူလက်နက် စမ်းသပ်မှုကို ထပ်မံပြုလုပ်မည် ဆိုပါက အမေရိကန် ကတိုက်ခိုက် မည်ကို ကြိုတင် ဟန့်တားရန် မဖြစ်နိုင်ကြောင်း ကိုလည်း ပြောပါသေးသည်။

ထို့အပြင် မြောက်ကိုရီးယားတို့ ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ခြင်းကို ရပ်တန့်ရန် တရုတ်တို့က ဖိအားပေး တောင်းဆိုပေးနေခြင်း ကိုလည်း မိမိ အနေဖြင့် ချီးကျုးကြောင်း ပြောသေးသည်။

မြောက်ကိုရီးယားတို့ နောက်ထပ် ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု (သို့) နျူလက်နက် ထပ်မံစမ်းသပ်မှုကို ပြုလုပ်မည် ဆိုပါက မည်သို့ဖြစ်နိုင် မည်နည်း ဟု စာနယ်ဇင်းဆရာများ ကမေးရာတွင်မူ သူမက ”ဒါကတော့ ဘာဆက်လုပ်ရမယ် ဆိုတာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက် ပေါ်မှာပဲ မူတည်ပါလိမ့်မယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

”ကင်ဂျုံအန်ဟာ လူတကာကို ယုံမှား သံသယဖြစ်တာ အင်မတန် လွန်ကဲနေတာကို ရှင်တို့တွေ့နိုင်ပါတယ်။ ကျွန်မတို့ကလဲ သူ့ကိုဆက်ပြီး ဖိအား ပေးနေရဦးမှာပါပဲ။ အမေရိကန် ကလဲ စစ်ပွဲတိုက်ခိုက်ဖို့ကို မျှော်လင့် စောင့်စားနေတာ မဟုတ်ပါဘူး”ဟု မစ္စနစ်ကီ ဟာလီကပြောပါသည်။

PN – 002
Ref: Kim Jong-un is starting to get ‘very paranoid’, UN ambassador warns

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*