နယူးယောက်တွင် မိုးမိခြင်း (၃)

နယူးယောက်တွင် မိုးမိခြင်း (၃)
April 6, 2017 Asian Fame

3:10 pm
နယူးယောက်တွင် မိုးမိခြင်း (၃)

Kyi-Min(၁)

ဆောင်းပါး အမှတ်(၂) ပြီးသွား သည့်တိုင် ပန်းပုရုပ် တစ်ရုပ်၊ ပန်းချီ ကားတစ်ကား စသည့် အဓိကအ ခြင်းအရာ များ ပါမလာနိုင်သေး သည် ကိုကြည့်ပြီး ဗုဒ္ဓဂယာ ခရီးသွား မှတ်တမ်း တစ်ပုဒ် စောင့်ဖတ်ခဲ့ရဖူး သည်ကို ပြန်တွေးမိ၏။ စာရေးသူ က အရေးကောင်းမို့သာ ဖတ်နေရ သည်။ ၃၊ ၄ လကြာသည့်တိုင် သူတို့ လေယာဉ်ကွင်း ထဲ မရောက် သေး။ ရေးသည့် နေရာက လစဉ် ထုတ်မဂ္ဂဇင်း ဆိုတော့ တစ်လစောင့် ပါမှ တစ်ပုဒ်သာ ဖတ်ရခြင်းကြောင့် လည်းဖြစ်သည်။ အသုံးချလမ်းညွှန် ဖြစ်လာစေလို၍ စာရေးသူက ခရီး မထွက်မီ ပြင်ဆင်ရမှု များကိုပါ အ သေးစိတ် ရေးနေ၍လည်း ဖြစ်သည်။ ထိုစာအုပ်က စာရေးဆရာ ရည်ရွယ် သည့် အတိုင်း ပေါက် သွားပါသည်။

ကျွန်တော့် ဤဆောင်းပါးစု လည်း ဤသို့ပင် ပြတိုက် အဝင်ဝမှာ ပင် ထန်းလျက်နှင့် အချို ကုန်ရဖွယ် ရှိနေသည်။ ခေါင်းစဉ်က မိုးမိခြင်း ဆိုတော့ မိုးမြန်မြန်မိလိုက်တာ ကောင်းပါလိမ့်မည်။

ကျွန်တော် ခရီးသွားလျှင် အ နွေးထည်၊ ဆေးဝါးနှင့် ငွေသုံးမျိုး ကိုဂရုစိုက်၍ ပြည့်စုံအောင် ဆောင် ရွက်လေ့ရှိပါသည်။ အရေးရယ် အ ကြောင်းရယ်ဆိုလျှင် ပါသင့်သလို မပါက အတော်ကြီး ဒုက္ခရောက်နိုင် သော မိတ်ဆွေကောင်းကြီး များ ဖြစ်နေ၍ ဖြစ်သည်။

ယခုတစ်ခေါက်တွင် တော့ ထီး လည်း ပါလာပါသည်။ ပါလာပုံက အဆန်း။ မင်္ဂလာဒုံမှ ထွက်၊ ကွမ် ဂျိုးတွင် တစ်ထောက်နား၊ ကွမ်ဂျိုး မှ ဆန်ဖရန်စစ္စကိုသို့ ဆက်ရသော ခရီး အတွက် ကျွန်တော်တို့ စီးရ မည့် လေယာဉ်မှာ China Southern  အမည်ရှိ လေကြောင်း လိုင်းမှ လေ ယာဉ်ဖြစ်သည်။ လေယာဉ်ကွင်းရှိ သူတို့ကောင်တာတွင် သတင်းပို့ သောအခါ တာဝန်ရှိသူ တို့က သူ တို့လေကြောင်းလိုင်း ကလပ်သို့ အ သင်းဝင်ချင်လျှင် ပုံစံဖြည့်ပါ၊ ဝင် ကြေးက အခမဲ့ပါ၊ အထူးအခွင့်အ ရေးတွေ ရစရာရှိလျှင် ရမည်ဟု ဆို သောကြောင့် ပုံစံဖြည့် ပေးလိုက် သည်။ အွန်လိုင်းဖြင့် မှတ်ပုံတင် ပေး ပြီးနောက် ဘောလ်ပင် တစ်ချောင်း ပေးသည်။ ပြီးတော့ လေယာဉ်ပျံ အရုပ်နှင့် ခေါက်ထီး ကြိုက်ရာယူ ပါဟုဆိုသည်။ အိမ်သားများ ပြန် သွားကြပြီ။ သူတို့သာ ရှိနေသေး လျှင် မြေးအတွက် လေယာဉ်ရုပ် ကလေး ယူပေး လိုက်မိမည်သာ။ ယခုတော့ ခရီးစဉ် တစ်လျှောက် ကန့်လန့်ဖြစ်တော့မည်မို့ ခေါက် ထီးကိုပဲ ရွေးလိုက်ရသည်။

