သူတို့အမြင်

သူတို့အမြင်
April 5, 2017 Asian Fame

1:34 pm
သူတို့အမြင်

opinion၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကား အောင်မြင်စွာ ပြီးစီးသွားခဲ့လေပြီ။ အနိုင်ရ ပြည်သူ့ကိုယ်စားလှယ် များကိုလည်း ပြည်ထောင် စု ရွေးကောက် ပွဲကော်မ ရှင်က ကြေညာ သွားခဲ့ပြီးလေပြီ။ အနိုင်ရရှိမှု အားလုံးကို ခြုံကြည့် လိုက်ပါက လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃၁ ဒသမ ၅၈ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ၁ဝ ဒသမ ၅၃ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသား ပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) တို့က ၅ ဒသမ ၂၆ ရာခိုင်နှုန်း စီဖြင့် အနိုင်ရ ရှိခဲ့သည်ဟု ဆိုနိုင်၏။ လက်ရှိ အာဏာရပါတီ၏ အနိုင် ရမှု ရေချိန်မှာ သိသိသာသာ လျော့ကျ သွားသည်ကို တွေ့ရသလို၊ ရန်ကုန်မြို့ မဲဆန္ဒနယ် တို့တွင် မဲလာရောက်ပေးသူ ဦးရေ သိသိ သာသာ လျော့နည်းနေသည် ကိုလည်း တွေ့ရ၏။ ဝေဖန်သံတွေ မှတ်ချက်ချ သံတွေ လည်း အမျိုးမျိုး ထွက်လာခဲ့၏။ ထို့ကြောင့် ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယင်းရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ကိုယ်စားလှယ် များနှင့် အနိုင် မရလိုက်သည့် ကိုယ်စားလှယ် များ၏ အမြင်တို့ကို မေးမြန်း တင်ပြလိုက်ရပါကြောင်း။

ဦးစိုင်းထွန်းအေး (SNLD)
အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်

အဓိက ကတော့ ကျွန်တော်တို့ ပါတီရဲ့ ရပ်တည်ချက်နဲ့ ပါတီရဲ့မူ ဝါဒ သဘောထားတွေကို ပြည်သူ လူထုက ထောက်ခံလို့ အနိုင်ရခဲ့တာ လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဒီဒေသက အများစု ကတော့ ရှမ်း တိုင်းရင်းသားတွေ အများစု နေထိုင် တဲ့နေရာဖြစ်တယ်။ ရှမ်းပြည်နယ်မှာ ရှမ်းပါတီ တစ်ခုက အနိုင်ရတယ် ဆိုတာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စ တစ်ခုပဲဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ NLD တို့၊ USDP  တို့တွေထဲ မှာလည်း ရှမ်းတိုင်းရင်း သားတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပါတီလိုမျိုး ရှမ်းပြည် နယ်အခြေပြုတဲ့ ပါတီတွေ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ ပါတီကို ပိုပြီး စိတ်ဝင်စားတဲ့ သဘောလည်း ဖြစ်ပါ လိမ့်မယ်။ NLD က တိုင်းရင်း သား ဒေသတွေမှာ ရှုံးနိမ့်ရတာက ဘာသာ စကား အခက်အခဲကြောင့်လို့ ပြော ထားတာနဲ့ ပတ်သက်ပြီး ပြောရရင် အဲဒါတော့ မဟုတ် ဘူးဗျ။ သူတို့ ပါတီရဲ့တိုင်းရင်းသား အရေးနဲ့ ပတ် သက်တဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး မဲ ဆန္ဒရှင်ပြည်သူတွေက မထောက်ခံ တာဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ပါတီ လက်ကမ်းကြော်ငြာတွေ မှာလည်း ရှမ်းဘာသာ စကားနဲ့ ရေးထိုးတာပဲ လေ။ သူတို့ရဲ့တိုင်းရင်းသား အရေး ကိစ္စပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့မူဝါဒ တွေနဲ့ သူတို့ရဲ့ဆောင်ရွက်ချက် တွေကို ထောက်ခံမှု မရှိတဲ့သဘောလို့ ယူဆလို့ရပါတယ်။ ကျွန်တော်တို့ ပါတီ အနေနဲ့ ဥပမာ တစ်ခုပေးချင် တယ်။ ကျွန်တော်တို့ ပါတီကကျ တော့ တန်းတူရေး အခြေခံတဲ့ ပြည် ထောင်စု တည်ဆောက်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့၊ နောက် ပြီးတော့ ကျွန်တော်တို့ ပါတီရဲ့ ဆောင်ပုဒ်ကလည်း တန်းတူရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေး မရှိနိုင်ဘူး။ ငြိမ်းချမ်းရေး မရှိဘဲ နဲ့လည်း ဒီမို ကရေစီကို သွားလို့မရဘူး။ အဲဒီ ဆောင်ပုဒ်ကို လက်ကိုင် ထားတဲ့ အတွက် ဒီက မဲဆန္ဒရှင် ပြည်သူတွေ ကလည်း ကျွန်တော်တို့ရဲ့ တိုင်းရင်း သားအရေး မူဝါဒတွေကို သဘောကျ လို့ ထောက် ခံခြင်း ဖြစ်ပါတယ်။ ကျွန် တော်တို့ မဲဆွယ်တုန်းက ကျွန်တော် တို့ပါတီရဲ့ဆောင်ပုဒ်က ‘လူထုဘက် ကရပ်တည်မယ်။ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်မယ်’ မဲဆွယ် ခဲ့တယ်။ ပထမဆုံးဦးစားပေး ဆောင် ရွက်သွားမယ့်လုပ်ငန်းကတော့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းပါပဲ။ နောက် တစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဒီဒေသမှာ အကျိုး သက်ရောက်နိုင် ဖို့ အဲဒီ အပိုင်းတွေကို ကျွန်တော် လွှတ်တော်ထဲ ရောက်တဲ့အခါ တက် တက်ကြွကြွ ဆောင်ရွက်သွားမယ်လို့ စိတ်ကူးထားပါတယ်။ လစ်လပ်မဲ ဆန္ဒနယ်တွေက တိုင်းရင်းသား ဒေသ တွေများနေတာက တစ်ချက်။ နောက်တစ်ချက် က ပြည်နယ်မှာ ကျတော့ ပြည်နယ် အခြေပြုတဲ့ ပါတီက အားကောင်းတာပေါ့။ တခြားပါတီ ကြီးတွေရဲ့ ပြည်ထောင်စု တိုင်းရင်း သားအရေး ကိစ္စတွေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စတွေမှာ သူတို့ရဲ့ မူဝါဒတွေ အားမကောင်းသေးဘူး လို့ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ယူဆလို့ရပါတယ်။

