မန်းရှိ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းမှ မီးခံသေတ္တာ အခိုးခံရ

မန်းရှိ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းမှ မီးခံသေတ္တာ အခိုးခံရ
April 26, 2017 Asian Fame

11:36 am
မန်းရှိ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းမှ မီးခံသေတ္တာ အခိုးခံရ

Man-Wun-gyi(မန္တလေး၊ ဧပြီ ၂၅ )

မန္တလေးတိုင်း အစိုးရအဖွဲ့ ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ရုံး ခန်းမှ မီးခံသေတ္တာ အလုံးလိုက် အခိုး ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝန်ကြီးပြည်ပ ခရီးသွားရောက်နေစဉ် အတွင်း ဖြစ်ပွား ခဲ့သည်ဟုသုံးသပ်ပြီး ဧပြီ ၂၄ ရက် ရုံးပြန်ဖွင့်ချိန်  ဝန်ကြီးဖြစ်သူ ရုံးသို့ ရောက် ရှိစဉ် မီးခံသေတ္တာ မတွေ့ ရတော့သဖြင့်  ခိုးယူခံရသည်ကို သိလိုက်ကြောင်း၊ ခြေရာလက်ရာ မပျက် သော့တူဖြင့် ဖွင့်ဝင်ပြီး မီး ခံသေတ္တာ အလုံးလိုက် မယူသွား ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

”တိုင်းရင်းသားရေးရာ ဝန်ကြီး တစ်ယောက် အနေနဲ့တော့ ဘာစာ ရွက်စာတမ်းမှ မထားထားပါဘူး။ ကိုယ်ပိုင်တဲ့ ပစ္စည်း ကိုယ်ပိုင် တဲ့ ငွေပဲ ထားထားတာပါ၊ အစိုးရ ငွေ လည်းမထားထားပါဘူး၊  ကျွန်တော် က အစိုးရငွေ လည်း မကိုင်ပါဘူး၊ အခုက ကိုယ့်ကိုယ်ပိုင်ငွေ နဲ့ ပစ္စည်း ပဲပါသွားတာပါ၊ လုပ်တဲ့သူက အ တွင်းသိပဲဖြစ်မှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ စီစီတီဗီ ကင်မရာတွေ အကုန်လုံးကို ဝါးလုံး နဲ့ အပေါ် ထောင်ပြီးမှ လုပ်တာကိုး။  စီစီတီဗီ ကင်မရာတွေကို သူ့နေရာ နဲ့သူ ချိန် ထားပြီးသားကို ဝါးလုံးနဲ့ အပေါ် ထောင်လိုက်တယ်၊ ဒီတော့စီစီတီဗီ ကင်မရာတွေက မိုးပေါ် ထောင်နေတာပေါ့” ဟု ဧပြီ ၂၅ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံ စဉ်ဝန်ကြီး က ပြောသည်။

အစိုးရအဖွဲ့ရုံး အတွင်း ဝန် ကြီး တစ်ဦး၏ရုံးခန်းတွင် ခြေရာ လက်ရာမပျက် မီးခံသေတ္တာ အလုံး လိုက် ပျောက်သွားခြင်း ဖြစ်သဖြင့် လည်း လူစိတ်ဝင်စားမှု ရှိခဲ့ပြီး အ ဆိုပါ ကိစ္စနှင့် ပတ်သက်၍လည်း ဝန်ကြီးက ”ဖောက်ထွင်းတယ်လို့ တော့ ကျွန်တော် မယူဆပါဘူး။ ဘာလို့လဲ ဆိုတော့ ဘယ်သော့မှ မပျက်စီးဘူး။ အခန်းထဲကို သော့ တူနဲ့ ဝင်တာ ဖြစ်ကောင်းဖြစ်မယ်” ဟု ပြောသည်။

စီစီတီဗီ ကင်မရာဖြင့် ပြန်လည် ကြည့်ရှုရာတွင် ဧပြီ ၂ဝ ရက် နံနက် ၂ နာရီ ၃ဝ မိနစ် အချိန်ခန့်တွင် စီစီတီဗီ ကင်မရာများအား ဝါး လုံးဖြင့်ထိုး၍ အပေါ်မြှောက်တင် လိုက်သဖြင့် စီစီတီဗီ ကင်မရာများ တဖြည်းဖြည်းချင်း ထောင်တက် သွားသည်ကို မှတ်တမ်း များအရ သိရှိထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုး ရအသိုင်းအဝိုင်း တွင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှင့် ကပ်လျက်ရှိ သော တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးခန်းသော့ ဖျက် ဆီးခံရပြီး ပစ္စည်းပျောက်ဆုံးမှု တစ်ခု ဖြစ်ပေါ် ခဲ့သေးကြောင်း သိ ရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*