ပြတိုက်အလာမှာ ထိုထီးကို ထုတ်ဆောင်းလာသေး၏။ အဝင်ဝ မှာ ရေသေသေချာချာ ခါပြီးမှ ကျွတ် ကျွတ်အိတ်နှင့် ထည့်ကာ ကျောပိုး အိတ်ထဲ ပြန်သိမ်းထားလိုက်ရသည်။ ပြတိုက်ထဲ လျှောက်သွားရင်းက ကျောပိုးအိတ်သည် မြေပုံများ၊ စာ ရွက်များ၊ စာအုပ်များ၊ အမှတ်တရ ပစ္စည်းများဖြင့် ဖောင်းကားလာသည်။

ပြတိုက်အပြင်မှာ မိုးသည်းနေ သည်။ ပန်းခင်းကို မြင်းပတ်စီးခဲ့ ကြသူများက အထွက်ဝ မိုးရေထဲမှာ စောင့်နေ ကြပြီ။ ခေါက် ထီးသေး သေးလေး ကို ကျွန်တော် ကြိုးစား ပန်းစားရှာပါ၏။ နှိုက်ပါ၏။ မရ။ အားလုံးကို သွန်ချပြီး ရှာဖွေရ ပုံပေါက် နေ သည်။ ပြတိုက်ပိတ်ချိန်က ဝေး ပါသေးသည်။ သို့သော် မိုးရွာထဲ တွင် ထီးကိုယ်စီဖြင့် စိတ်မရှည်စွာ ရပ်စောင့်နေ သူများကို အားနာလာ သည်။ လိုက်ပို့ရှာသူ ကိုအောင် အောင်ကလည်း မိုးကာဂျာကင်မျှ နှင့်သာ။ သူ့ကို အဖော် ရစိမ့်သော ငှာ ကျွန်တော် လည်း ဦးထုပ်တို့၊ ဂျာ ကင်တို့ အားကိုးဖြင့် မိုးသည်းသည်း ထဲ လှမ်းဝင်လိုက်ပါသည်။ နယူး ယောက်တွင် ဤသို့မိုးမိခဲ့ပါကြောင်း။

ပြတိုက်တွင်း ခင်းကျင်းထား သော အနုပညာပစ္စည်းများ အ ကြောင်းမပြောခင်မှာ (ပြောသင့် ပြောထိုက်သည် ထင်၍) ကြိုပြော ချင်စရာလေးတွေ ရှိသည်။ ပထမ ဆုံး ပြောချင်သည်မှာ ပြတိုက်ခင်း ကျင်းမှု ဖြစ်၏။ လမ်းကြုံသမျှ ပြ တိုက်အားလုံးကို ဝင်ကြည့် မိလျှင် တော့ ကျဉ်းကျဉ်း ကျပ်ကျပ် မှောင် မှောင်မွဲမွဲ ပြခန်းငယ်တစ်ခုတ လေကို မြင်ကောင်းမြင်ခဲ့ ရနိုင်ပါ သည်။ ကျွန်တော် မြင်ခဲ့ ရသမျှမှာ တော့ ကျယ်ကျယ် လွင့်လွင့် လင်း လင်း ချင်းချင်းတွေ ချည်းသာ။

