ရဲဘက်ပြေး အပါအဝင် တရားခံ နှစ်ရာကျော်ကို စွန်ရဲ စီမံချက်ဖြင့် ဖမ်းဆီး

ရဲဘက်ပြေး အပါအဝင် တရားခံ နှစ်ရာကျော်ကို စွန်ရဲ စီမံချက်ဖြင့် ဖမ်းဆီး
April 5, 2017 Asian Fame

3:54 pm
ရဲဘက်ပြေး အပါအဝင် တရားခံ နှစ်ရာကျော်ကို စွန်ရဲ စီမံချက်ဖြင့် ဖမ်းဆီး

(ရန်ကုန်၊ မတ် ၃၁)

ရန်ကုန်တိုင်း အတွင်းတွင် လူ ဆိုး၊ လူမိုက်များ လျော့နည်းစေ ရန်အတွက် စီမံချက်ချ လုပ်ဆောင် ခဲ့ရာ တစ်လအတွင်း ပြေးလေး ပြေး တရားခံပေါင်း နှစ်ရာကျော်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်း ရဲတပ်ဖွဲ့ကပြောသည်။

၎င်းတို့ကို စွန်ရဲ စီမံချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ပြေး ၉၃ ဦး၊ ရဲဘက်ပြေး ၆ ဦး၊ ရဲပြေး ၄ ဦး နှင့် တရားခံပြေး ၁၁၅ ဦးကို ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

”ထပ်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်” ဟု ရန် ကုန်တိုင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့် ထွေးက ပြောသည်။

အဆိုပါ စွန်ရဲ စီမံချက်ကို ဒုစ ရိုက်မှုများ ပပျောက်ရေး၊ မှုခင်း ဖြစ်ပွားမှု ကျဆင်းရေး တို့အတွက် ရည်ရွယ်ပြီး မတ်လ ၁ ရက်နေ့မှ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ဧပြီလ ၃ဝ ရက်နေ့တွင် စီမံချက် ပြီးဆုံးမည်ဖြစ်သည်။

အဆိုပါ စွန်ရဲစီမံချက် တစ်လ တာကာ လအတွင်း မူးယစ်အမှု ပေါင်း ၂၉ဝ ကျော် ကိုလည်း ဖမ်း ဆီး အရေးယူနိုင်ခဲ့ကြောင်း၊ ရန် ကုန်တိုင်းမြို့နယ် အနှံ့တွင် နာမည် ကြီး လူဆိုး လူမိုက်များ မရှိသ လောက် နည်းပါးသွားပြီ ဖြစ်ပြီး ရွက်ပုန်းသီး လူဆိုးလူမိုက် များသာ ကျင်လည် ကျက်စားနေကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေ ကပြောသည်။

စွန်ရဲစီမံချက်ဖြင့် ဖမ်းဆီးခဲ့ သည့် တရားခံများတွင် သေနတ် ပစ် ဖမ်းဆီးခဲ့ရသည့် တရားခံနှစ်ဦး လည်း ပါဝင်ခဲ့သည်။

တရားခံများက ရဲတပ်ဖွဲ့ဝင် များအား ပြန်လည် ခုခံသည့် ဖြစ် စဉ်များကြောင့် ၂ဝ၁၇ ခုနှစ် ဖေ ဖော်ဝါရီလမှ စ၍ ရန်ကုန် တိုင်းရှိ ရဲတပ်ဖွဲ့ဝင်များကို လက်နက်ခဲ ယမ်း အပြည့်အစုံ တပ်ဆင်စေပြီး လုံခြုံရေး အထူး တင်းကျပ်ဆောင် ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြော သည်။

ရန်ကုန်တိုင်း အတွင်း လူသတ် မှု၊ လုယက်မှု၊ မုဒိမ်းမှုနှင့် အခြား အမှုကျူးလွန်ပြီး ထွက်ပြေးတိမ်း ရှောင်နေသည့် ပြေးလေးပြေး စာ ရင်းဝင် အယောက် ၁၈ဝဝ ခန့် လွတ်မြောက်လျက် ရှိကြောင်း သိ ရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*