ဦးစိုင်းခင်မောင်ညွန့် (SNLD)
အနိုင်ရပြည်နယ် လွှတ်တော်ကိုယ် စားလှယ်၊ ကျေးသီး မြို့နယ် မဲဆန္ဒ နယ်အမှတ် (၂)

အဓိက ကတော့ မဲဆန္ဒရှင် ပြည်သူက အဓိကပဲ။ ကိုယ်စားလှယ် လောင်းတွေကို ကိုယ်စားလှယ်တွေ အဖြစ် ရွေးချယ်တာက မဲဆန္ဒရှင် ပြည်သူတွေက ရွေးချယ်တာလေ။ တခြားပြိုင်ဘက် ကိုယ်စားလှယ် လောင်းတွေထက်ကို ကျွန်တော်တို့ ပါတီ အပေါ်ရော၊ ကိုယ်စားလှယ် လောင်းတွေ အပေါ်ပါသူတို့ ယုံ ကြည်လို့ မဲပေးခဲ့တာလို့ ထင်ပါ တယ်။ လက်ရှိကျေးသီး နဲ့ မိုင်းရှူး မြို့နယ်တွေမှာ လုံခြုံရေး အခြေ အနေတွေ အရ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ဘူး ဆိုတော့ သူတို့မှာ လည်း တစ်နှစ်တာ အတွင်းမှာ သူတို့ ရဲ့ ကိုယ်စားလှယ်တွေ မရှိဘူး။ အဲဒီ အပေါ်မှာ သူတို့ရဲ့ စိတ်ခံစားမှုတွေ ရှိပါလိမ့်မယ်။ အဲဒါကြောင့် သူတို့ လည်း ကျွန်တော်တို့ ရည်မှန်းထား သလောက် မဲဆန္ဒရှင် ဦးရေ မလာ ရောက်ခဲ့ပေမယ့်လည်းပဲ လာပေးတဲ့ သူတွေက မဲပေးပုံတွေကို မသိတဲ့ အခါကျတော့ အမှားအယွင်းတွေ လည်း အများကြီး ရှိတယ်။ သူတို့ ကိုယ်တိုင် လာပေးတယ် ဆိုတာက တကယ်ကို မဲထည့်ချင်တဲ့ ဆန္ဒနဲ့ သူတို့ကို ကိုယ်စားပြုတဲ့ ကိုယ်စား လှယ်ကို ရွေးချယ်ချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ကျွန်တော်တို့ ပါတီ အကုန်လုံး ကတော့ စည်းရုံးရေး ဆင်းကြတာပါပဲ။ ကျွန်တော်တို့ ပါတီကိုတော့ အခြားပါတီတွေ ထက် ပိုပြီး ယုံကြည် ကိုးစားလို့ မဲပေးခဲ့ တယ်လို့ထင်ပါတယ်။ မဲရလဒ် ကွာဟမှု အရလည်း သိနိုင်ပါတယ်။ မဲဆွယ် စည်းရုံးတာနဲ့ပတ်သက်လို့ တော့ တန်းတူ အခွင့်အရေးရှိကြပါ တယ်။ သူတို့ရှိသလို ကျွန်တော် တို့ လည်း ရှိတယ်။ တစ်ခုရှိတာက သူတို့ သွားတာတွေက ပြည်သူတွေနဲ့ ထိတွေ့မှု အားနည်းချက် ရှိမလားလို့ မပြောတတ်ဘူး။ ကျွန်တော်တို့ ကတော့ ရတဲ့ ၂ လ တာ အတွင်းမှာ နေရာတိုင်းကို ရောက်အောင်သွား တယ်။ နားမလည်တာတွေ ရှင်းပြ တယ်။ ရပ်ကျေးတွေမှာ ဆိုရင်လည်း ရှမ်းပဲရှိတာ မဟုတ်ပါဘူး။ ဗမာစကား နားလည်တဲ့သူတွေ အများကြီးရှိ တယ်။ ရှမ်းတွေကလည်း ဗမာလို မရေးတတ်ရင် နေမယ်၊ ဗမာလိုတော့ နားလည်ကြပါတယ်။ ဒါပေမယ့် သူတို့ နားလည်အောင် မပြောနိုင်ခဲ့ တဲ့ အခြေအနေတွေ လည်း ရှိချင် ရှိမှာပေါ့။ စည်းရုံးရေး ဆင်းတဲ့အခါ မှာ။ ဘာသာစကား အခက်အခဲ ကြောင့် ရှုံးတာဆိုတာကို ကျွန်တော့် အနေနဲ့ သုံးသပ်ကြည့်ရင် ကျွန်တော် သိသလောက် သက်ဆိုင်ရာ ပါတီတွေ မှာလည်း ပြိုင်တဲ့သူတွေ ကလည်း ရှမ်းတွေပါပဲ။ ကိုယ်စားလှယ် လောင်းတွေ ကိုယ်တိုင် စည်းရုံးတဲ့ အခါမှာ သူတို့ကိုယ်တိုင် ရှမ်းစကား မပြောတတ်ရင် ကျွန်တော်လည်း မပြော တတ်ဘူး။ ဘာသာစကား အခက်အခဲကြောင့် ရှုံးတယ် ဆိုတာ ကို ကျွန်တော် သိပ်လက်မခံဘူး။ ပွင့် ပွင့်လင်းလင်းပြောရရင် ကျွန်တော် တို့က ပြည်သူတွေကို မလိမ်ပါဘူး။ ကတိလည်း လက်လွတ်စပယ် မပေး ပါဘူး။ လွှတ်တော်ထဲမှာ ရောက်နေ တဲ့ ကျွန်တော်တို့ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လို အခက် အခဲတွေ ဖြေရှင်းပေးတယ် ဆိုတာ ပြောပြတယ်။ ပြည်သူတွေ ရဲ့ဆန္ဒကို အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးမယ် ဒီလောက်ပဲ ကျွန်တော်တို့ ပြောခဲ့ တာပါ။ အပိုဆာဒါးတွေ ကျွန်တော် တို့မပြောခဲ့ပါဘူး။ ၂ဝ၁၅ ရွေးကောက် ပွဲနဲ့ အခုရွေးကောက်ပွဲကို ကျွန်တော့် အမြင်အရ ပြောရရင် ၂ဝ၁၅ တုန်း က NLD ကသောင်ပြိုကမ်းပြို နိုင်ခဲ့ တာပေါ့။ ဒါပေမယ့် သူတို့ အစိုးရ သက်တမ်း ၁ နှစ်လောက် ရှိလာတဲ့ အခါမှာ သူတို့ လွှတ်တော်ထဲမှာ လုပ်တဲ့ ကဏ္ဍလေးတွေ ကို တွေ့လာ ရတယ်။ ဒေသခံ တိုင်းရင်းသားပါ တီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာ မြင်ရတယ်။   ရှမ်း ပြည်နယ် လွှတ်တော် မှာ ဆိုရင်  ပါတီ ကိုယ်စားပြုတာလည်း ရှမ်းတွေ တော်တော် များပါတယ်။ သို့သော် လည်းပဲ ရှမ်းပါတီက တင်တဲ့ ရှမ်း စာပေကို အစိုးရ စာသင်ကျောင်းမှာ သင်ဖို့ တင်တဲ့အဆို ကိုတောင် မထောက်ခံခဲ့တာမျိုးတွေ ရှိတယ်။ ဒါကတော့ အသေးအမွှားပါ။ ဒီလို ကိစ္စမျိုးလေးတွေ ရှိတော့ ဒေသခံ ပြည်သူတွေက သူတို့အပေါ် ယုံကြည် မှုတွေ နည်းလာတာလို့ ထင်ပါတယ်။ ကိုယ်စားလှယ်တွေ ကိုတော့ သိပ်အပြစ် မတင်ချင်ပါဘူး။ ပါတီရဲ့ ဗဟိုဦးစီး စနစ်ကြောင့် လို့ ထင်ပါတယ်။

