ဝေဖန်ခံနေရသော YBS ကိစ္စ တိုင်းအစိုးရ ရှင်းတော့မည်

ဝေဖန်ခံနေရသော YBS ကိစ္စ တိုင်းအစိုးရ ရှင်းတော့မည်
April 26, 2017 Asian Fame

10:28 am
ဝေဖန်ခံနေရသော YBS ကိစ္စ တိုင်းအစိုးရ ရှင်းတော့မည်

ybs

ဖြိုးထက်အောင်
ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်းလွှတ်တော်တွင် ဝေဖန်ခဲ့ကြသော YBS ယာဉ်လိုင်းစနစ်ကိစ္စနှင့် ပတ်သက်၍ လာမည့်ဧပြီ ၂၇ ရက်နေ့တွင် ဖြေကြားပေးသွားမည် ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရကပြောသည်။

ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ”ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည် သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်စေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက် များကို ပွင့်လင်းမြင်သာစွာချပြရေးအဆို” ကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ယောက် ကဆွေးနွေးခဲ့ကြပြီး လက်ရှိစနစ်မှာအဆင် မပြေများစွာရှိနေကြောင်း ဝေဖန်ခဲ့ကြသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ”နေပြည် တော်ကို အစည်းအဝေးကိစ္စနဲ့ ခရီးထွက် ခွာရပါမယ်။ ၂၆ ရက်နေ့မှာမှ ပြန်ရောက် မှာဖြစ်တဲ့အတွက် အဲဒီအဆိုကိုထောက်ခံ ဆွေးနွေးထားတဲ့အချက်တွေကို ပြန်လည် ဖြေကြားဖို့ကို ကျွန်မ ၂၇ ရက်နေ့မှာ ဖြေကြားပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ”တိုင်းဒေသကြီးအစိုးရ အနေနဲ့ ပြည်သူ့အတွက်ဝန်ဆောင်မှုပေး တဲ့ ဘယ်စီမံကိန်းမဆို သေချာလေ့လာပြီး မှ လက်တွေ့ စမ်းသပ်ပြီးမှလုပ်စေချင်ပါတယ်။ အခု ပြည်သူ့အတွက် YBS က ပြည်သူစိတ်ပျက် YBS ဖြစ်နေပါပြီ” ဟု ဆိုသည်။ ထို့အပြင် YBS ယာဉ်လိုင်းစနစ် ပြောင်းလဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးမှုအားနည်းခဲ့ခြင်း နှင့် ပတ်သက်၍လည်း လွှတ်တော်ကိုယ်စား လှယ်အချို့က ဝေဖန်ခဲ့သည်။

”လွှတ်တော် ကိုယ်စားလှယ်ဆိုတာ အသိပေးရုံသက်သက်ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ တိုင်ပင်ဆွေးနွေးအပ်တဲ့သူတွေပါ။ အသိပေးရုံသက်သက်လုပ်လို့မရပါဘူး။ ဒါကို သိရပါမယ်။ လွှတ်တော်ကိုယ်စားလှယ် မပြောနဲ့ လွှတ်တော်မှာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီဆိုတာရှိပါတယ်။ ဒီ ကိစ္စဆို ဒီကော်မတီနဲ့ တိုက်ရိုက်သက်ဆိုင် ပါတယ်။ ဒီလိုကော်မတီကြီးတောင်အဖက် လုပ်ပြီးမဆွေးနွေးဘူးဆိုတော့ ပြန်စဉ်းစားသင့်ပါပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒ နယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က ပြောသည်။ YBS အဆိုကို လွှတ်တော်တွင်ဆွေး နွေးသော ဧပြီလ ၂၄ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဆောင်ရွက်ရန် ကိစ္စရှိသည်ဟုဆို၍ လွှတ်တော်မှခွင့်ယူခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*