မွန်ပြည်နယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် နှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် နှင့် တွေ့ဆုံမေးမြန်းခြင်း
April 5, 2017 Asian Fame

3:22 pm
မွန်ပြည်နယ်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ တစ်နှစ်တာ သက်တမ်းအတွင်း ဆောင်ရွက်မှု များကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်း၍ အပတ်စဉ် တင်ဆက်လာခဲ့ရာ၊ ယခုအပတ်တွင် မတော့ မွန်ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ မွန်ပြည်နယ် ရေုးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင်နှင့် တွေ့ဆုံမေးမြန်း ခဲ့ခြင်းများကို တင်ပြထားပါသည်။

ဦးချစ်တင် ခင်ဗျား။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ဆောင် ရွက်ချက် အနှစ်ချုပ်ကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ရှင်း ပြပေးလို့ရမလား။

အသေးစားနဲ့ အလတ်စား လျှပ်စစ် ထုတ်လုပ်ရေးနဲ့ ပတ်သက် တဲ့ ဥပဒေတစ်ခု၊ ပြီးတော့ မသန် စွမ်းဥပဒေ တစ်ခု။ ဒါတွေကို ဒုတိ ယအကြိမ် လွှတ်တော်က ပြဋ္ဌာန်း ပေးနိုင်ခဲ့တယ်။ စည်ပင် ဥပဒေကို လည်း ပြန်လည် ပြင်ဆင်ဖို့ လုပ်နေ တာတွေ ရှိပါတယ်။ လိုအပ်တဲ့နည်း ဥပဒေတွေ ကိုလည်း လွှတ်တော်က ပြဋ္ဌာန်းပေးနေတာတွေ ရှိပါတယ်။

ပထမအကြိမ် မွန်ပြည်နယ်လွှတ် တော်နဲ့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒီ ၂ ခု ကွာခြားချက် တွေ ရှိလား။

လွှတ်တော် စောင့်ကြည့်လေ့ လာသူတွေ၊ လွှတ်တော် အကဲဖြတ် သူတွေအပါအဝင် လွှတ်တော်စောင့် ကြည့်တဲ့ အဖွဲ့အစည်း အချို့ရဲ့ပြော စကားတွေကို ကိုးကားပြောရရင် ဒုတိယ အကြိမ် မွန်ပြည်နယ်လွှတ် တော်ဟာ ပထမအကြိမ် မွန်ပြည် နယ်လွှတ်တော်နဲ့ ဘာမှမဆိုင်ဘူး။ တိုးတက်တဲ့ ပြောင်းလဲမှုတွေ အ များကြီး ရှိတယ်။ ဒီလိုပဲ ကျွန်တော် ပြောရမှာ ဖြစ်တယ်။ ပြည်သူ့အသံ၊ လွှတ်တော်အသံ ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ဒုတိယအကြိမ် မွန်ပြည် နယ်လွှတ်တော်ဟာ ရပ်တည်နိုင် တယ်။ အဆိုတွေ၊ မေးခွန်းတွေဟာ လည်း ထိရောက်တဲ့ အဆိုတွေ၊ ထိ ရောက်တဲ့ မေးခွန်းတွေချည်းပဲ။ ပြီး တော့ ရေးရာကော်မတီတွေ။ အဲဒီ ရေးရာ ကော်မတီတွေ ရဲ့ အလုပ် လုပ်မှုဟာလည်း အရင်က ရေးရာ ကော်မတီတွေနဲ့ ဘာမှ မဆိုင်ဘူး။ ပြည်သူလူထုနဲ့ တော်တော်လေးထိ တွေ့ပြီး ပြည်သူ့ဆန္ဒကို အကောင် အထည်ဖော် ပေးနိုင်ခဲ့တယ်။

ဒီလိုဆိုတော့ ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော် အပေါ် အားရ ကျေနပ်မှု ရှိနေပုံပဲ။ မွန်ပြည်နယ် အစိုးရ အဖွဲ့အပေါ်တွေ ကိုရော ဘယ်လို သဘောထားရှိနေလဲ။