ဦးစိုင်းအောင်ကျော် (SNLD)
အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်

ကျွန်တော်တို့ဆီမှာ LD၊ USDP တို့လို အင်အားကြီး ပါတီ တွေ ဝင်ပြိုင်တဲ့ကြားက ကျွန်တော် တို့ နိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပါတီ ရဲ့ ပါတီမူဝါဒကို ပြည်သူတွေက ထောက်ခံလို့ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေသခံ တိုင်းရင်းသားတွေ ဦးဆောင် မှုဟုတ်တဲ့ ပါတီနဲ့ မဟုတ်တဲ့ပါတီ ကွာချင် ကွာမှာပေါ့လေ။ ကျွန်တော် တို့ အနေနဲ့ ကတော့ ကျွန်တော်တို့ ပါတီရဲ့ အခြေခံ မူဝါဒနဲ့ ကိုက်ညီရင် တော့ ပူးပေါင်း ဆောင် ရွက်သွား မှာပါ။ မတူညီတဲ့ဟာ လက်မခံနိုင် တဲ့ဟာကိုတော့ ဆန့်ကျင်သွားပါ့ မယ်။ ဒီ ၂ဝ၁၇ ကြားဖြတ် ရွေးကောက် ပွဲက လူကို ကြည့် ပြီး မဲပေးတာလည်း ပါမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြည်သူတွေရဲ့ အားနည်းချက်၊ လို အပ်ချက်တွေကို တောင်းဆို တင်ပြ တာတွေကို ကျွန်တော် တို့က ဆက် လက်ဆောင်ရွက် ပေးဖို့ကကျွန်တော် တို့ တာဝန်ပါပဲ။

