မတူကွဲပြားတာတွေကို မခွဲခြားကြပါနဲ့လား

မတူကွဲပြားတာတွေကို မခွဲခြားကြပါနဲ့လား
April 5, 2017 Asian Fame

3:06 pm
မတူကွဲပြားတာတွေကို မခွဲခြားကြပါနဲ့လား

theinsoe

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော ကြားတဲ့ အစိုးရသက်တမ်းတစ်နှစ်ပြည့် မိန့်ခွန်းကို ဖတ်ရှုလေ့လာပြီးတော့ ကိုယ် ကြိုက်မိတာလေးတွေကို ဆက်စပ်လိုက်ပြီး အခုလိုခေါင်းစဉ်တပ်မိလိုက်တာပါ။ အတူ သွားဖို့အတွက် မတူကွဲပြားမှုတွေကို မျှတစွာလက်ခံပြီး အရာသွင်း၍ နေရာပေးဖို့ လိုသည် မဟုတ်ပါလား။

၂ဝ၁၅ တုန်းက မခွဲအတူဆိုတဲ့ ကဗျာ တစ်ပုဒ်ကိုရေးဖြစ်ခဲ့ဖူးပါတယ်။ ပုဂံဘက်ကိုရောက်ဖြစ်ရင်း ကျွန်းသီရိနှင့် ကုန်းသီရိပေါ်မှာ အခြေချနေထိုင်မှုကိုအကြောင်း ပြုပြီးရေးစပ်ဖြစ်ခဲ့တာပါ။ မြစ်ထဲရောက်နေ လို့၊ မြစ်ကမ်းနံဘေးမို့လို့ ကျွန်းနှင့်ကုန်းဟူ၍သာ ကွဲပြားနေတာပါ၊ သူတို့အားလုံးဟာ သီရိသားတွေသာပါတဲ့။ သက်ကြီးစကား သက်ငယ် ကြားလိုက်ရတာ တကယ့်ကို ကြက်သီးထမိခဲ့ပါတယ်။ သူတို့တစ်တွေဟာ အဲ့ဒီကျွန်း အဲ့ဒီကုန်းပေါ်မှာ အခြေချ နေထိုင်ရင်း လောကဓံကို ရင်ဆိုင်ရင်း ရုန်းကန်လှုပ်ရှားနေခဲ့ကြတာလည်း ရှေး မျိုးဆက် အဆက်ဆက်ထဲကပင် ဖြစ်ပါတယ်။ ကျွန်းသီရိဘက်မှာ နှစ်စဉ် လိုလို ရေကြီးရေလျှံမှုဒဏ်ကို ပုံမှန်ကြုံကြရတဲ့ အိမ်ထောင်စုတွေ ရှိကြပါတယ်။ အဲ့ဒီရေ ဘေးရှောင်မိသားစုတွေအတွက် ယာယီနေရာထိုင်ခင်းကို ကုန်းသီရိဘက်မှာ စီစဉ် ပေးကြပါတယ်။ ရေပြန်ကျသွားပြီဆိုရင် ကျွန်းသီရိပေါ်မှာ စိုက်ပျိုးလို့ကောင်းတဲ့ မြေတွေပေါ်လာပါပြီ။ အဲ့ဒီမြေတွေမှာ ရာ သီ အလိုက်စိုက်ပျိုးကြဖို့ စိုက်ပျိုးမြေတွေ ခွဲဝေကြပြန်တော့ ကုန်းသီရိပေါ်က အိမ် ထောင်စုတွေလည်း စိုက်ပျိုးကွက်တွေ အ ချိုးကျရကြပြန်ပါတယ်။ ဒါကအပြန်အလှန် မှီတည်နေတဲ့ နမူနာတစ်ခုကို တင်ပြခြင်း သာဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ သူတို့ဆီမှာ မတူညီတဲ့ ခံစားချက်မျိုးစုံတွေ ဆန္ဒမူကွဲတွေလည်း ရှိနေကြမှာပါ။