အင်း…. ဒီမေးခွန်းကို ဖြေ ဖို့ရာ ခက်ပါတယ်။ အားမရဘူးလို့ ပဲ ပြောရမှာပေါ့။ ဝန်ကြီးချုပ် အ ဟောင်းကိုလေ။ သူ့အကြောင်းတော့ သိပ်ပြီး ထွေထွေထူးထူး မပြောလို ဘူး။ ဒါပေမယ့် တစ်ခုတော့ ပြော လိုတယ်။ သူဟာ လွှတ်တော်အ စည်းအဝေးတွေ တက်တာ နည်း တယ်။ ဒီတော့ လွှတ်တော်နဲ့ ထိ တွေ့မှုဟာ အတော်လေးကို နည်း ပါတယ်။ ဒါကတော့ သူ့အပိုင်း ပေါ့။ တစ်ခုပြောလို တာက သူ့ကို လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်တာ၊ တွန်းတာ မလုပ်ကြပါဘူး။ သူ့စည်းကို သူဖော်သွားတာပါ။ ဒါ့ ကြောင့်လည်း ပါတီဗဟိုက ဗဟိုစုံ စမ်းရေးကော်မတီ တစ်ခုဖွဲ့မှုနဲ့ သူ အစစ်ခံ လိုက်ရတယ်။ စစ်ချက်တွေ ကို ကျွန်တော် တို့လည်း မသိတဲ့အ တွက် ကျယ်ကျယ်ပြန့်ပြန့် မပြော နိုင်တာနားလည်ပေးပါ။ အခုနိုင်ငံ တော်သမ္မတက အသစ်ခန့်အပ် လိုက်တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် အပေါ်ကိုတော့ အများကြီး မျှော် လင့်ထားပါတယ်။

ဝန်ကြီးချုပ် အသစ်ကရော လွှတ် တော်ကိုယ်စားလှယ်တွေ မျှော်လင့် ထားသလို၊ ပြည်နယ်သူ ပြည်နယ် သားတွေ တောင့်တသလို လုပ် ဆောင်နိုင်ပါ့မလား။

သူ ဝန်ကြီးချုပ်အသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ မွန် ပြည်နယ်ကို အဖွံ့ဖြိုးဆုံး ပြည်နယ် တစ်ခုဖြစ်အောင် လုပ်သွားမယ်။ မူးယစ်ဆေးကို နှိမ်နင်းသွားမယ့်အ ပြင် ဒုစရိုက်မှုတွေ ကိုလည်း ဖယ် ရှားရှင်းလင်း သွားမယ်လို့ ပြတ် ပြတ်သားသား ပြောထားတာ ကြား မိထားပါတယ်။ သူနဲ့ကျွန်တော် နီး နီးစပ်စပ် နေခဲ့ဖူးပါတယ်။ သူဟာ ရိုးသားတယ်၊ လုပ်ရည်ကိုင်ရည် တွေ အများကြီး ရှိတယ်။ ဒီတော့ မျှော်လင့်ချက်တွေ ကို ဖြည့်ဆည်း ပေးနိုင်မှာပါ။

ဟုတ်ပါပြီ။ ဦးချစ်တင် အနေနဲ့ နယ်မြေတွေကို ဆင်းတဲ့အခါမှာ၊ မဲဆန္ဒရှင် ပြည်သူတွေနဲ့ တွေ့တဲ့ အခါမှာ ‘တို့အစိုးရ တက်ပြီးနောက် ပိုင်း ပြောင်းလဲမှုတွေကို ခံစားရပြီ လား၊ ဘာတွေအပြောင်းအလဲတွေ ကြုံနေရလဲ’ ဆိုတဲ့ မေးခွန်း မေးခဲ့ ဖူးတာတွေ ရှိလား။