ဦးဇော်ဝင်းမြင့် (NLD)
ရှုံးနိမ့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း၊ အမ်းမြို့နယ်မဲ ဆန္ဒနယ်

လူမျိုးရေးကို အခြေပြုပြီးတော့ ဖွဲ့ထားတဲ့ပါတီက ပြည်သူ့ရဲ့ နှလုံး သားကို ဆုပ်ကိုင် သွားနိုင်ခဲ့တဲ့ အတွက် NLD ရှုံးနိမ့်သွားရတာပါ။ ကျွန်တော်တို့ ဘယ်လောက်ပဲ ဆုပ် ကိုင်ဆုပ်ကိုင် ပြည်သူက ကျွန်တော် တို့ဘက်မပါဘူး ဖြစ်နေတယ်။ ကျွန်တော် ကြားဖြတ် ရွေးကောက် ပွဲအတွက် မဲဆွယ်မှုကို ပြီးခဲ့တဲ့ ၂ဝ၁၅ က ထက် ၁ဝ ဆ၊ ၅ ဆ ပို လုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မဲဆွယ် မှုကို သူတို့တွေ နားမဝင်ဘူး ဖြစ်ခဲ့ တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက် ပွဲတုန်းကလည်း အမ်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာ NLD မနိုင်ခဲ့ဘူး။ သို့သော်လည်း တခြား သော နေရာတွေမှာ NLD နိုင်ခဲ့ တယ်။ ရခိုင်အမျိုးသား ပါတီလောက် တော့ မများဘူးပေါ့။ အဓိက ရှုံးနိမ့် ရတဲ့ အချက်က ဘာလဲ ဆိုတော့ ၂ဝ၁၅ မှာ ကျွန်တော်တို့ ပါတီက’ပြောင်းလဲ ချိန်တန်ပြီ၊ အမှန်တကယ် ပြောင်း လဲဖို့ NLD ကို မဲပေးစို့’ ဆောင်ပုဒ် တွေနဲ့ မဲဆွယ်ခဲ့တယ်။ ပြည်သူက လည်း တကယ်ကိုပြောင်းလဲချင်လို့ ကျွန်တော်တို့ ပါတီဟာ တစ်နိုင်ငံလုံး မှာ သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်။ သို့သော် ဒီတစ်နှစ် အတွင်းမှာ NLD ဟာ ပြုပြင်ပြောင်းလဲမှုကို လက်တွေ့ မလုပ်နိုင်ခဲ့ဘူး။ အထွေထွေအကျပ် အတည်းတွေ ဖြစ်ပေါ်ခဲ့တယ်။ ပြီး တော့ ၂ဝဝ၈ ဆိုတဲ့ ဖွဲ့စည်းပုံကိုလည်း ကိုင်စွဲ ထားရတုန်းပဲ။ ဒီတော့ ဒါတွေ ဟာ တစ်ဖက်ပါတီအတွက် အကွက် တွေဖြစ်သွားတယ်။ တို့ဟာတို့ ပြောင်းလဲမှဖြစ်တော့မယ်။ တို့ဘဝ ကိုတို့ ထုဆစ်ရမယ်။ ဒီတော့ ရခိုင်မှ တစ်ပါး တခြားမရှိတော့ဘူး။ ဒါတွေ ကို တစ်ဖက်ပါတီက ပြောဆို စည်း ရုံးမှုတွေ လုပ်တဲ့အတွက် ပြည်သူက ပါသွားတယ်။ ကျွန်တော်တို့ စကား တိုးမပေါက်တော့ဘူး။ ကျွန်တော် တို့ ပြည်သူ ကတော့ ရေလိုပါပဲ။ လေတိုက်ရင် လှိုင်းထမယ်၊ လေ မတိုက်တော့ရင် ငြိမ်သက်သွားမယ်။ ကျွန်တော် ရွေးကောက်ပွဲ ရှုံးခဲ့ပေ မယ့် ပြည်သူ့အကျိုးတွေကို ဆက် လုပ်သွားမှာပါ။ ပြည်သူတွေ တင်ပြ လာမှုတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးသွားမှာပါ။ အရင်က လည်း လုပ်နေတယ်။ အခုနောက် ပိုင်း ပိုပြီး ဖိဖိစီးစီး လုပ်သွားပါမယ်။

ဦးဝင်းနိုင် (NLD)
ရှုံးနိမ့် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်လောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်