ပြတိုက်သည် ပြခန်းနှင့် မတူ ဟူသော အချက်ကို ပထမဆုံးနှလုံး သွင်းရန် လိုအပ်မည် ထင်သည်။ ပြခန်းသည် ဈေးကွက် နှင့်ဆိုင် သည်။ စီးပွားရေးလုပ်ငန်းနှင့် ဆိုင် သည်။ နေရာ ကျယ်ကျယ်နှင့် လှလှ ပပသပ်သပ်ရပ်ရပ် ခင်းကျင်းသော ပြခန်းများ ရှိနိုင်သလိုပင် ရသမျှလေး မှာ စုပြုံ ခင်းကျင်းရသော ပြခန်းမျိုး လည်းရှိသည်။ ယုံကြည်ရာလမ်း ကြောင်း Trend  တစ်ခုကိုသာ ဈေး ကွက်တင် နေသော ပြခန်းများရှိသ လို အရောင်းစွံ နိုင်သော လက်ရာစုံ များ ခင်းကျင်းပြသထားသည့် ပြခန်း များလည်းရှိမည်။ ဝါသနာကြောင့် ငွေကြေး အရှုံးခံ၍ ပြခန်းဖွင့်နေသူ အချို့ရှိသော်လည်း အများစုမှာ စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ရည်ရွယ်ကြခြင်းဟု ဆိုနိုင်ပါသည်။

ပြတိုက် နယ်ပယ်မှာရော၊ စီး ပွားရေးသဘော လုပ်တာ မရှိဘူးလား ဟု မေးစရာ ပေါ်လာသည်။ ရှိမည် ပင်။ သို့သော် ပြခန်းနှင့် သဘော သဘာဝ မတူနိုင်။ ပြတိုက်သည် လက်ရာမွန်များကို စုဆောင်းပြသ သောနေရာဖြစ်၏။ နိုင်ငံတော်အ ဆင့်/ ဒေသန္တရ အဆင့်/ ပုဂ္ဂလိကအ ဆင့်ဟု အမျိုးမျိုး ကွဲပြားနိုင်သည်။ ပုဂ္ဂလိက အဆင့်တွင် သူကြွယ်ကြီး တစ်ဦးက လက်ရာမွန်များ စုဆောင်း ပြသထားခြင်း သို့မဟုတ် ဖောင်ဒေး ရှင်းတစ်ခု၊ အုပ်စု တစ်ခု၏ စေတ နာလည်းဖြစ်နိုင်သည်။ ထိုကဲ့သို့ သောပြတိုက်များ ရေရှည် တည်တံ့ ရန်အတွက် ငွေပဒေသာပင် လိုသည်။ ထောက်ပံ့ငွေ၊ ထည့်ဝင်ငွေများ လို သည်။ ပြင်ဆင် ထိန်းသိမ်းရေး စရိတ် နှင့် တိုးချဲ့ဝယ်ယူရေး အတွက် ရန် ပုံငွေ လုံလောက်နေရမည်။ ထို့ ကြောင့် အနုပညာ ချစ်သူတွေ လာ ကြည့်ချင်မည့်လက်ရာများ ဝယ်ယူ ဖြည့်တင်းခြင်း၊ ငှားရမ်းပြသခြင်း များ ပြုလုပ်ရသည်။ ဝင်ကြေးလည်း ထားရှိရသည်။

ဒေသန္တရ အဆင့် ပြတိုက်များ ကား ထိုနယ်မြေ၏ ကိုယ်ပိုင်ယဉ် ကျေးမှုများကို အာရုံစိုက်သည်။ ဒေသ၏ ဂုဏ်ဆောင် ဗိမာန် အဖြစ် ရပ်တည်လေ့ ရှိသည်။ ဒေသန္တရ အစိုးရအဖွဲ့၏ ဘတ်ဂျက် သို့မ ဟုတ် ထိုဒေသမှ စေတနာရှင် သူ ကြွယ်များ အပါအဝင် အနုပညာ ချစ်သူ လူထု၏ ထည့်ဝင်မှုဖြင့် ရပ် တည်ရသည်။

