ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သစ်ခိုးထုတ်သူပေါင်း ၈ဝဝ ကျော် ဖမ်းဆီးရမိခဲ့

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သစ်ခိုးထုတ်သူပေါင်း ၈ဝဝ ကျော် ဖမ်းဆီးရမိခဲ့
April 26, 2017 Asian Fame

2:38 pm
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သစ်ခိုးထုတ်သူပေါင်း ၈ဝဝ ကျော် ဖမ်းဆီးရမိခဲ့

Wood

ဝေရှိုင်းကျော်
ရန်ကုန်၊ ဧပြီ ၂၄

တရားမဝင်သစ် ခိုးထုတ်သူ ပြည်တွင်းပြည်ပ တရားခံ ၈ဝဝ ကျော်ကို ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးမိခဲ့ ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ ဘဏ္ဍာရေးနှစ် အ တွင်း တိုင်းဒေသကြီး ပြည်နယ်များ ၌ တရားမဝင် ကျွန်း(၁၃၉၄၄ ဒသမ ၆၅၈၇)တန်၊ သစ်မာ (၁၂၉၇၇ ဒသမ ၁ဝ၂၇)တန်၊ အ ခြား (၂၃၁ဝ၄ ဒသမ ၇၃၇ဝ)တန်၊ စုစုပေါင်း (၅ဝဝ၂၆ ဒသမ ၄၉၈၄)တန် ဖမ်းဆီးရမိကြောင်း အထက် ပါဌာနမှ သိရသည်။

တရားမဝင် သစ်ဖမ်းဆီးရာ၌ တရားခံစုစုပေါင်း ၈၃၂၁ ဦးဖမ်း ဆီးရမိပြီး မြန်မာနိုင်ငံသား ၈၃၁ဝ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး ဖမ်း ဆီးအရေးယူခဲ့သည်။ အဆိုပါ တရားခံများသည် မွန်ပြည်နယ်တွင် အများဆုံးဖြစ်ပြီး ဒုတိယအများ ဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းစသော အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့ နှင့်အတူ တရားမဝင်သစ်ခိုးထုတ် ရာတွင် အသုံးပြုသည့် ယာဉ်ယန္တ ရားပေါင်း ၂၅၉၉ စီး ဖမ်းဆီးရ မိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အ တွင်း တရားမဝင်သစ် ဖမ်းဆီးရာ၌ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ် တောဦးစီးဌာနသည် တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ကို နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် တရားမဝင်သစ်တန်ချိန် လေး သောင်းကျော်နှင့် တရားခံ ငါး ထောင်ကျော်ရှိခဲ့ပြီး ယခုနှစ်တွင်မူ တရားခံ သုံးထောင်ကျော် တိုး လာကာ တရားမဝင်သစ်ခိုးထုတ် မူပါ တိုးလာသည်ကို တွေ့ ရသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၁၉၉ဝ ပြည့်နှစ်က ၅၇ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ယခု အခါ ၄၄ ရာခိုင်နှုန်းသာ ကျန်ရှိ တော့ကြောင်း ဗြိတိန်နိုင်ငံ အခြေ စိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁ဝ နှစ် စီမံကိန်း (Myanmar Refore-station and Rehabilitation Programme) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေပြီး စီမံကိန်းကာလကို ၂ဝ၁၇-၂ဝ၁၈ ခု နှစ်မှ ၂ဝ၂၁-၂ဝ၂၂ ခုနှစ်အထိ ပထမ ၅ နှစ်စီမံကိန်းနှင့် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၆-၂ဝ၂၇ ခုနှစ် အထိ ဒုတိယ ၅ နှစ်စီမံကိန်း နှစ်ခုခွဲထားဆောင်ရွက်မည်ဖြစ်သည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် တရားမဝင်သစ် ၄၆၁၅၃ ဒသမ ၁၅၈၄ တန်ချိန်နှင့် တရားခံ ၅၅၄၂ ဦး ဖမ်းဆီးရမိခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် တရားမဝင် သစ် ၅ဝဝ၂၆ ဒသမ ၄၉၈၄တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*