ပွင့်ပွင့်လင်းလင်းပြောရရင် NLD မှာက ဘာလက်နက်ကိုင် အဖွဲ့အစည်း မှမရှိဘူး။ ဒီတော့ အဖွဲ့အစည်း ဖိအား မရှိဘူးပေါ့ဗျာ။ ဟိုစကားပုံ အတိုင်းပေါ့။ ပအိုဝ်းဘုန်းကြီး၊ ရှမ်း သူကြီးပေါ့။ ကျွန်တော် မြင်ရတာ ပြောမယ်ပေါ့ဗျာ။ ဒီဒေသမှာ အချို့ တွေက မဲထည့် တာတွေကို သိပ်ပြီး နားမလည်ဘူးဗျ။ ဖိအားတွေ ကြောင့်သာ လာထည့်ပုံရတယ်။ ဒါ့ကြောင့်လည်း ပယ်မဲက ၄ဝဝဝ ကျော်နေတာလေ။ ကျွန်တော်တို့ လည်း မဲရုံစောင့်တွေ အများကြီး ထားပါတယ်။ တွေ့ရတာက ဖိအား တွေနဲ့ လာထည့်ပုံရတယ်။ အချို့က လည်း ပြော ကြတယ်ဗျာ။ ရှမ်းလူမျိုး မဟုတ်လို့ ရွေးကောက်ပွဲ ရှုံးတယ်။ မဆိုင်ဘူးဗျ။ ကျေးသီးဘက် မှာဆို လည်း ရှမ်းစကား တတ်တဲ့ ရှမ်းလူ မျိုးပြိုင်တာပဲဗျ။ ကျွန်တော် ရတဲ့မဲ ထက်တောင် နည်းသေးတယ်။ ကျွန်တော်တို့ဘက် အမေစုကို ထောက်ခံတဲ့သူ ရှိသေးတဲ့အတွက်  တစ်ဖက်က စဉ်းစား ကြည့်ရင်လည်း ဝမ်းသာပါတယ်။ မဲ ၃ဝဝဝ ကျော် လောက်ရတယ်။ အဲဒီလောက်အထိ တစ်ဖက်ကို မဲပေးမယ်လို့ မထင်ထား ဘူး။ မထင်မှတ်တဲ့နေရာ က အုံနဲ့ ကျင်းနဲ့ကို လာပေးကြတာဗျ။ ကျွန် တော်တို့ NLD ပါတီက ၂ဝ၁၅တုန်း ကလည်း ရှမ်းပြည်နယ်မှာ သောင်ပြို ကမ်းပြို မနိုင်ဘူး။ တတိယ နေရာပဲ ချိတ်တယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်။ သူတို့က အများကြီး နိုင်တယ်။ ကျွန်တော်တို့ ၂ဝ၂ဝ အတွက်ကို တော်တော်လေး လုပ်ရမယ်။ ငွေ အား၊ လူအင်အား၊ စည်းရုံးရေး အင်အား အများကြီး လုပ်ရမယ်။ မဟုတ်လို့ ရှိရင်တော့ ၂ဝ၂ဝ ရှမ်းမှာ အခြေအနေ မကောင်းနိုင်ဘူး။ ပါတီ ဗဟိုက ဘယ်လောက်ပဲ လာပြီးမဲ ဆွယ်မဲဆွယ် နိုင်မှာမဟုတ်ဘူး။ လို အပ်ချက်တွေ အများကြီး ရှိတယ်။  တစ်ခုတည်း မဟုတ်ဘူး။ အကြောင်း အရာတွေအများကြီး။ ဒီထဲမှာ ဘာသာစကား ကလည်း တစ်စိတ် တစ်ပိုင်း အကျုံးဝင်ပါတယ်။

ဦးအောင်ကြည်သိန်း (USDP)
အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်

ချောင်းဆုံမှာ NLD ရှုံးရတဲ့ အကြောင်းတွေထဲမှာ ကိုယ်စားလှယ် လောင်းဟာ ဒေသခံမဟုတ်ဘူး။ ဒါလည်း ပါနိုင်တယ်။ နောက်တခြား အကြောင်း အရာ တွေလည်း အများ ကြီးရှိဦးမှာပါ။ ကျွန်တော်နိုင်ရတဲ့ အကြောင်းရင်းက၊ ကျွန်တော်မဲ အပြတ်အသတ် ရခဲ့တဲ့ အကြောင်း ရင်းက ကျွန်တော်ဟာ ဒေသခံမွန် လူမျိုးဖြစ်နေလို့ပါ။ ကျွန်တော့်ကို ချစ်တဲ့ ရွာတွေ များတယ်။ ကျွန်တော် ဟာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ လည်းဖြစ်တယ်။ ကျွန်တော့်ကို ထောက်ခံတဲ့သူ များလို့ ကျွန်တော် နိုင်တာပေါ့။ ဒီချောင်းဆုံမှာ လွန် ခဲ့တဲ့ ၂ဝ၁ဝ၊ ၂ဝ၁၅ တစ်ခါမှ မနိုင် ခဲ့ဘူး။ ခုမှသာ ပထမဆုံးနိုင်တာ ပေါ့။ ကျွန်တော်နိုင်ခဲ့တာ တံတား ကိစ္စက အဓိက မဟုတ်ဘူးဗျ။ လူ ကိုကြည့် ပြီး မဲထည့်လိုက်တာ လို့ပဲ ပြောရမယ်။ ဘာလို့ ဒီလိုပြောရလဲ ဆိုတော့ မွန်ပါတီတွေ လည်း ကျွန် တော့်လောက် မဲမရဘူး။ ကျွန် တော့်ဒေသ အကျိုး ကို ဆောင်ရွက် နိုင်လိမ့်မယ်လို့ လူထုက ယုံကြည် တယ်။ အဲဒီယုံကြည်မှု အတိုင်းပဲ ကျွန်တော် ကတော့ ဒေသ လိုအပ် ချက်တွေ ဖြည့်ဆည်း ပေးမယ်။ ကျွန်တော့် အလုပ်ဖြစ်တဲ့ ဥပဒေပြု ရေးအလုပ်တွေကို လုပ်သွားမယ်။ ဒီဒေသမှာ လျှပ်စစ်၊ တံတား စတာ တွေကို သမ္မတကြီး ဦးသိန်းစိန်က လုပ်ပေး သွားပါတယ်။ ဒါကို ကျေး ဇူးတင်နေတဲ့ လူတွေ အများကြီး ရှိတယ်။ ကျွန်တော် က ပြည်သူတွေ နဲ့ အမြဲထိတွေ့တယ်။ တစ်ခါတ လေ တချို့တွေက ဘယ်လိုပြော လဲဆိုရင် သမ္မတကြီးကို မဲပေးရ မယ် လို့ပြောကြ တယ်။ သူတို့ပြော ကြတာက အရင် သမ္မတကို ပြော တာပါ။ ဒါလည်း အကြောင်းအရာ တစ်ခု အနေနဲ့ ပါတာပေါ့ဗျာ။ အဲ နောက်ပြီး ပါတီကို လက်ခံပေးတဲ့သူ လည်း ရှိနေတာကြောင့် ကျွန်တော် နိုင်တယ်လို့ ပြောရမယ်။ အဓိက တော့ လူကို ကြည့်ပြီး မဲ ထည့်ကြတာ လို့ ပြောလိုပါတယ်။