နိုင်ငံတော် အဆင့် ပြတိုက် များကား ဗဟိုအစိုးရ အဖွဲ့၏ ဘတ် ဂျက်ဖြင့် သွားသည်။ သမိုင်းဦး မှတ်တမ်းများ၊ သမိုင်းဝင်ပစ္စည်း များ၊ ရတနာထွက်ကုန်များ၊ ဒေသ အလိုက် ယဉ်ကျေးမှု ဓလေ့ ထုံးစံ များ၊ ခေတ်အလိုက် ဗိသုကာလက် ရာများ၊ ခေတ် အလိုက် အနုပညာ လက်ရာများ၊ ရိုးရာတူရိယာများ၊ ဝတ်စား ဆင်ယင်မှုများ စသည်တို့ ကိုခင်းကျင်းပြသသည်။ မော်ကွန်း မှတ်တမ်းများကိုလည်း သီးသန့် တစ်ဆောင်ပေးခြင်း၊ သီးသန့်အ ဆောက်အအုံ တစ်ခု ပေးခြင်းတို့ လုပ်သည်။

‘နိုင်ငံတော်အဆင့် ပြတိုက် သည် တစ်ခုတည်းသာ ရှိရမည်ဖြစ် ပြီး ထိုပြတိုက်ကို မြို့တော်၌ပင် ထားရမည်’။ ဤအဆို မှားပါသည်။ မြို့တိုင်းမှာ မဖြစ်နိုင်သည့်တိုင် ခရိုင်မြို့ကြီးများမှာတော့ နိုင်ငံ တော်ပြတိုက် ရှိနေသင့်သည်။  တိုင်း မြို့တော် ဒေသမြို့တော်တွေမှာ ခမ်းခမ်းနားနားကြီး ရှိနေသင့် သည်။ အကြီးမားဆုံး ကိုတော့ မြန် မာပြည်အတွက် ဆိုလျှင် ရန်ကုန် နှင့် မန္တလေး ဆိုသော တကယ့်အ ချက်အချာ ကျသည့် မြို့ကြီးတွေမှာ ဖွင့်ရမည်။ တိုင်းပြည်၏ မြို့တော် က နေပြည်တော် ဖြစ်သည်။ ဝေး သည်၊ လမ်းကြုံ ဝင်ရခက်သည်၊ မြို့ တွင်းသွားလာရေး က အထူးခက် သည်။ ဝန်ထမ်းများက အများစု ဖြစ်နေသော ထိုဒေသတွင်ဝန်ထမ်း ၁ဝဝ တွင် ၅ ယောက် မပြည့်တ ပြည့်က အမျိုးသား ပြတိုက်ကို စိတ် ဝင်စားကြသည်ဟု ဆိုလျှင်ပင် ဝမ်း မြောက်သင့်လှပြီ။ တစ်နေ့တော့ လူအများ စိတ်ဝင် စားစရာ နေရာ တစ်ခုဖြစ်လာ နိုင်ကောင်းသည်ဟု တွေးမိသော အတွေးကပင် အိပ်မက် သာသာ အဆင့်မျှသာ။ တစ်နှစ် လုံး နေလို့မှ စကိုင်းနက် သင်္ကြန်မဏ္ဍပ် တစ်ညနေစာပင် လူမဝင်သည့် ပြ တိုက်သည် တိုင်းပြည်နှင့် လူမျိုး တို့ကို ဘယ်လို အကျိုးပြုပါ့မလဲ ဟု တွေးမိနေတော့သည်။

ပြတိုက်ကြီးတွေ မဆောက် နိုင်ခင်မှာ လုပ်ရမည့် အလုပ်တွေရှိ သေးသည်။ ရှိပြီးသား လက်ရာ များ၊ ပစ္စည်းများ၊ မှတ်တမ်းများကို ပုံနှိပ် ထုတ်ဝေရေးဖြစ်သည်။ ပဏာ မအစီအစဉ်ပဲ ဆိုပြီး အဆင့် နိမ့်နိမ့် အဖြစ်သဘောတွေ လုပ်လို့ မရ။  နိုင်ငံတကာ ဈေးကွက်တွင် ဝင့်ကြွား လောက်သော တင်ဆက်မှုမျိုးနှင့် ခန့်ခန့်ညားညား လုပ်ရမှာဖြစ်သည်။ ဤကိစ္စ အတွက် အထူး ကော်မတီဖွဲ့ ပြီး နိုင်ငံတော် ဘတ်ဂျက်ဖြင့် လုပ် ဆောင်ကြရမည်။ ပြန်ကြားရေး လုပ် ငန်းတို့၊ ယဉ်ကျေးမှု လုပ်ငန်းတို့၊ သမိုင်းမှတ်တမ်း လုပ်ငန်းတို့တွင် သိ သိသာသာကြီး ဆုတ်ယုတ်ခဲ့သည် မှာ နှစ်ပေါင်း ၅ဝ လောက် ရှိနေပါ ပြီ။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း မှာပင် အရင်း ကျေရုံမက အမြတ် ပင် ထွက်ရမည် ဟူသော မူမှားကြီး ကို ပြဋ္ဌာန်းသဖြင့် အလွန်အကျိုး ယုတ်ခဲ့သည်မှာ နှစ် ၃ဝ ပင် တိုင် တော့မည်။ ဆင်းရဲသဖြင့် လုံခြုံရေး တွင် ၂၅ ကျပ်သုံးချိန်မှာ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ လူမှု ဝန်ထမ်းစသော တိုင်းပြည့်မျက်နှာ အတွက် ၃ ကျပ်လောက်ပဲသုံးချင် တာ နေရာမကျပေ။