အဲ့ဒီခံစားချက်တွေ မတူညီမှု၊ သူတို့ရဲ့ ကွဲပြားနေကြတဲ့ လိုလားတောင့်တမှုတွေက စလို့ နေထိုင်မှု၊ သက်မွေးဝမ်းကျောင်းပြုမှု၊ လက် တစ်ကမ်းအကွာမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုးစုံတွေက သူတို့ရဲ့ မတူကွဲပြားခြားနားမှုတွေပါပဲ။ မြေမျက်နှာ သွင်ပြင်တွေ ခြားနားနေမှု၊ အုပ်ချုပ်မှုဆိုင် ရာ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ထားမှု ကြောင့် သူတို့တစ်တွေ ကွဲပြားနေ ထိုင်နေ ကြသလို ဖြစ်နေကြတာပါ။ သူတို့နှစ်ဖက် အသိုင်းအဝိုင်းက တစ်သားတည်းလို ဖြစ် ချင်ကြတယ်၊ ဖြစ်နေကြပါတယ်။ သူတို့ ချစ်တဲ့မြေ သူတို့တန်ဖိုးထားတဲ့မြေပေါ်မှာ သက်ထက်ဆုံးနေထိုင်ကြတယ်လို့ သူတို့ရဲ့ ပင်ကိုစိတ်ခံမှာ ဂုဏ်ယူနေမှုတွေရှိနေကြ တာမို့လို့ သီရိသားတွေ တစ်သွေးတည်း တစ်သားတည်းဆိုပြီး ခံယူထားကြတာ လည်း ဖြစ်နိုင်တာပဲလေ။

အဲ့ဒီတော့ကာ အဲ့ဒီမြေ အဲ့ဒီရေတွေ ရေရှည်တည်တံ့တိုးတက် ဖွံ့ဖြိုးစေဖို့ရာ စိတ်ကောင်းစေတနာနဲ့ လုပ်ငန်းတွေ ဖော်ဆောင်တော့မယ်ဆိုရင်တောင်မှ အဲ့ ဒီဒေသရဲ့ ဌာနေလူ့အသိုင်းအဝိုင်းတွေရဲ့ တန်ဖိုးထားမှုတွေ မတူကွဲပြားခြားနားမှု တွေကို ထည့်သွင်းစဉ်း စားပေးဖို့ နားလည် လက်ခံပေးဖို့ မဖြစ်မနေလိုအပ်ကြောင်းကို အခုဆိုပိုမိုနားလည်လာပါတယ်။ သို့သော် လည်း လူဆိုသည်ကား သူသူကိုယ်ကိုယ် အတ္တရှိကြသူချည်းပဲလေ။ အဲ့ဒီတော့ကိုယ် နဲ့ ခံယူချက်မတူတာတွေ အမြင်ကွဲပြားကြ တာတွေကို လက်ခံလိုက်ဖို့ဆိုတာ လွယ် လင့်တကူ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။ ထိုသို့ လက်မခံနိုင်သည်ကိုလည်း ယုတ္တိဗေဒအရ လက်ခံရမှာဖြစ်ပါတယ်။ သို့သော် ထိုသို့ မတူကွဲပြားမှုတွေကို မခွဲခြားမိစေဖို့တော့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီလူ့အသိုင်းအဝိုင်းမှာ ယုံကြည်မှု၊ ကိုးကွယ်မှု၊ လိုအပ်ချက်၊ မျှော်လင့်ချက်၊ နေထိုင်ကျင့်ကြံကြတဲ့ဓလေ့စရိုက်၊ တန် ဖိုးထားရာတွေဟာ မျိုးစုံကွဲပြားလှပါတယ်။ အဲ့ဒီသဘောသဘာဝတွေဟာ မတူကွဲပြား နေမှုတွေရဲ့ အခြေခံတွေပဲဖြစ်ပါတယ်။ အဲ့ ဒါကို ကိုယ်ကသွားပြီးခွဲခြားမိရင် ကိုယ့်ရဲ့ ပရောဂကြောင့် ရှိရင်းစွဲအခြေအနေတွေ အနေအထားတွေက ပို၍ ဆိုးဝါးသွားနိုင် ပါတယ်။

မတူကွဲပြားကြတာတွေကို လက်ခံကြ ပါလို့ ပြောဆိုလှုံ့ဆော်နေရုံနဲ့ မလုံလောက် သေးပါဘူး။ ချက်ခြင်း လက်ခံလိုက်ဖို့က လည်း ပြောသလောက် လွယ်တဲ့ကိစ္စ မဟုတ်ပြန်ဘူး။ လက်မခံနိုင်သေးတဲ့ အ ခြေအနေမှာ အဲ့ဒီမတူကွဲပြားမှုတွေအပေါ် သွားပြီးမခွဲခြားကြပါနဲ့လို့ အချင်းချင်းလက် တို့ သတိပေးသင့်သလို၊ ကိုယ်တိုင်လည်း မခွဲခြားမိစေဖို့ သတိထားသင့်တယ်လို့ ယူဆမိပါတယ်။ ဒါဟာလည်း အတူလက် တွဲသွားဖို့အတွက် အစပျိုးတဲ့အဆင့်တစ်ခု လို့ ယုံကြည် မိပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံလိုက်ကြပါဆိုတဲ့ တိုက်တွန်းစေခိုင်း မှုတွေကို မလွန်ဆန်နိုင်လို့သာ လက်ခံ လိုက်ရတာမျိုး၊ နှစ်နှစ်ကာကာမရှိဘဲ သ ကာရည်ဖျန်းသလိုမျိုးတွေဟာ ဘယ်လို လုပ်ပြီး အပြုသဘော ဆောင်နိုင်တော့မှာ လဲ။ အဲ့ဒီအစား မတူညီမှုတွေ ကွဲပြားမှု တွေနဲ့အတူ ယှဉ်တွဲနေထိုင်မှု အလေ့အထ ကို တဖြည်းဖြည်း ပျိုးထောင်စေပြီးတော့မှ လိုလိုလားလားနဲ့ လက်ခံလိုစိတ်တွေ ဖြစ် ပေါ်လာစေတာဟာ ပိုမိုသင့်လျော်လိမ့်မယ် လို့ ထင်မြင်မိပါတယ်။