ဦးဦးလှစော (ANP)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မြောက်ဦးမြို့နယ် မဲဆန္ဒနယ်

အရင်တုန်းကတော့ အမ်းမှာ ပြိုင်ခဲ့တယ်။ နှိုင်းယှဉ်မှု အရဆိုရင် ပါတီရဲ့ သြဇာက မြောက်ဦး ခရိုင် စစ်တွေလောက်တော့ မကြီးဘူး။ အဲဒီမှာ ကျွန်တော် တို့ပြင်ဆင်မှု အားနည်းတဲ့ အပိုင်းတွေ ရှိတယ်။ NLD က လက်ဦးခဲ့တဲ့ အပိုင်းတွေ ရှိတယ်။ သူတို့နိုင်ခဲ့တယ်။ ဒီတစ်ခါ ကျတော့ ကျွန်တော်တို့ ပြင်လည်း ပြင်ဆင်ခဲ့တယ်။ ပါတီ ဥက္ကဋ္ဌ အနေ နဲ့လည်း ပြတ်ပြတ်သားသား ဦး ဆောင် ပါဝင်ခဲ့တယ်။ ပါတီမှာ ရှိ သမျှ အမတ်တွေရော အင်တိုက်အား တိုက်နဲ့ ပါတီတာဝန်ရှိ ခေါင်းဆောင် တွေရော၊ ဟောပြောချက်တွေ အပေါ်မှာ လူထုရဲ့နှလုံးသား ကို ကိုင်ဆုပ်နိုင်ခဲ့တယ် လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ရဲ့ မူဝါဒ တွေ၊ အမ်း ဒေသမှာ ရှိနေတဲ့ ကိစ္စ တွေကို ကျွန်တော်တို့ မီးမောင်း ထိုးပြနိုင်ခဲ့တယ်။ တစ်ဖက် ကလည်း တစ်ပြည်လုံး အတိုင်းအတာနဲ့ NLD ရဲ့ နိုင်ငံရေးသြဇာဟာ ကျဆင်း နေတဲ့ အချိန် ဖြစ်နေ တယ်။ လူထု ဟာ NLD အပေါ်မှာကို အားကိုး မှုတွေ၊ အကောင်းမြင်မှုတွေ လျော့ နည်းနေတဲ့ အချိန်နဲ့တိုက်ဆိုင်နေ တယ်။ အဲဒီ ၂ ချက်ပေါင်းတဲ့ အတွက် လူထုက ကျွန်တော်တို့ ဘက်ကိုပဲ ယုံယုံကြည်ကြည် နဲ့ မဲပေး လိုက်တယ်လို့ပဲ ကျွန်တော် ယုံကြည် တယ်။ ကျွန်တော် တို့ ပါတီရဲ့ မူဝါဒ တွေက ဒေသနဲ့ ကိုက်ညီလို့ မဲပေးခဲ့ ကြတယ်လို့ ပြောနိုင်ပါတယ်။ ရခိုင် တွေ အနေနဲ့ ကိုယ့်ဒေသ အပေါ်မှာ ဖွံ့ဖြိုး တိုးတက်မှုကို ကိုယ်ပဲလုပ် ရမယ်လို့ဆိုတဲ့ အပိုင်းတွေ ဝင်လာ တာတွေရှိတယ်။ ကျွန်တော် ထင်တာ ကတော့ NLD အပေါ်မှာ အားကိုး ခဲ့တဲ့ ယုံကြည်မှုတွေ လျော့နည်းလာ တယ်လို့မြင်တယ်။ NLD ရဲ့ စွမ်း ဆောင်မှုပေါ့လေ။ သူပေးထားတဲ့ ကတိကဝတ်တွေ တစ်နှစ်ကျော် ကျော်ကာလ အတွင်းမှာ သူက အဲဒီ ကတိကဝတ်တွေ စွမ်းဆောင်နိုင်မှု အပိုင်းမှာ ညံ့တယ်။ အဲဒါကို လူတွေ ကသိလာတယ်။ တိုင်းရင်းသား ဒေသ တွေမှာဆို ပိုသိသာတယ်။ တိုင်းရင်း သား ပါတီတွေနဲ့ NLD ကြားထဲမှာ ယုံကြည် မှုတွေ လျော့ဆင်းလာ တယ်။ အဲဒါရဲ့ သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။ လွှတ်တော်ထဲ မှာ ကျွန်တော်တို့ တိုင်းရင်း သားတွေ အနေနဲ့ အထူးသဖြင့် ကျွန်တော်တို့ ရခိုင်ပါတီ အနေနဲ့ တတ်စွမ်းသမျှ လုပ်ခဲ့တာပဲ။ ဦးအေးမောင်ပါ လာ မယ်ဆိုရင် ပိုပြီးတော့ မြိုင်ဆိုင် လာ တာပေါ့။ တိုင်းရင်းသား ဒေသတွေ မှာဆိုရင် အရင်တုန်းက NLD မှ တစ်ပါး အခြား မရှိဆိုတဲ့ အယူအဆ ကတော့ ပျောက် လာပြီပေါ့လေ။ ရှမ်းပြည်မှာလည်း NLD ရှုံးတယ်။ မွန်မှာလည်း ကြံ့ခိုင်ရေးက နိုင်သွား တယ်။ ရခိုင်မှာ လည်း NLD ရှုံးတယ်။ အရင်တုန်းကဆိုရင်တော့ NLD ဆို ရင် အကုန်လုံး နိုင်ပြီပေါ့။ သောင်ပြို ကမ်းပြိုနိုင်တယ် ဆိုတဲ့ဟာ က ခေတ် ကုန်သွားပြီပေါ့။  ၂ဝ၂ဝ မှာလည်း တိုင်းရင်းသား ဒေသတွေမှာ NLD အနေနဲ့ ဦးဆောင်နိုင်မှာ မဟုတ်ဘူး။ တိုင်းရင်းသား ပါတီတွေပဲ တိုင်းရင်း သားဒေသရဲ့ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးကို ဦးဆောင်နိုင် လိမ့်မယ်လို့ မြင်တယ်။ ဒါကလည်း သဘာဝ ကျတယ်။ အဲဒီ နေရာကို NLD ဟာ အတင်းဝင် ရောက်ပြီး ပုဂ္ဂိုလ်ရေးသြဇာထူ ထောင်တာ မျိုးတော့ ရမှာမဟုတ် ပါဘူး။  သူတို့ရဲ့ အားနည်းချက် ကို ပြင်ဆင်နိုင် လိမ့်မယ် လို့ မထင်ဘူး။ သူတို့လုပ်တာပဲ မှန်တယ်။ တိုင်းရင်း သား ဒေသတွေရဲ့ ပကတိ အခြေအနေ မှန်ကို NLD နားလည်မှု ဆိုတာ ဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့က အခြေအနေမှန် ကို နားမလည်ဘဲ အားနည်းချက်ကိုပဲ ဖုံးဖိဖို့ ကြိုးစား တယ်။ တိုင်းရင်းသား ဒေ သတွေ မှာ ဘာသာ စကားကြောင့် မနိုင်ဘူး ဆိုရင် အရင်တုန်း က ဘာလို့နိုင် တာလဲ။ တစ်ခွန်း တည်းပါ။ နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မျက်နှာ ကြောင့်၊ အတိုင်ပင်ခံ အပေါ် လူထု ရဲ့ အားကိုးတဲ့ သဘောကြောင့် နိုင် တာ။ အဲဒါပါပဲ။ ခုလည်း နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရှိတာပဲ။ ဒါပေမယ့် ရှုံးသွားတယ်။ တိုင်းရင်း သားဒေသတွေ က တက်လာတဲ့ NLD အမတ်တွေ၊ ရခိုင်ကတက်လာ တဲ့ NLD အမတ်တွေ၊ ရှမ်းပြည်က တက်လာတဲ့ NLD အမတ်တွေဟာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်ကို ကိုယ်စားပြုမှု အင်မတန် အားနည်း တယ်ဆိုတာကို သက်သေပြလိုက် တာပါ။ ဒေသခံပြည်သူတွေက NLD အမတ်တွေအပေါ် ယုံကြည်မှု မရှိတော့ဘူး။

