ပခုက္ကူမြို့မှ မတရား ပြုကျင့်သည် ဆိုသည့် အမှုနှင့် ပတ် သက်၍ နောက် ၅ ရက် ခန့်မှသာ အကြောင်းစုံ သိရမည်ဟုဆို

ပခုက္ကူမြို့မှ မတရား ပြုကျင့်သည် ဆိုသည့် အမှုနှင့် ပတ် သက်၍ နောက် ၅ ရက် ခန့်မှသာ အကြောင်းစုံ သိရမည်ဟုဆို
April 26, 2017 Asian Fame

11:30 am
ပခုက္ကူမြို့မှ မတရား ပြုကျင့်သည် ဆိုသည့် အမှုနှင့် ပတ် သက်၍ နောက် ၅ ရက် ခန့်မှသာ အကြောင်းစုံ သိရမည်ဟုဆို

Pakkoku-News(ပခုက္ကူ ၊ ဧပြီ ၂၅)

မိန်းကလေး တစ်ဦးအား ဆေး ခတ်၍ မတရား ပြုကျင့်သည်ဟူ သော အကြောင်းပြချက်ဖြင့် တိုင် ကြား ခံရသည့် ပခုက္ကူမြို့နေ ပရ ဟိတ သမား တစ်ဦး အမှုသည် အ ရေးကြီး အမှု ဖြစ်သောကြောင့် နောက် ၅ ရက်ခန့်မှသာ သတင်း ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း  အ ဆိုပါရဲစခန်းက ပြောသည်။

တိုင်ကြားခံရသူ ပခုက္ကူမြို့နေ  အသက် ၃၅ နှစ်အရွယ် ဦးမျိုး ဇော်ထွေး ဆိုသူကို ခေါ်ယူ စစ်ဆေး ပြီး နောက်ပိုင်း ဧပြီလ ၂၂ ရက်နေ့ က ပခုက္ကူမြို့မ ရဲစခန်းကို ဆက် သွယ် မေးမြန်းခဲ့ရာတွင် စခန်းမှူး ဖြစ်သူ ဒုရဲမှူးကျော်စိုး က ပြော သည်မှာ စစ်ဆေးဆဲ ဖြစ်သည့်အ တွက် ဖြစ်စဉ် များကို အမှား အမှန် ပြော၍ မရသေးကြောင်း၊ ဖေ့စ် ဘွတ်ခ် သတင်းများကို အတည် မယူကြရန်နှင့် လောလောဆယ် တွင် ယခုလောက်သာ ပြောဆိုနိုင် သေးကြောင်း၊ နောက် ၂ ရက်ကြာ မှသာ သတင်း မီဒီယာများထံသို့  သတင်း ထုတ်ပြန်ပေး မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ယနေ့ ဧပြီ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၈ မိနစ်က ထပ်မံ ဆက်သွယ် မေးမြန်းသည့် အ ချိန်တွင်မူ စခန်းမှူး ဒုရဲမှူးကျော် စိုး၏ ဖုန်းကို လာရောက် ကိုင်၍ ဖြေဆိုသူ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် က အရေးကြီး အမှုဖြစ်သည့် အတွက် မပြောနိုင်သေးကြောင်း  ပြန် လည်ပြောဆိုခဲ့သည်။

အဆိုပါ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်က ”မီဒီယာတွေ ရောက်လာကြ တယ်။ အဲ့ဒီကိစ္စ လာမေးကြတာ။ ဒါပေမယ့် နောက်ငါးရက်လောက်ကို ချိန်းလိုက်တယ်။ အမှုက အရေးကြီး အမှုဖြစ်နေလို့ ပြောလို့မရသေးပါ ဘူး။ ဆက်စပ်တဲ့ အမှုတွေကို စစ် ဆေးစရာ ကျန်ရှိနေသေး လို့ပါ”ဟု ဆိုသည်။

တိုင်ကြား ခံရသူ ဦးမျိုးဇော် ထွေးသည် လူမှုကွန်ရက် များတွင် ပျံ့နှံ့နေသည့် သတင်းများနှင့် တိုင် ကြားသူ စွပ်စွဲ သကဲ့သို့ ဆေးဝါးများ သုံးစွဲ၍ ကျူးလွန်ခြင်း ရှိ/မရှိ၊ မည် ကဲ့သို့ စစ်ဆေးတွေ့ရှိကြောင်းကို မေးမြန်းရာတွင် လည်း ပြော၍မရ သေးကြောင်းသာ ပခုက္ကူမြို့မ ရဲ စခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့သည်။

ဦးမျိုးဇော်ထွေး ကို ကမ္မမြို့နေ မ…..ဆိုသူက တိုင်ကြားခဲ့၍ ရဲတပ်ဖွဲ့က ပခုက္ကူမြို့မရဲစခန်းတွင် (ပ)၂၁၇ /၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် ခေါ်ယူစစ်ဆေး နေခြင်းဖြစ်ကြောင်း သိရသည်။ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းအထိ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော် စိုး၏ ဖုန်းကို ဆယ်ကြိမ်ထက် မနည်း ထပ်မံ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဖုန်းကိုင်ခြင်းမရှိသဖြင့် ဆက် သွယ်မရခဲ့ချေ။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*