လက်ရှိ ကြုံတွေ့ လိုက်ရသော ပိုပြီး ခက်ခဲသွားစေမယ့် အကြောင်းအရာများ

လက်ရှိ ကြုံတွေ့ လိုက်ရသော ပိုပြီး ခက်ခဲသွားစေမယ့် အကြောင်းအရာများ
April 6, 2017 Asian Fame

2:46 pm
လက်ရှိ ကြုံတွေ့ လိုက်ရသော ပိုပြီး ခက်ခဲသွားစေမယ့် အကြောင်းအရာများ

Myat-Hlaing ၂ဝ၁၇ ဧပြီလမှာ ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အဖြေ တွေ ထွက်လာခဲ့ အပြီးမှာ ဝေဖန်သံ တွေ  အမျိုးမျိုး ထွက်လာခဲ့ပါတယ်။ တချို့လည်း ချောင်းဆုံ တံတားရဲ့ ကွဲပြားမှုကို အရေးထား ဝေဖန်ခဲ့ ကြပါတယ်။ ရခိုင်ပြည်နယ် ကိစ္စကို လည်း ဝေဖန်သံ အမျိုးမျိုး၊ ရှမ်း   ပြည်နယ်က ရှမ်းပါတီအနိုင်များ တာတွေ ကိုလည်း အမျိုးမျိုးဝေဖန် သံတွေ၊ ချီးကျူးသံတွေ ကြားနေရ ပါတယ်။ နောက် အာဏာရ ပါတီက ဗဟို အလုပ်အမှုဆောင် အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ပြော လိုက်တဲ့ တိုင်းရင်းသား စကား နားမလည်တာကြောင့် ဆိုတာကို လည်း ဝေဖန်ကြပါတယ်။ နောက် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ ဟာ လွှတ်တော် နှစ်ရပ်အတွက် မထူးခြားတော့ပါဘူး ဆိုပြီး အာ ဏာရ အန်အယ်ဒီ ပါတီဘက်က တစ်ဖက်ပိတ် ငြင်းဆိုသံတွေလည်း ကြားနေရပါတယ်။

၂ဝ၁၇ ကြားဖြတ်ရွေးကောက် ပွဲကို ပြည်သူတွေ သိပ်စိတ်ဝင်စား တော့မှာ မဟုတ်တဲ့ အကြောင်းကို ပေါ်ပြူလာနယူးစ် ဂျာနယ်မှာ အစော ဆုံး သုံးသပ်ပြခဲ့ပါတယ်။  ကျွန်တော် ထင်မြင် ယူဆခဲ့သလိုလည်း ဖြစ်ခဲ့ ပါတယ်။ ရန်ကုန်မြို့ကြီးမှာ လစ် လပ် မဲဆန္ဒနယ်တွေက မဲပေးခဲ့ကြ တဲ့ အရေအတွက်က ၂၆ ရာခိုင် နှုန်းလောက်ပဲ ရှိခဲ့ပါတယ်။ ဒီ ၂၆ ရာခိုင်နှုန်း ထဲမှာ စစ်တပ်နယ်မြေ တွေက မဲပေးနိုင်သူ ဦးရေ အပြည့် အဝ မဲပေးခဲ့ကြတာပါပါတယ်။ ဒီ စစ်တပ် နယ်မြေတွေမှာ အခုအ တိုက်အခံ ပါတီဖြစ်နေတဲ့ ကြံ့ခိုင် ရေးပါတီကပဲ မဲအပြည့် ရခဲ့ကြပါ တယ်။ ပြည်သူတွေ မဲပေးတဲ့အထဲ က အတိုက်အခံပါတီ ဖြစ်တဲ့ ကြံ့ခိုင် ရေးပါတီ အနိုင်ရ သွားတာ တစ်နေ ရာတည်းပါ။ ဒါကလည်း အမျိုးမျိုး အငြင်းပွားစရာတွေဖြစ်နေတဲ့ မွန် ပြည်နယ် ချောင်းဆုံပါပဲ။

ဒီအချိန်မှာ ပြည်သူတွေမဲပေး ခဲ့ကြတာကို ကျွန်တော် အံ့သြမိပါ တယ်။ တံတားတစ်ခု အမည်ပေးတဲ့ အပေါ်မှာ အငြင်းပွားပြီး ဒီမိုကရေ စီကို လိုလားတဲ့ ပြည်သူ (တိုင်းရင်း သား)တွေမဲကွဲတာကို အခွင့်ကောင်း ယူသွားနိုင်တာလို့ ထင်မိပါတယ်။ ပြောမယ်ဆိုရင် ၁၉၈၈ ပြည် သူ့အ ရေးတော်ပုံကြီးမှာ အာဏာရှင် စနစ်ကို တစ်ပြည်လုံး ဆန့်ကျင်ဆန္ဒ ပြခဲ့တဲ့ အထဲမှာ မွန်တိုင်းရင်းသား တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို ပဲ စစ်အာဏာရှင်စနစ်ကို မလိုလား လို့ ၂ဝ၁၅ အထွေထွေ ရွေးကောက် ပွဲမှာ ဒီမိုကရေစီ ပါတီကြီးဖြစ်တဲ့ အန်အယ်ဒီ ပါတီကို မဲပေးရွေးချယ် ခဲ့တဲ့နေရာ မှာလည်း မွန်တိုင်းရင်း သားတွေ ပါဝင်ပါတယ်။ ဒါကလည်း နိုင်ငံရေး ပရိယာယ်ထဲမှာ  ပြည်သူ တွေ ကျရောက် သွားတယ်လို့ ဆို နိုင်ပါတယ်။ နောက်နောင် ဒီလိုအ ဖြစ်မျိုးဖြစ်လာနိုင်မယ် မဟုတ်တော့ တဲ့အတွက် စိုးရိမ် ကြောင့်ကြစရာ မလိုပါ ဘူး။ စစ် အာဏာရှင် စနစ်ရဲ့ လက်ကျန်ပါတီ အဖြစ် ကျန်နေခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီကို မလွန်ဆန်နိုင် သေးတဲ့ ပြည်သူ အနည်း အကျဉ်းရှိ နေဦးမှာပါ။ အခုအချိန်ထိ ကြံ့ခိုင် ရေးပါတီ အနေနဲ့ ဓနအင်အား အ လွန်ကြီးမားနေတုန်းပဲ ဖြစ်နေပါ တယ်။

ဒီနေရာမှာ ကျွန်တော်အစိုးရိမ် ဆုံးကတော့ အခုအာဏာရ ပါတီဖြစ် တဲ့လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ အန်အယ်ဒီပါတီ နဲ့ အခု ပါတီအဖြစ် ပေါ်ပေါက်လာ တော့မယ့် ၈၈ ပါတီနှစ်ပါတီ မဲကွဲ သွားမယ့် အခြေအနေပါပဲ။၂ဝ၁၅ ရွေးကောက်ပွဲမှာ တုန်းက ဒီမိုကရေ စီအင်အားစုတွေ တစ်စုတစ်ဝေး တည်း ခေတ်တစ်ခုကို ဝိုင်းတွန်းရွှေ့ မယ်ဆိုတဲ့ အစီအစဉ်နဲ့ ၈၈ အင်အား စုတွေ အန်အယ်ဒီပါတီ အလံအောက် ဝင်ဖို့အတွက် လုပ်ဆောင် ခဲ့ပေမယ့် အန်အယ်ဒီက လက်မခံခဲ့တဲ့ အခြေ အနေမျိုး လည်း ဖြစ်လာနိုင်ပါတယ်။ ၈၈ အင်အားစုတွေ အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲကွဲသွားမယ့်အ နေအထား ကနေ နောက်ဆုတ်ပေး ခဲ့ပေမယ့်၊ ၂ဝ၂ဝ ရွေးကောက်ပွဲ မှာတော့ အဲဒီလို အခြေအနေမျိုး ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး။

