ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့် သမ္မတရုံး အဖွဲ့ဝင် တစ်ဦး အဖြစ်ဖြင့် ပထမဆုံး ပြည်ပ ခရီးစဉ်စတင်

ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့် သမ္မတရုံး အဖွဲ့ဝင် တစ်ဦး အဖြစ်ဖြင့် ပထမဆုံး ပြည်ပ ခရီးစဉ်စတင်
April 26, 2017 Asian Fame

11:45 am
ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့် သမ္မတရုံး အဖွဲ့ဝင် တစ်ဦး အဖြစ်ဖြင့် ပထမဆုံး ပြည်ပ ခရီးစဉ်စတင်

Trumph-Daughter(ဘာလင်၊ ဧပြီ ၂၅)

ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့်သည် သူ့ဖခင်၏ သမ္မတရုံး အဖွဲ့ဝင် တစ်ဦး အဖြစ်ဖြင့် ပထမဆုံး ပြည်ပ ခရီးစဉ်ကို ယနေ့စတင် ထွက်ခွာပြီဖြစ်သည်။

အီဗန်ကာထရမ့်၏ ခရီးစဉ်မှာ ကွမ်တမ် ဓာတုဗေဒပညာရပ်ဖြင့် ဒေါက်တာ ဘွဲ့ရခဲ့သည့် နိုင်ငံရေးသမား တစ်ဦးဖြစ်သူ မစ္စ အင်ဂျလာ မာကယ်လ် ဦးဆောင်လျှက် ရှိသည့် ဂျာမနနိုင်ငံ သို့ဖြစ်ပြီး၊ အသက် ၃၅ နှစ်ရှိနေပြီဖြစ်သော အီဗန်ကာထရမ့်နှင့် အတူ သမ္မတအကြံပေး အဖြစ် တာဝန်ယူထားသော သူ့ခင်ပွန်းဖြစ်သူ ဂျရက်ကုရှ်နာလည်း ပါဝင်သည်။

အမေရိကန် သမ္မတ၏ သမီးကြီး အီဗန်ကာထရမ့်သည် အင်ဂျလာမာကယ်လ် ၏ ဖိတ်ကြားချက် အရ ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်သို့ ရောက်ရှိပြီးနောက် နိုင်ငံတကာ ထိပ်သီး အမျိုးသမီး၂၀ တွေ့ဆုံပွဲ(Women20 summit )တွင် ပါဝင်ဆွေးနွေးမည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲ၏ ဦးတည်ချက် ဆောင်ပုဒ်မှာ ”အမျိုးသမီးများ၏ စီးပွားရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များ မြင့်မားလာစေရေး”ဟူ၍ဖြစ်သည်။

အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သော အီဗန်ကာထရမ့်သည် ယခင်က ဖက်ရှင်မော်ဒယ် တစ်ဦးလုပ်ခဲ့ဖူးသေးကာ ယခုသူ့ဖခင် ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာသည်တွင် ဖခင်၏ လက်ထောက် အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသည်။

PN-002
Ref: Ivanka Trump in Germany: First Daughter Leaves Some Women Scratching Their Heads

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*