အလည်အပတ် ဗီဇာနှင့် သွားသူများ အလုပ်လုပ်ခွင့် ရနေသဖြင့် မလေးရှားသို့ တရားမဝင်သွားသူ များနေ

အလည်အပတ် ဗီဇာနှင့် သွားသူများ အလုပ်လုပ်ခွင့် ရနေသဖြင့် မလေးရှားသို့ တရားမဝင်သွားသူ များနေ
April 26, 2017 Asian Fame

2:41 pm
အလည်အပတ် ဗီဇာနှင့် သွားသူများ အလုပ်လုပ်ခွင့် ရနေသဖြင့် မလေးရှားသို့ တရားမဝင်သွားသူ များနေ

(ရန်ကုန်၊ ဧပြီ ၂၅)

အလည်အပတ် ဗီဇာနှင့်သွား သူများပါ အလုပ် လုပ်ခွင့်ရနေသဖြင့် လက်ရှိတွင် မလေးရှားသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်မှု များ ပြားနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင် များအသင်းချုပ် (MOEAF) မှ သိရသည်။

ရခိုင်ပြည်နယ် အရေး နှင့်ပတ်သက်၍ မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား ပို့ခွင့်ပိတ်ထားသော်လည်း ပွဲစားများဖြင့် ချိတ်ဆက်ကာ တရားမဝင် သွားရောက်နေသော လုပ်သားများရှိ ကြောင်း MOEAF မှ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူက ပြောသည်။

”ပွဲစားကို တစ်သိန်းရှစ်သောင်းလောက် ပေးရင်ရ နေတယ်။ သွားမယ့်သူက လေဆိပ်မှာ လဝက၊ SB?၊ အလုပ်သမား ဝန်ကြီးဌာန အဲ့ဒါတွေကို ဘယ်လိုတွေ ဖြတ်သန်းပြီး သွားလဲတော့ မသိဘူး။ ဟိုကို တရား မဝင် ထွက်တာတွေ များလာတယ်။ ဘာလို့များလာ လဲဆိုတော့ မလေးရှားကို အလုပ်သမား ပို့ခွင့် ပိတ် လိုက်တဲ့အခါ  မလေးအစိုးရက ပုံစံ တစ်မျိုးပြောင်း လိုက်တယ်။ အလည်အပတ် ဗီဇာနဲ့သွားလည်း ဟိုရောက်ရင် work permit ထုတ်ပေးတယ်” ဟု ၄င်းကဆိုသည်။

ယင်းကြောင့် မြန်မာနိုင်ငံလေဆိပ် မှ ရိုးရိုး အလည်အပတ် ဗီဇာဖြင့်ထွက်ကာ မလေးသို့အလုပ် သွားလုပ်သောသူများ များပြား လာခြင်းဖြစ်ကြောင်း ဦးမြတ်သူက ဆိုသည်။

”ဒီလိုတရားမဝင် ထွက်နေတဲ့ အလုပ်သမား တွေအတွက် ပြဿနာဖြစ်ရင် ဖြေရှင်းပေးမယ့်သူ မရှိဘူး။ နစ်နာတယ်။ အခုဆိုရင်လည်း မလေးနဲ့ မြန်မာ နိုင်ငံရေး ပြဿနာလည်း မရှိတော့ဘူး။ ဟိုဘက်မှာလည်း အားလုံး အေးဆေးနေပြီ။ ပြန်ဖွင့်ပေးသင့်ပြီ”ဟု ၄င်းကဆို သည်။

မလေးရှားသို့ အလုပ်သမား ပို့ခွင့် ပြန်လည် ခွင့်ပြုပေးရန်နှင့်ပတ်သက်၍ မလေးရှား နိုင်ငံရှိ မြန်မာသံရုံးက ခွင့်ပြုရန် မသင့်သေးကြောင်း မှတ်ချက်ပြု ထားသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနက ပြောကြားထားဖူးသည်။

တရားမဝင် သွားရောက်မှုများနှင့် ပတ်သက်၍ မိုးယံပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ထင်ကျော် က ”ထွက်တဲ့ သူတွေ အများကြီးပဲ။ မလေးရှားကိုက ပိတ်ထား တာကိုး။ ၂ဝ၁၆ ခုနှစ်နိုဝင်ဘာလအထိ မလေးကို လာတဲ့ ရိုးရိုးဗီဇာ နဲ့လူတွေကို  သက်တမ်း တစ်နှစ် ပေးတယ်။   အဲဒီ တစ်နှစ်ကုန်ရင် ပြန်ရမှာ။ ၂ဝ၁၆ နိုဝင် ဘာ နောက်ပိုင်း လာတဲ့သူတွေကို မပေးတော့ ဘူးလို့ မလေး အစိုးရက ပြောထားတယ်။ ဒါပေမယ့် ဒီကနေပို့တဲ့ ပွဲစားတွေက ဟိုမှာ အလုပ် လုပ် လို့ရတယ်။ ရိုးရိုးဗီဇာနဲ့ လည်းရတယ်ဆိုပြီး စည်းရုံးပြီးပို့နေတာ။ အဲ့ဒါ ကလေးတွေ ဒုက္ခရောက်မှာ”ဟု  ပြောသည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်နှင့် အဖွဲ့က မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ  ၄ ရက်နေ့တွင် ဆန္ဒထုတ် ဖော်ခဲ့ပြီး မလေးရှားရှိ မြန်မာနိုင်ငံသား အလုပ်သမား များနှင့် ပတ်သက်၍ လှုံ့ဆော်မှုများ ရှိခဲ့သော ကြောင့် မြန်မာ အစိုးရက မလေးရှားသို့ အလုပ်သမား ပို့ဆောင်ခွင့်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*