ဒီလိုပဲ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်က တိုင်းရင်းသားတွေအ နေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အတွက် မဲပေးလိုက် ကြတာပါ။ ပြည်နယ်တိုင်းမှာ ပြည် နယ်အလိုက် လူမျိုးစု ပါတီတွေရှိနေ ပြီးဖြစ်ပါတယ်။ တိုင်းရင်းသား ပြည် သူတွေ အနေနဲ့ မိမိတို့လူမျိုး ပါတီ ထက်ခေတ် တစ်ခု အရွေ့မှာဦးဆောင် လုပ်နိုင်မယ့် ဒေါ်အောင်ဆန်းစု ကြည်ရဲ့အင်န်အယ်ဒီကို မဲပေးတာ ဝန်ပေးအပ် ခဲ့တာပါ။ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ခေတ်အ ပြောင်းအလဲတစ်ခုကို သူဦးဆောင် တဲ့ အန်အယ်ဒီ ပါတီက လုပ်ဆောင် နိုင်လိမ့်မယ်လို့ တာဝန်ယူ တွက်ချက် ခဲ့ပြီး မဲဆန္ဒနယ် အကုန်လုံးကို အန် အယ်ဒီ ပါတီဝင်တွေ ဝင်အရွေးချယ် ခံခိုင်းခဲ့တယ်လို့ ထင်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် တွက်ချက် ထင်မြင်ယူဆခဲ့ သလို ၈ဝ ရာခိုင်နှုန်းကျော် အနိုင် ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အနိုင်ရပါတီ အနေနဲ့ အားလုံးကို ရင်ကြားစေ့ရေး ကို ကိုင်စွဲပြီး အစိုးရဖွဲ့မှု၊ ပါတီတွင်း တာဝန်ပေးမှု တွေမှာ  ချဉ်းကပ်အ လွဲတွေ ရှိနေခဲ့ပါတယ်။ ဒီချဉ်းကပ် မှု အလွဲတွေကြောင့် အခုကြားဖြတ် ရွေးကောက်ပွဲမှာ အကျိုးဆက် တွေ ဖြစ်ပေါ်ခဲ့ရပါပြီ။

အခုဖြစ်ပေါ်လာတဲ့ ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်တွေ အပေါ် အမျိုးမျိုး ဝေဖန်မှုတွေ ဖြစ် နေရတာပါ။ ဒီကြားဖြတ် ရွေးကောက် ပွဲရလဒ်ကြောင့် ထူးထူးခြားခြား ပြောင်းလဲမသွားနိုင်ပါဘူး။ ဒါပေ မယ့် စိုးရိမ်စရာတွေ ဖြစ်ရပါတယ်။

၂ဝ၁၇ ကြားဖြတ် ရွေးကောက် ပွဲရလဒ်တွေ ကို ပြန်ကြည့်မယ်ဆို ရင်၊ အာဏာရ အန်အယ်ဒီ ပါတီ အနေနဲ့ လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာမှာ ၁၈ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ ၁၈ နေရာမှာ ၉ နေရာအနိုင်ရခဲ့ပါတယ်။၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်ပြီး ပါဝင် ရွေးချယ်ခံခဲ့တာကြောင့် ရာခိုင်နှုန်း အပြည့်နီးပါး အနိုင်ရရှိခဲ့တာပါ။ ဒီရလဒ် နဲ့ယှဉ်ရင် တစ်ဝက်လောက် ကွာခြားနေပါတယ်။

