ဦးမျိုးရန်နောင်သိန်းအမှု အပြီးသတ် အမိန့်ချတော့မည်

ဦးမျိုးရန်နောင်သိန်းအမှု အပြီးသတ် အမိန့်ချတော့မည်
April 5, 2017 Asian Fame

11:28 am
ဦးမျိုးရန်နောင်သိန်းအမှု အပြီးသတ် အမိန့်ချတော့မည်

mynt

ဝေရှိုင်းကျော်၊ လင်းဟိန်း
ရန်ကုန်၊ ဧပြီ ၎

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိန်းအမှုကို လာမည့် ဧပြီလ ၇ ရက်တွင် ကမာရွတ်တရားရုံးက အပြီးသတ် အမိန့်ချမှတ်မည်ဟု တရားလွှတ် တော်ရှေ့နေ ဦးကျော်ဟိုး က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို တပ်မတော်ဘက်မှ တရားလိုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည် ။ ၎င်းသည် တိုင်တန်းခံရမှုအရ အဖမ်းခံရပြီးနောက် အာမခံ လျှောက်ထားခဲ့သော်လည်း အာမ ခံမရခဲ့ဘဲ အချုပ်ထဲတွင် ငါးလ ကျော်ကြာ နေထိုင်ခဲ့ရကာ စစ် ဆေးမှုကို အကြိမ်ကြိမ် ခံယူခဲ့ရသည်။

ဧပြီလ ၄ ရက်က ပြုလုပ်ခဲ့ သည့် ရုံးချိန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အတွင်းရေးမှူး ဦးဟံသာမြင့်က ဦးမျိုးရန်နောင်သိန်းဘက်မှ သက်သေအဖြစ်လာရောက် ထွက်ဆိုပေးခဲ့သည်။ ၎င်း၏ ရှေ့နေ ဦးကျော်ဟိုးက ”ရုံးတော်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲပေါ့”ဟု ပြောသည်။ ဦးမျိုးရန်နောင်သိန်းသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဝေဖန်စကားများရေးသားခဲ့သည်ဟုဆိုကာ ယမန် နှစ် နိုဝင်ဘာလ ၃ ရက် နေ့လယ် ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*