ဓာတ်ပုံများအကြောင်း ဆက် ပါဦးမည်။

ကျွန်တော် ကိုယ်တိုင်ကရော အမှတ်တရ ဓာတ်ပုံများ မရိုက်ခဲ့ ဘူးလား ဆိုတော့ ရိုက်ခဲ့ပါသည်ဟု ပဲ ဖြေရပါမည်။ နေရာတကာ ဟို ပန်းပုနား မှာလည်း ပြုံးပြုံးလေး၊ ဒီ ပန်းချီနားမှာလည်း ပြုံးပြုံးလေး ဆို တာမျိုးလည်း ပါပါသည်။ အမှတ် တရ မှတ်တမ်း တင်ရန်ဖြစ်သည်။

အပျော်ခရီး သွားသူသည် နေ ရာတကာမှာ ကိုယ်ပါသော မှတ် တမ်းဓာတ်ပုံ ရလာဖို့ အားသန်လေ့ ရှိကြသည်။ တစ်ဦးတည်း ခရီးသွား လျှင်တော့ သုံးချောင်းထောက်ဆင် ပြီး အော်တို Shutter တင်မှ ဤလို ပုံမျိုးရတတ်သည်။ ဖလင်ခေတ် တုန်းက ဤလိုရိုက်နိုင်ဖို့ သိပ်မ လွယ်။ ၁၉၇ဝ လောက်ရောက် သောအခါမှ Auto focus ခေါ်အ လိုအလျောက် ဖိုးကပ်စ်ဖြတ်ပေး သော နည်းပညာပေါ်လာခြင်း ဖြစ် သည်။ ဒစ်ဂျစ်တယ်နည်းပညာ ၁၉၉ဝ ပြည့်လုနီးမှ ပေါ်လာသည်။ ထိုမတိုင်ခင် ကတော့ ဖလင်ခေတ် ဖြစ်သည်။ ဖလင်တစ်လိပ်ကို ၇၅ ကွက်လောက်ထက် ပိုမထွက်နိုင်။ ထို့ကြောင့် မဖြုန်းနိုင်။ အပျက်မခံနိုင်။

ထို့ကြောင့် ရုပ်တုတွေ၊ ပန်းချီ ကားတွေ ပန်းပင်တွေနှင့် ရိုက်လျှင် သုံးချောင်းထောက် ဆင်ပြီး ထို နောက်ခံ ပစ္စည်း ဖြစ်သည့် ပန်းချီ/ သစ်ပင် စသည် တို့ကို ဖိုးကပ်စ် ဖြတ်ရသည်။ ပြီးမှ အော်တိုခလုတ် ကို နှိပ်ပြီး ကိုယ်က အမြန်ပြေး၍ ထိုသစ်ပင်၊ ထိုပန်းချီကား နှင့် အနီး ကပ်ဆုံး မှာ ရပ်နေရသည် (Pose ပေးနေရသည်)။ ခလုတ်ဖြုတ်သံ ချက်ခနဲကြားမှ ကိစ္စပြီးသည်။ သို့ သော်ပုံထွက် ဘယ်လိုဖြစ်လာမလဲ ဆိုသည်ကတော့ ဖလင်ဆေးမှ သိ ရ၏။ ယခုလို ခလုတ်နှိပ်ပြီး ပြန် စစ်ကြည့်လို့မရ။