ဒါကို ပြန်ကြည့်ရင်၂ဝ၁၇   ကြားဖြတ် ရွေးကောက်ပွဲမှာ အန် အယ်ဒီပါတီဟာ ဗမာလူမျိုးအများ စု နေထိုင်တဲ့ မဲဆန္ဒနယ် ၇ နေရာ မှာပဲ အနိုင်ရခဲ့ပါတယ်။ ချင်းပြည် နယ်မဲဆန္ဒနယ် တစ်နယ်နဲ့ ရှမ်း ပြည်နယ် မဲဆန္ဒနယ် တစ်နယ်ပဲ ပြည်နယ် မဲဆန္ဒနယ် အနိုင်ရခဲ့တာ ပါ။ ကျန်တဲ့ ပြည်နယ် မဲဆန္ဒနယ် တွေမှာ တိုင်းရင်းသား ပါတီတွေ အနိုင်ရခဲ့ပါတယ်။ တောင်တန်း ဒေသက  တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ တိုင်းရင်းသား ပါတီတွေကိုပဲ  မဲပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒီအခြေအနေ ဖြစ်စဉ်ဟာ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေ ရပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အန်အယ်ဒီပါတီ ကို မဲပေး တာဝန်ပေးခဲ့ကြပေမယ့် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်း ရင်းသားတွေရဲ့ ရွေးချယ်မှုဟာ ပြောင်းလဲတဲ့ အနေအထား ဖြစ်နေ ပြီလို့ယူဆ နိုင်ပါတယ်။ ဒီလိုအယူ အဆ အတိုင်းဖြစ်နေမယ် ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် ဆောင် ရွက်နေတဲ့ တစ်မျိုးသားလုံး ရင်ကြား စေ့ရေးအတွက် အခက် အခဲ ဖြစ်လာ နိုင်ပါတယ်။ တစ်မျိုးသားလုံးရင် ကြားစေ့ရေး အခက်အခဲဖြစ်နေ မယ် ဆိုရင်  တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ဆောင်ရွက်မှုဟာ ပိုမိုခက်ခဲသွား နိုင်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့အနေအထားနဲ့ လျှောက်နေရတဲ့ လမ်းကလည်း အ လွန်အင်မတန် ကျပ်တည်း ပါတယ်။ မြန်မာပြည်ဟာ ဘယ်နိုင်ငံနဲ့မှ အ နေအထား မတူပါဘူး။ မတူကွဲပြား နေတဲ့ ပြည်သူ (တိုင်းရင်းသားတွေ) တွေအချင်းချင်း ရင်ကြားစေ့ရေး၊ စစ်ဘက်နဲ့ လက်နက်စွဲကိုင် တိုက် ခိုက်နေကြတဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေရဲ့ ရင်ကြားစေ့ရေး ဆို တဲ့ ရင်ကြားစေ့ရေး အမျိုးမျိုးကို ဆောင်ရွက် နေရပါတယ်။

ဒီအမျိုး မျိုးသော ရင်ကြားစေ့ရေး တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှ ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်တဲ့ပြည် ထောင်စုကြီး ကို တည်ဆောက်ဖို့ စတင်နိုင်မှာပါ။ အများပြည်သူတွေ မျှော်လင့်နေကြတဲ့ ပဉ္စမမြောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးကို တွေ့ရ မှာပါ။

ဒီနိုင်ငံဟာ လူထု ခေါင်းဆောင် အနေအထား နဲ့ တည်ဆောက်မှ ပေါ်ပေါက်လာနိုင်မယ် ဆိုတာ ပြည် သူတွေ သိကြပါတယ်။ ဒီလိုငြိမ်း ချမ်း သာယာဝပြောတဲ့ ပြည်ထောင် စုကြီးကို မြင်ချင်ကြတယ် ဆိုတဲ့ အ ဘက်ဘက်သော အဖွဲ့အစည်းတွေ ကလူတွေ တကယ့် စစ်မှန်တဲ့စေ တနာတွေ ပြနိုင်ဖို့လည်းလိုပါတယ်။ စစ်မှန်တဲ့ စေတနာတွေနဲ့အတူ လူ ထု ခေါင်းဆောင်ကို ဝိုင်းဝန်း ကူညီနိုင် မှဖြစ်မှာပါ။ အရေးအကြီး ဆုံး ကတော့ တိုင်းရင်းသား ပြည်သူ တွေအတွက် လူထု ခေါင်းဆောင်နဲ့ အတူ၊ စစ်ဘက်က ခေါင်းဆောင် တွေ၊ လက်နက် ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေ အားလုံးပါဝင် ညီညွတ်ကြဖို့ လိုပါတယ်။ လူထု ခေါင်းဆောင် ရဲ့မှန်ကန်တဲ့ နိုင်ငံ ရေးချဉ်းကပ်ပြီး၊ လမ်းနဲ့လူရွေး ချယ်မှုတွေလည်း လိုအပ်ပါတယ်။