မေးခဲ့ဖူးပါတယ်။ မေးတိုင်း လည်း သူတို့ကတော့ ပြောင်းလဲမှု တော့ ရှိတယ်။ အရင်ကနဲ့ တော့မတူ ဘူး။ လမ်းတွေ၊ တံတားတွေဟာ အရင်ကနဲ့ ဘာမှမဆိုင်ဘူး။တိုး တက်လာတယ်။ ဒီလိုပြောကြပါ တယ်။ တစ်ခုတော့ ရှိတယ်ဗျ။ ကျွန် တော်တို့နိုင်ငံက မချမ်းသာဘူး။ ဆင်းရဲတယ်။ ဆင်းရဲတွင်း ကတော့ ရုန်းထွက်နိုင်ဖို့ တော်တော်လေး ကြိုးစားဖို့ လိုပါလိမ့်မယ်။ ပြောင်းလဲ မှုကို အခုလတ်တလော မှာပြည်သူ တွေ အပြည့်အဝ မခံစားရသေး သော်လည်းပဲ နောက်ပိုင်းမှာ ခံစား သွားရဖို့ ရှိနေပါတယ်။ အဲဒါက တော့ ဘာလဲဆိုရင် ပြည်နယ်ထဲမှာ လျှပ်စစ်မီး မရသေးတဲ့ ဒေသတွေ လျှပ်စစ်မီးတွေ ရကြပါတော့မယ်။ ဒီအခါကျရင် စီးပွားရေးတွေ ပိုမိုဖွံ့ ဖြိုး တိုးတက်လာလိမ့်မယ်။ ကျွန် တော်တို့ မွန်ပြည်နယ်ဟာ စိုက်ပျိုး ရေးလုပ်ငန်း၊ ရေ လုပ်ငန်း ဒါတွေ အဓိကထားလုပ်တဲ့ ပြည်နယ် တစ်ခု ပါပဲ။ အဓိက လိုအပ်နေတဲ့ လျှပ် စစ်မီး သာရရင် ဒီလုပ်ငန်းတွေဟာ အခုထက်ပိုပြီး တိုးတက်သွားကြမှာ ဖြစ်တဲ့ အတွက် ကြီးမားတဲ့ ပြောင်း လဲမှုကို မကြာခင်တွေ့ကြရတော့ မယ်လို့ ကျွန်တော် ပြောလိုပါတယ်။

ဒါဆိုရင် မွန်ပြည်နယ်အတွက် အဓိက လိုအပ်ချက်က လျှပ်စစ်မီး ဖြစ်နေတာပေါ့။

ဟုတ်တယ်ဗျ။ တကယ်လိုအပ် နေတာ အဲဒါပဲဗျ။ နောက်ထပ်လို တာတော့ ဆက်သွယ်ရေး ကဏ္ဍ။ ဒါတွေပြည့်စုံရင် အကုန်လုံး အဆင် ပြေသွားပြီဗျ။ အခုဆိုဗျာ။ ကျွန် တော်တို့ဆီက ငါးတွေ ထိုင်းကို ရောင်း။ မွန်ပြည်နယ်က လုပ်သား တွေက ထိုင်းစက်ရုံတွေမှာ ကျွန် တော်တို့ရဲ့ ငါးတွေကို စည်သွတ် ဘူးထည့်။ ဒါတွေ လုပ်နေရတယ်။ ကိုယ့်ဒေသမှာ လိုအပ်တဲ့ လျှပ်စစ် မီး၊ လမ်းပန်းဆက်သွယ်ရေးကောင်း ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဒီကိုလာမယ်။ ကျွန်တော် တို့ဆီက နေတစ်ဆင့် တခြားကိုပို့ လို့ရတယ်။ တစ်ခုတော့ရှိတာပေါ့။ သူတို့တွေ ပေးနေတဲ့ လစာတွေ အတိုင်းတော့ ပေးမှရမယ်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ် တော်က NLD စိုးမိုးတဲ့လွှတ်တော် ဖြစ်နေတယ်။ ဒီတော့ လွှတ်တော် ထဲရောက်နေတဲ့ တိုင်းရင်းသားပါ တီတွေရဲ့အခန်း ကဏ္ဍက ကွယ် ပျောက်နေမလား၊ ဒါမှ မဟုတ်ရင် သူတို့ရဲ့ အခန်း ကဏ္ဍကိုရော လွှတ် တော်က အလေးထားနေလား။