လှေကားတက်သလိုပဲပေါ့။ မခွဲခြား တာကပထမအထစ်၊ လက်ခံတာက ဒုတိ ယအထစ်၊ အရာသွင်းနေရာပေးတာက တတိယအထစ်၊ မျှတစေတာက စတုတ္ထအ ထစ်၊ အဲ့ဒီလေးထစ်တက်ပြီးမှ အတူသွား မယ့်လမ်းလေးရှိတဲ့ စိမ်းစိုနေတဲ့ မြက်ခင်းလွင်ပြင်ဆီ ရောက်ကြမယ်ဆိုပါတော့။ အဲ့ ဒီလှေကားထစ်တွေက အမြင့်ကြီးတွေဆိုခဲ့ ရင် ကျော်တက် ခုန်တက်တာထက်စာရင် တစ်ထစ်ချင်း တက်သွားသင့်တာပေါ့နော်။ ကျွန်တော်တို့တစ်တွေ နောင် အတူ သွားမယ့်ဆီမှာ ကုန်းမြေတွေမဆက်လို့ ခြားနေပါစေ၊ ရေစီးအလျင်တွေက တား ထားပါစေ လက်ချင်းယှက်ကာသွားနိုင်ကြဖို့ရာ ပထမလှေကားထစ်အပေါ်ကို အား လုံးဟာ ကြည်လင်သော စိတ်တွေနှင့် အရင်တက်ကြမယ်လေ။ ဒါဟာလည်း အားလုံးပါဝင်မယ့် မခွဲအတူညီမျှစွာ ခံစားနေထိုင်ကြမယ့် လူမှုအသိုင်းအဝိုင်းကြီးဆီကိုသွားဖို့အတွက် ပထမခြေလှမ်းပဲ ဖြစ်ပါတယ်လို့ ခံယူမိပါတယ်။

‘မခွဲအတူ’
မြစ်ကြောင့်ပဲ ကုန်းမြေမဆက်လို့
ကုန်းမနဲ့ ကျွန်းလို့ပဲခေါ်ခေါ်၊
ကျွန်းခံနေလို့ မြစ်ကြောင်း နှစ်ဖြာကွဲကွဲ
ရေအလျင်က စီးနေဆဲ၊
ဟိုအစဉ်အဆက်ကတည်းက
ယှဉ်လို့ ဖြစ်တည်နေခဲ့တာ
အခုလည်း သူ့ဝန်သူဆောင်လို့
ပေးဆပ်နေလျက်ပါပဲ။

ဒီဝန်းဒီကျင်ကို အခြေပြုလို့
သူတို့ တစ်တွေကလည်း
ရုန်းကန်လှုပ်ရှား လွန့်လူးဖြစ်ချည်
မှီခိုရပ်တည်နေခဲ့ကြတာ
မျိုးဆက်တစ်ခုစာမှ မဟုတ်တော့တာ။

ကွဲပြားနေခဲ့တာ
သဘာဝအကြောင်းခံပေမယ့်
ခွဲခြားမိရင်သာ ပရောဂဆန်လေတော့
မခွဲခြားကြပါနဲ့ မခွဲခြားမိစေပါနဲ့။

ရေအလျင်လည်း ဆက်စီးမြဲစီးပါစေ
မြေအပြင်လည်း ဆက်တည်မြဲပါစေ
ဒီအပေါ်က ဘဝတွေအစဉ်ဖြစ်လည်း
တည်ငြိမ်တိုးတက် အားလုံး လက်ယှက်လို့
ရေပဲတားတား ကုန်းပဲခြားခြားပေါ့။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*