ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် နောက်နှစ်ရက်အတွင်း မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် နောက်နှစ်ရက်အတွင်း မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်
April 26, 2017 Asian Fame

11:20 am
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် နောက်နှစ်ရက်အတွင်း မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဧပြီ ၂၅

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံ ဘက်သို့ ရွေ့လျားလာသည့် မိုးတိမ်တိုက်တစ်ခုကြောင့် နောက်နှစ်ရက်အတွင်း ချင်းပြည်နယ်နှင့် စစ် ကိုင်းတိုင်းတို့တွင် မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားသည်။

ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ၎င်းက ထိုသို့ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည် နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေး တိုင်းမြောက်ပိုင်းတို့တွင် လည်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိတွင် ချင်းပြည်နယ် ဟားခါးမြို့၌ မိုးကြီးနေပြီး လေ ပြင်းတိုက်ခြင်းမျိုးတော့ မရှိသေး ကြောင်း ဟားခါးမြို့ခံတစ်ဦးဖြစ် သူ ဦးထလာဟရဲက ပြောသည်။

”ရွာတာကတော့ မနက်အ စော ပိုင်းလောက် ရွာပါတယ်။ မိုးကရွာလိုက် ပြတ်သွားလိုက် ဖြစ်နေတယ်။ မိုးကြိုးပစ်တာတွေ တော့မရှိပါဘူး။ လေပြင်းတိုက်တာ တွေလည်း မရှိသေးပါဘူး။ နေ တော့မပွင့်ဘူး။ မိုးတိမ်တောင်တွေ တော့ ရှိနေတယ်” ဟု ၎င်းက ပြောသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြောက် ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် မိုးတိမ်တောင်ဖြစ်ပေါ်ရန် အလားအလာများနေပြီး သေချာမှု ၂၅ ရာခိုင်နှုန်း မှ ၅၅ ရာ ခိုင်နှုန်းခန့်အထိ ရှိနိုင်လာကြောင်း ဒေါက်တာထွန်းလွင်ထံမှ သိရသည်။

အဆိုပါ မိုးတိမ်တောင်များ ဖြစ်ပေါ်မှုကြောင့် လျှပ်စီးလက် ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသည်းထန် ခြင်း၊ လေပြင်းတိုက်ခြင်းတို့နှင့်အတူ မိုးကြိုးပစ်ခြင်းနှင့် မိုးသီြးေ<ွက ခြင်းတို့လည်း နေရာအချို့တို့တွင် ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးခြိမ်းသံ ကြားရပါက မိုးတိမ်တောင် သည် မိမိနှင့်နီးကပ်စွာ တည်ရှိနေတတ်သဖြင့် ပို၍ သတိထားရမည်ဖြစ် ကြောင်း ၎င်းက သတိပေးထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*