အလေးထားပါတယ်။ NLD ကတော့ အများဆုံး နိုင်တာပေါ့ဗျာ။ အခြားပါတီက ဆိုရင် မွန်အမျိုး သားပါတီက ကိုယ်စားလှယ် တစ် ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီက ကိုယ်စားလှယ် တစ်ဦး၊ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ် တစ် ဦး။ ဒါပဲရှိတယ်။ ကျန်တာကတော့ တပ်မတော်သား ကိုယ်စားလှယ် ပေါ့ဗျာ။ အခြားပါတီက ၃ဦးတည်း ရှိပေမယ့်လို့ သူတို့ကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ပစ်ပယ်မ ထားပါဘူး။ ပါတီကလည်း အလေး ထားပါတယ်။ အစိုးရကလည်း တန်ဖိုးထားပါတယ်။ ဒါ့ကြောင့် လည်း ပြည်နယ် အစိုးရ ဖွဲ့တဲ့အခါ မှာ မွန်အမျိုးသား ပါတီကကိုယ်စား လှယ်တစ်ဦးကို ပြည်နယ် အစိုးရအ ဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခဲ့သလို မွန်ဒေသလုံး ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ကိုလည်း မွန်ပြည် နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအ ဖြစ် ခန့်အပ် ပေးထားတာကို တွေ့ ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့် ခြင်းအားဖြင့် တိုင်းရင်းသားပါတီ တွေကို NLD က အလေးထား၊ မ ထား အထင်အရှားတွေ့ရမှာ ဖြစ် ပါတယ်။ နောက်ပြီး လွှတ်တော်ထဲ ပူးပေါင်း ဆောင်ရွက်မှု။ ကျွန်တော် တို့တွေ ပြည်သူတွေ အတွက် အ လုပ်လုပ်နေတဲ့အခါမှာ လူမျိုးစွဲ၊ ပါတီ စွဲမထားဘူး။ အားလုံးဟာ ပြည်သူလူထုကိုပဲ မျက်နှာမူတယ်။

တရားဥပဒေ စိုးမိုးမှုနဲ့ ပတ်သက် ပြီးရော ပြောင်းလဲမှု တွေက အရင် ကနဲ့မတူ ပြောင်းလဲ သွားလားဗျ။

ဘယ်လို ပြောရမလဲ။ ပြောင်း လဲသွားတဲ့ ကဏ္ဍတွေ ရှိသလို၊ မ ပြောင်းလဲတာတွေ လည်း ရှိတယ် ဗျ။ ဒီလိုပဲ ပြောရမယ်။ ကျွန်တော် တို့ဆီမှာ အဓိက ရင်ဆိုင်နေရတာ က မူးယစ်ဆေး ပြဿနာပဲ။

မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အ တွက် ဘာတွေဆောင်ရွက်သင့်လဲ။ ဆိုလိုတာက ဘာတွေကို ဦးစားပေး ပြီး ဆောင်ရွက်ရင် မွန်ပြည်နယ် ဒီ့ထက်ဖွံ့ဖြိုး တိုးတက်လာမလဲ ခင်ဗျ။

ကျွန်တော်တို့ ပြည်နယ်မှာ ရေ သယံဇာတ၊ မြေသယံဇာတ ပေါ ကြွယ်ဝတဲ့ ပြည်နယ် တစ်ခုဖြစ် တယ်။ ပြီးတော့ မပျက်မစီး မယိုယွင်း သေးတဲ့ သဘာဝ ပတ်ဝန်းကျင်ကို လည်း ပိုင်ဆိုင်ထားပါတယ်။ နာ မည်ကြီး စေတီပုထိုး များစွာကို လည်း ပိုင်ဆိုင် ထားသေးတဲ့ အပြင် ရှားပါးတဲ့ ရေပူစမ်းတွေ လည်း အ များကြီး ရှိပါတယ်။ ပြီးတော့ထပ် ပြောရရင် ရေနက် ဆိပ်ကမ်းတစ်ခု လုပ်နိုင်လောက်တဲ့ အနေအထား ကို ပိုင်ဆိုင် ထားပါသေးတယ်။ ဒါ တွေကို အကျိုးရှိရှိ စီမံခန့်ခွဲတတ် ရင်၊ စီမံခန့်ခွဲနိုင်ရင် မွန်ပြည်နယ်ရဲ့ တိုးတက်မှုဟာ ပိုပြီး မြန်မြန်ဆန် ဆန်ရှိလာပါလိမ့်မယ်။ အဲ… ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပဲ ပြော ပြောဗျာ။ ဝန်ကြီးချုပ် အသစ်က စီ မံခန့်ခွဲနိုင်တဲ့ သူဖြစ်နေတော့ သူ လုပ်သွားပါလိမ့်မယ်။ ဝမ်းသာစရာ တစ်ခုကတော့ ရေးမှာ ရေနက်ဆိပ် ကမ်းတစ်ခု လုပ်ဖို့ရှိနေတယ်။ ဒါ ဟာ ပြည်သူ အတွက် အားတက် စရာပဲ။

ဟုတ်ကဲ့။ ခုလိုဖြေပေးတာ ကျေးဇူး တင်ပါတယ်။

မင်းသုအောင် မေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*