အပျော် ခရီးသွားထဲမှာပင် မှတ်တမ်းမှတ်ရာ ယူချင်သူတွေ ရှိ ကြသည်။ ဆောင်းပါးရေး၊ လုံးချင်း ရေးဖို့ မှတ်တမ်း ဓာတ်ပုံတွေ ရိုက် သည်။

ထိုအပျော် ခရီးသွားထဲမှာပင် ကင်မရာ မျက်စိရှိသူ ဓာတ်ပုံ ပညာပါရမီ ရှိသူတို့ ရှိတတ်သေး သည်။ သူတို့သည် သူတို့ ရိုက်သော ပုံများကို ပန်းချီကား တစ်ခုလို ထွက်လာအောင် သေသေချာချာ တွက်ဆ တတ်ကြသူများ ဖြစ်သည်။ Composition ကိုလည်းကောင်း၊ အလင်းအမှောင်ကို လည်းကောင်း၊ အရောင်  Balance  ကို လည်း ကောင်း အသေးစိတ် ချိန်ဆပြီးမှ တစ်ပုံကောင်း ရိုက်သူများ ဖြစ် သည်။ သူတို့ထံမှ ပုံအရ နည်းပါး သော်လည်း ရသမျှမှာ ပုံကောင်း ချည်းလိုလို ဖြစ်တတ်သည်။

ထိုသူတို့နှင့် ဆန့်ကျင်ဘက်က မြင်သမျှ တဖျပ်ဖျပ် နှင့် ရိုက်သူများ ဖြစ်သည်။ ဆယ်လ်ဖီ သိပ်မရိုက်။ သူတို့ ရောက်ခဲ့ဖူးပြီ ဆိုသော မှတ် တမ်းက အရေးမပါ။ မှတ်တမ်းတင် ထိုက်တာ မှန်သမျှ မလွတ်ရအောင် ရိုက်နေတတ်သူများ ဖြစ်သော ထို အမျိုးအစားမှာ သတင်းသမား ဂျာ နယ်လစ်များ ဖြစ်တတ်သည်။ ပုံ ကောင်းတစ်ပုံ အတွက် Continuous  Shot  ခလုတ်အားကိုးဖြင့် ၁ဝ ပုံ လောက် ရိုက်သည်။ တစ်ပုံ ချင်းဆို လျှင်လည်း တစ်နေရာကိုပင် ရှု ထောင့်လေး မသိမသာ ပြောင်းပြီး ၄၊ ၅ ပုံရိုက်သည်။ တစ်နေ့ တစ်နေ့ သူတို့ကင်မရာ ကတ်ထဲ တွင် ဓာတ် ပုံအသစ်တွေ ထောင်ချီ၍ဝင်သည်။ ညကျတော့ ကွန်ပျူတာထဲ ပြန်ကူး ထည့်ပြီး တစ်ပုံချင်း စစ်ရသည်။ ဖြတ် တန်ဖြတ်၊ အရောင်ပြင်တန် ပြင်ရသည်။

ကျွန်တော်က သတင်းသမား ပီပီ ထိုနည်းဖြင့် ကိုယ့်ကင်မရာများ ကို အသုံးချပါသည်။ ထို့ကြောင့် ခရီးတစ်ခုမှ ထွက်လျှင် ဓာတ်ပုံ ၄၊ ၅ ထောင် ရလာတတ်သည်။

ယခု ပန်းချီဆောင်းပါး အ တွက် ဓာတ်ပုံများဖြင့် အားဖြည့် ပေးရန် ရှိလာသည်။ သင့်ရာ ရွေး ထုတ်ထားသော ပုံများကို လိုသ လို မွမ်း မံပြီး ရောင်စုံဓာတ်ပုံ ထုတ် ရပါဦးမည်။ စက်တွေ အရံသင့်ရှိ ပါသော်လည်း ကျွန်တော့်မှာ အ ချိန် ဆင်းရဲနေသေး၍ နောက် တစ် ပတ်မှပင် ရောင်စုံ ဓာတ်ပုံများဖြင့် ဖတ်ကြပါဟု တောင်းပန်လိုက်ပါ သည်။

ကြည်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*