ဘန်ကောက်မြို့ လူအသွားအလာ ထူထပ်သည့် နေရာများတွင် ရောင်းချနေသည့် အစားအသောက်များ ရောင်းချခွင့် တားမြစ် ပိတ်ပင်ပြီ

ဘန်ကောက်မြို့ လူအသွားအလာ ထူထပ်သည့် နေရာများတွင် ရောင်းချနေသည့် အစားအသောက်များ ရောင်းချခွင့် တားမြစ် ပိတ်ပင်ပြီ
April 26, 2017 Asian Fame

11:45 am
ဘန်ကောက်မြို့ လူအသွားအလာ ထူထပ်သည့် နေရာများတွင် ရောင်းချနေသည့် အစားအသောက်များ ရောင်းချခွင့် တားမြစ် ပိတ်ပင်ပြီ

BKK(ဘန်ကောက်၊ ဧပြီ ၂၄)

ဘန်ကောက် မြို့လယ်ကောင် နေရာများတွင် လမ်းဘေးဝယ် အစားအသောက် များရောင်းချကို တားမြစ် ပိတ်ပင်သည့် ကြေညာချက် တစ်ခုကို ထိုင်းနိုင်ငံ ခရီးသွားလာရေး အာဏာပိုင် အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဘန်ကောက်မြို့သည် လမ်းဘေး အစားအစာများ ရောင်းချမှုဝယ် ထိပ်ဆုံးနေရာတွင် ရှိနေကြောင်း၊ ထို့ကြောင့် စားသုံးသူများ ကျန်းမာရေးဖြင့် ညီညွတ်စေရန်နှင့် လမ်းသွား လမ်းလာများ လွယ်ကူချောင်ချိစွာ သွားလာနိုင်ရေး အတွက် လမ်းဘေးနှင့် လူသွားလမ်းများ ပေါ်တွင် အစားအသောက်များ ရောင်းချခြင်းကို ယခုကဲ့သို့ တားမြစ် ပိတ်ပင်လိုက် ရခြင်းဖြစ်ပြီး၊ အစားအသောက် ရောင်းချသူများ အနေဖြင့် သူတို့အတွက် သတ်မှတ်ပေးထားသည့် နေရာများ နှင့် ဈေးများ အနီးတ၀ိုက်တွင် ဆက်လက် ရောင်းချနိုင်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်သည် ဘန်ကောက်၏ နာမည်ကျော် အစားအသောက်တန်း ဖြစ်သည့် Yaowarat နှင့် Khao San လမ်းတို့တွင် ရောင်းချနေသည့် အစားအသောက် ဆိုင်များကိုမူ ခွင့်ပြုပေးထားပြီး၊ ဘန်ကောက်မြို့၏ လူအသွားအလာ ထူထပ်များပြားရာ လမ်းများတ၀ိုက်တွင် ရောင်းချနေသည့် ဆိုင်များကိုသာ တားမြစ် ပိတ်ပင်ခြင်း ဖြစ်ကြောင်း သိရသည်။

PN-002
Ref:Bangkok Government on Street Food Ban

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*