နာမည်ပြောင်းဖွင့်နေသော တရုတ်နိုင်ငံသားပိုင်ဆေးခန်းများထောင်ဒဏ်ချမှတ်အရေးယူမည်

နာမည်ပြောင်းဖွင့်နေသော တရုတ်နိုင်ငံသားပိုင်ဆေးခန်းများထောင်ဒဏ်ချမှတ်အရေးယူမည်
April 6, 2017 Asian Fame

1:22 pm
နာမည်ပြောင်းဖွင့်နေသော တရုတ်နိုင်ငံသားပိုင်ဆေးခန်းများထောင်ဒဏ်ချမှတ်အရေးယူမည်

phha

ရန်ကုန် -ဧပြီ ၆

နာမည်အမျိုးမျိုးနဲ့ ပြောင်းလဲဖွင့်နေတဲ့ တရုတ်ဆေးခန်းတွေကိုစစ်ဆေးတွေ့ ရှိပါက ထောင်ဒဏ်၁နှစ်မှ၅နှစ်အထိချမှတ်အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရက ဒီကနေ့ လွှတ်တော်မှာ ပြောပါတယ်။

” ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်လျှောက်ထားသူများဟာ နိုင်ငံသားမှတ်ပုံတင်ရှိတဲ့မြန်မာနိုင်ငံသားများသာလျှောက်ထားခွင့်ရှိတာဖြစ်ပါတယ်။့ နိုင်ငံခြားသားပိုင်ဆေးခန်းမျာုး လုပ်ငန်းလိုင်စင်လျှောက်ထားလို့ လုံးဝမရပါဘူး။လုပ်ကိုင်ခွင့် ပေးထားမှုလုံးဝမရှိပါဘူး” လို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောပါတယ်။ ဧပြီလ ၆ ရက်နေ့ က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော််မှာ ဆိပ်ကြီးခနောင်တိုမြို့ နယ်၊မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တရုတ်လူမျိုးများဖွင့်ထားတဲ့ဆေးခန်းတွေကို လသာနဲ့ ဗိုလ်တထောင်မြို့ နယ်များမှာကြော်ငြာအားကောင်းကောင်းနဲ့ ဖွင့်လှစ်လုပ်ကိုင်နေတာတွေ့ ရကြောင်း၊တချို့ ကိုအရေးယူခဲ့ပေမယ့်လည်း နာမည်ပြောင်းတွေနဲ့ ပြန်လည်ဖွင့်လှစ်ကြကြောင်း လွှတ်တော်မှာ ဆိုပါတယ်။

ဆေးကုသခွင့်လုပ်ငန်းလိုင်စင်လျှောက်ထားဆဲအခြေအနေမှာ (လိုင်စင်မကျသေးဘဲ)ဆေးကုသနေတဲ့ ပုဂ္ဂလိကဆေးခန်းများနဲ့ နိုင်ငံခြားသားတရုတ်လူမျိုးများဖွင့်လှစ်ထားတဲ့ဆေးခန်းတွေကိုဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတဲ့မေးခွန်းကို လွှတ်တော်မှာ ဒေါ်စန္ဒာမင်းကမေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဘုံသာလမ်းမှာရှိနေတဲ့ ပုဂ္ဂလိက အထူးကုဆေးခန်းများမှာ လုပ်ငန်းလိုင်စင်လျှောက်ထားဆဲ အခြေအနေမျိုးမှာပဲ ဆေးကုသခြင်း ၊ ခွဲစိပ်ကုသခြင်း လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းနဲ့ လုပ်ငန်းလိုင်စင်အသစ်စလျှောက်ရတဲ့ဆေးခန်းတွေ ၊ခွဲစိပ်ကုသခန်းတွေအနေနဲ့ လုပ်ငန်းလိုင်စင်မကျသေးခင် ခွဲစိပ်ကုသနေခြင်းဟာ သင့်လျော်မှုမရှိပါဘူးလို့ ၎င်းကဝေဖန်ခဲ့ပါတယ်။

”ကိုယ်တိုင်လည်း တိုင်းဒေသကြီးအဆင့်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအနေနဲ့ ကွင်းဆင်းပြီး အရေးယူဆောင်ရွက်နေပါတယ်။ဒါပေမယ့်လုံလောက်မှုမရှိသေးဘူးလို့ လည်းသိရပါတယ်။ဘာလို့ လဲဆိုတော့ ဆေးခန်းတွေက နာမည်ပြောင်းတွေနဲ့အမျိုးမျိုးလုပ်နေတာတွေရှိပါတယ်။အဲဒီတော့ လိုအပ်နေတာကတော့ ပြည်သူလူထုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ နိုင်နိုင်နင်းနင်းဖြစ်မှာပါ” လို့ ဝန်ကြီးကပြောကြားခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*