11:07 am

PNews
နေပြည်တော်၊ ဧပြီ ၎
ငွေကျပ် နှစ်သောင်းခွဲထက်ပိုသည့် လက်ဆောင်ယူကြသော အစိုးရဝန်ထမ်း များ ရှိနေပါသဖြင့် ထိုသူတို့ကို အရေးယူ ပေးရန် တိုင်ကြားလာသည့်စာများ သမ္မတ ရုံးသို့ ရောက်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထဲမှ အာဏာ လွှဲပြောင်းရယူပြီး နောက်ပိုင်း NLD အစိုးရက အစိုးရအဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများအနေဖြင့် ငွေကျပ် ၂၅ဝဝဝ ထက်ပိုမိုသော လက်ဆောင်များ မယူရန်နှင့် တစ်နှစ်လျှင် ငွေကျပ် တစ်သိန်းထက် ကျော်လွန်သည်အထိ လက်ဆောင်မယူကြရန် ကြေညာစာထုတ်ကာ သတိပေးတားမြစ်ခဲ့သည်။ တားမြစ်မှုကိုဖောက်ဖျက်ပါက အရေး ယူသွားမည်ဖြစ်ကြောင်း အစိုးရသစ်က ဆိုခဲ့သည်။ ယင်းတားမြစ်မှုသည် ယခုအခါတွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် တစ်နှစ်အတွင်း တိုင်တန်းလာမှု အရေအတွက်၊ အရေးယူမှု အခြေအ နေကို တာဝန်ရှိသူထံ မေးမြန်းရာ သမ္မတ ရုံးပြောခွင့်ရ ဦးဇော်ဌေးက ”ဝန်ကြီးဌာန တွေ၊ ပြည်နယ်တိုင်းတွေကများတော့ တိုင် ကြားစာတွေရှိပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။ ယင်းတိုင်စာများနှင့် ပတ်သက်၍ လောလောဆယ်တွင် မပြောနိုင်သေးသော် လည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်း ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် Transparency International က ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ ခြစားမှုညွှန်းကိန်းကို ၂ဝ၁၆ ကို ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန် ခဲ့ရာတွင် မြန်မာသည် ကမ္ဘာတွင် အဆင့် ၁၃၆ တွင် ရှိနေသည်။ ယင်းအဆင့်သည် ခြစားမှု အဆိုးဆုံး အနီရောင်အဆင့်တွင် ရှိသည်။ ပြည်ထဲရေး ဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန ပြောခွင့်ရအရာရှိက ၎င်းတို့ဌာန အနေဖြင့် ဝန်ထမ်းမသမာမှုကို စုံစမ်းဖော်ထုတ်ရသည့် တာဝန်ကိုယူထားရကြောင်း ပြောသည်။
ယင်းအပြင် တိုင်စာများကို စစ်ဆေး ပေးရသည့် အလုပ်ကိုလည်း လုပ်ရ ကြောင်း၊ အစိုးရသစ် လက်ထက် တစ်နှစ် အတွင်း စုံစမ်းစစ်ဆေးရန် တိုင်စာ ၆၈ မှု လက်ခံ ရရှိခဲ့ပါကြောင်း ပြောသည်။ ”တိုင်စာအများစုကို စစ်ပြီးပါပြီ” ဟု သူက ပြောသည်။ အကြောင်းအရာကိုမူ တာဝန်ပေး အပ်သည့် အမှုတို့ဖြစ်၍ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ ”အစိုးရဌာနတွေမှာ မလိုလားအပ်တဲ့ မသမာမှုတွေ၊ ငွေကြေး အလွဲသုံးစားအမှု တွေမရှိစေဖို့ အထူးစီမံချက်တွေချထား ပါတယ်။ ဒီလောက်ပဲ ပြောခွင့်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။