အလွန် အင်မတန်မှ ခက်ခဲပြီး သိမ်မွေ့စွာ ကိုင်တွယ် ဆောင်ရွက် နိုင်ဖို့ကို လူထု ခေါင်းဆောင်ကို  ဝန်းရံနေတဲ့ ခေါင်းဆောင်တွေရဲ့ ထက်မြက်မှုနဲ့ စေတနာ ထားနိုင်မှု၊ စွန့်လွှတ်စွန့်စား ပေးဆပ်မှုတွေသာ တကယ့်ကို မှန်ကန်ခဲ့ကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ အခုကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွန်နိုင်မှာပါ။ ဒီလိုသာဖြစ် မယ်ဆိုရင် ပြည်သူကို အမိအဖ နေရာမှာ ထားပြီး၊ ပြည်သူ ကိုပြန် အလုပ်အကျွေး ပြုနိုင်တဲ့ နိုင်ငံရေး ဝန်းကျင်တစ်ခု ပေါ်ပေါက်လာ နိုင်မှာပါ။ ပြည်သူနဲ့အတူ မလျှောက် လှမ်းဘဲ ပြည်သူကို ဦးဆောင်    လျှောက်လှမ်းနိုင်မယ့် အနေအ ထားကို ရောက်နိုင်ပါလိမ့်မယ်။ ပြည်သူတွေ လိုအပ်တဲ့ အရာတွေ ကိုဖြည့်ဆည်းပေးနိုင် တဲ့၊ ပြည်သူ တွေ အနေနဲ့ ကျေနပ်ပီတိ ဖြစ်ရတဲ့ အစိုးရဖြစ်နေမှာပါ။

အခု ၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲမှာ တွေ့ကြုံခဲ့ရတာတွေ ကိုကြည့်ရင် လူထု ခေါင်းဆောင်ရဲ့ ပုံရိပ်တွေ ကျဆင်း သွားနေပြီလို့ ဆို နိုင်ပါတယ်။ ပြည်သူကို ဦးဆောင် နေရမယ့်အစား ပြည်သူကို ပြန် အားကိုးရမယ့် အနေအထားကို ရောက်နေပါပြီ။ တိုင်းပြည် အတွက် အဘက်ဘက်က အကွဲတွေကို ရင် ကြားစေ့ပေးဖို့ လုပ်ဆောင်နေတဲ့ လူထု ခေါင်းဆောင်ကို ကွဲနေတဲ့သူ တွေ ကိုယ်တိုင် ကလည်း အားစိုက် ပြီး ရင်ကြားစေ့ရေး အတွက် ဝိုင်း ဝန်း ပါဝင်နိုင် မှဖြစ်မှာပါ။ ဒီလို ဝိုင်းဝန်း မကူညီကြဘဲ ဖက်ဒရယ် ပြည်ထောင် စုကြီးကို မြင်ချင်နေဖို့ အတွက်တော့ တိုင်းပြည်ရှေ့ဆက် သွားမယ့် လမ်းဟာ ခက်ခဲကျဉ်း မြောင်းနေဦးမယ် ဆိုတာ အသိပေး ချင်ပါတယ်။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*