ရေကြောင်း ရဲတပ်ဖွဲ့မှူး အပြောင်းအလဲနှင့်အတူ ရဲမှူးကြီး ၈ ဦးကို ရဲတပ်ဖွဲ့ ရာထူးတိုးပေး

ရေကြောင်း ရဲတပ်ဖွဲ့မှူး အပြောင်းအလဲနှင့်အတူ ရဲမှူးကြီး ၈ ဦးကို ရဲတပ်ဖွဲ့ ရာထူးတိုးပေး
April 5, 2017 Asian Fame

1:30 pm
ရေကြောင်း ရဲတပ်ဖွဲ့မှူး အပြောင်းအလဲနှင့်အတူ ရဲမှူးကြီး ၈ ဦးကို ရဲတပ်ဖွဲ့ ရာထူးတိုးပေး

P-News
နေပြည်တော်၊ ဧပြီ ၎

ရေကြောင်း ရဲတပ်ဖွဲ့မှူး အသစ်ပြောင်းလဲလိုက်ခြင်း၊ ဇီး ပင်ကြီး ရဲလေ့ကျင့်ရေးသင်တန်း ကျောင်းအုပ်ကြီးကို ရဲမှူးချုပ် အဆင့် တိုးခြင်းနှင့် အမှတ် (၄) ရဲလုံခြုံရေး တပ်ဖွဲ့မှူး အပြောင်း အလဲတို့ကို ရဲတပ်ဖွဲ့ဌာနချုပ်က ယခု ရက်ပိုင်းအတွင်း ဆောင် ရွက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ပြောခွင့် ရ ရဲမှူးကြီးတင်ဝင်းက Popular News ကို ပြောသည်။

ရဲတပ်ဖွဲ့ဌာနချုပ်က ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ရဲမှူးချုပ် ၃ ဦး၊ ရဲမှူးကြီး ၈ ဦးတို့ကို ရာ ထူးတိုးပေးကြောင်း စာထုတ်ခဲ့ သည်ဟု သူက ပြောသည်။ရဲလုပ်ငန်းများ အဆင့်မြှင့် တင် ဆောင်ရွက်နိုင်ရန် ရဲတပ် ဖွဲ့ ဌာနချုပ်က ရာထူးတိုးခြင်း၊ အပြောင်းအလဲ လုပ်လိုက်ခြင်း ဖြစ်သည်ဟု သူကပြောသည်။ပြီးခဲ့သည့် လကုန်ပိုင်းကလည်း သတင်းရဲတပ်ဖွဲ့မှူး အပြောင်းအလဲနှင့်အတူ နေပြည်တော်စည်ပင် တပ်ဖွဲ့မှူးအပြောင်းအလဲ၊ မန္တလေးတိုင်း ရဲ တပ်ဖွဲ့မှူး အပြောင်းအလဲနှင့် အတူ၊ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ မှူးအသစ်ခန့်ခြင်းတို့ လုပ်ခဲ့သေးသည်။

ယခုတစ်ခေါက် ရာထူးတိုး မှုတွင် နေပြည်တော်အခြေစိုက် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် တာဝန် ထမ်းဆောင်နေသူ ရဲမှူးကြီး ၁ ဦး၊ ဒုတိယရဲမှူးကြီး ၃ ဦး ပါဝင် ခဲ့ပြီး၊ ထိုထဲမှ ရဲမှူးကြီး ဌေး အောင်မှာ ရဲမှူးချုပ်အဆင့်ဖြင့် အမှတ် (၄) ရဲလုံခြုံရေး တပ်ဖွဲ့ မှူး၊ ကျန်ဒုရဲမှူးကြီးတို့မှာ ရဲမှူး ကြီး အဆင့်များဖြင့် ကယားပြည် နယ် ဒုတိယရဲတပ်ဖွဲ့မှူး၊ ဥပဒေ နှင့် စည်းကမ်းဌာန ညွှန်ကြား ရေးမှူး၊ နေပြည်တော် ဒုတိယရဲ တပ်ဖွဲ့မှူး အစရှိသည်ဖြင့် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယင်းအပြင် ရဲတပ်ဖွဲ့ဌာန ချုပ်က ဒုတိယ ရဲမှူးကြီး အဆင့် များဖြင့် အုပ်ချုပ်နေရသော အ မှတ် (၁)၊ (၂)၊ (၃) နှင့် (၄) ရဲ လေ့ကျင့်ရေးသင်တန်း ကျောင်း အုပ်ကြီးများကို ရဲမှူးကြီးအဆင့် တိုးခဲ့သည်။

ထိုသို့ အဆင့်တိုးခဲ့ရာတွင် နဂိုရှိနေပြီးဖြစ်သည့် ဒုရဲမှူးကြီး အဆင့်ဖြင့် ကျောင်းအုပ်တာဝန် ထမ်းဆောင်နေသူတို့ကို ရဲမှူး ကြီး အဆင့်တိုးပေးခြင်း၊ ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးတို့မှ ဦးစီး အရာရှိတို့ကို ရာထူးတိုး ပြောင်း ရွှေ့ တာဝန်ယူစေခြင်းနှင့် ရေနံ မြေ စောင့်ရှောက်ရေး ဒုရဲတပ်ဖွဲ့ မှူးကို ရာထူးတိုးပေးပြီး ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင် စေခြင်းတို့ ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*