ဦးဝင်းမင်း (NLD)
အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်၊ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်

ကျွန်တော်က လှိုင်သာယာ မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စား ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း အဖြစ် အဖွဲ့ချုပ်ရဲ့ အလံအောက်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။  ဧပြီလ ၁ ရက်နေ့မှာ လှိုင်သာယာက မဲဆန္ဒ ရှင်ပြည်သူတွေ ရဲ့ အားပေးထောက် ခံမှုကြောင့် မဲအများဆုံးရပြီး အနိုင် ရခဲ့တယ်။ အဲဒီလို မဲပေးခဲ့တာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံအောက် ကနေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ကို မဲပေးခြင်းသာဖြစ်ပါတယ်။ ဒါဟာ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ် သိက္ခာ၊ အဖွဲ့ချုပ် အစိုးရရဲ့ လုပ် ဆောင်ချက်တွေ အပေါ်မှာ လှိုင် သာယာ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုကို ဘာ့ကြောင့် အဖွဲ့ ချုပ်ကို ထောက်ခံ သလဲ ဆိုတော့ နှစ်ပေါင်း ၅ဝ ကျော် အဂတိ တရား ရှိနေတဲ့ တိုင်းပြည်ကို အဂတိတရား ကင်းစင်အောင် ပြည် သူတွေက ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန် တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်းစားလှယ်လောင်း တွေဟာ အဂတိတရား ကင်းရှင်းကြပါတယ်။ NLD အစိုးရ အဖွဲ့ဟာလည်း အဂတိ တရား ကင်းစင်တဲ့ အစိုးရတစ်ရပ် ဖြစ်ဖို့ အတွက် ကြိုးစားဆောင်ရွက် နေတယ်။ ဒီအပေါ်မှာ ပြည်သူတွေ အားကိုးမှုကြောင့် ပြည်သူ အများစုရဲ့ ထောက်ခံမှု ရခဲ့တာဖြစ်ပါတယ်။ အဖွဲ့ချုပ် အပေါ် ပြည်သူတွေရဲ့  ယုံကြည်မှုကြောင့် ကျွန်တော်တို့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။   အဖွဲ့ ချုပ်ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ အပေါ် မှာ ပြည်သူတွေဟာ ယုံကြည်အား ကိုးမှုရှိပါတယ်။ ကျွန်တော်တို့ ကိုယ် စားလှယ်လောင်း တွေ ဟာလည်း အဂတိတရား ကင်းတယ်။ ဒီတော့ အဖွဲ့ချုပ်ကိုပဲ။ အဖွဲ့ချုပ်မှ တစ်ပါး ရွေးစရာ လမ်းမရှိပါဘူး။ NLD နိုင်မှ သာ ပြည်သူ က ပြည်သူကို အုပ်ချုပ် တဲ့ ပြည်သူ့အစိုးရ မျိုးရမယ်ဆိုတာ ယုံ ကြည်တဲ့ အတွက် ကျွန်တော် တို့ကို ထောက်ခံ ခဲ့တာပါ။  တိုင်းရင်း သား ဒေသတွေမှာ ဘာသာစကား အခက် အခဲကြောင့် ရှုံးရတယ်ဆိုတာ မှန်တယ်။ ပြည်သူတွေရဲ့ ရေမြေ သဘာဝ က လည်း ကျွန်တော်တို့ တိုင်းပြည်မှာ မတူကြပါဘူး။ ဘာသာစကား အခက်အခဲရှိသလို သတင်း မီဒီယာ တွေရဲ့ ဖွံ့ဖြိုးမှု အားနည်း တာလည်း ရှိတယ်။ ဒီဒေသတွေမှာ သတင်းစာ၊ စာစောင်၊ ဂျာနယ် အရောက်အပေါက် နည်းတာတွေရှိတယ်။ ဆိုရှယ်မီဒီ ယာဖြစ်တဲ့ အင်တာနက်၊ ဖုန်းလိုင်း တွေကလည်း အားနည်းမှုကြောင့် ဖြစ်မယ်လို့ ကျွန်တော်တော့ ယူဆ တယ်။ ဒေသ အခြေပြုတိုင်းရင်းသား တွေ အနိုင် ရရှိသွားတာဟာ ဘာသာ စကား တိုးမပေါက်တာကြောင့် သူတို့ အားသာချက် ရသွားတာဖြစ်ပါ တယ်။ NLDအစိုးရရဲ့ လုပ်ဆောင် ချက်တွေကို သူတို့သိချင်မှ သိမှာ လေ။ ဆိုရှယ် မီဒီယာတွေ အပေါ်က လည်း မရောက်တာပေါ့လေ။ ကျွန် တော့်ကို မဲပေးခဲ့ကြတဲ့ ပြည်သူ တွေကို ဂုဏ်ပြုကျေးဇူးတင်ပါတယ်။ မှန်ကန်မှုကို ဆုံးဖြတ်ရဲတဲ့ အတွက် ကျေးဇူး အထူးတင်တယ်။

ဦးသဲရယ်
အနိုင်ရ အမှတ် (၁) ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်
ဖရူဆိုမြို့နယ် မဲဆန္ဒနယ်

၂ဝ၁ဝ တုန်းကလည်း တိုင်း ရင်းသား ပါတီတွေ ဒီမဲဆန္ဒနယ်မှာ နေရာ မရခဲ့ပါဘူး။ ၂ဝ၁ဝတုန်းက ကြံ့ ခိုင်ရေးနိုင်ခဲ့တယ်။ ၂ဝ၁၅ တုန်းက NLD နိုင်ခဲ့တယ်။ ခု ကြားဖြတ်မှာ တော့ သူတို့ ဝင်မပြိုင်ဖြစ်ခဲ့ဘူး။ သူတို့ ပြိုင်ဖြစ်ခဲ့ရင်တော့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပဲ နိုင်လိမ့်မယ်။

ဘာဖြစ်လို့လဲ ဆိုရင် မဲပြန့် သွားမှာဖြစ်တဲ့ အတွက်ကြောင့် ခုလို ပြောရတာ။ ကျွန်တော် ကြံ့ခိုင်ရေးကို နိုင်တာတောင်မှ မဲ အပြတ် အသတ် မဟုတ်ဘူး။ မဲပြန့်တာကို ဘာလို့တတ်အပ် ပြောနိုင်လဲ ဆိုတော့ တိုင်းရင်း သားနယ်မြေတွေက အရင်လို မဟုတ်တော့ဘူး။ အရင်တုန်း ကတော့ အပြောင်းအလဲကို ဖော်ဆောင်မယ်လို့ ပြောတဲ့ ပါတီကို ယုံပြီး ပုံအပ်ကြတယ်။ အခု တစ်နှစ်ပြည့်မြောက် တဲ့ ကြွေးကြော် ထားတဲ့အတိုင်း မဖြစ်လာတော့ ဒီကဒေသခံ တွေက သိပ်ပြီး မယုံတော့ဘူး။ ယုံတဲ့သူလည်း ရှိသေးတာပေါ့ လေ။ ဒီတော့ ယုံတဲ့လူက ဆက် ပေးမယ်။ မယုံတဲ့လူက မပေး ဘူး။ တခြားပေးမယ်။ ကြံ့ခိုင် ရေးကို ယုံတဲ့လူက ကြံ့ခိုင်ရေး  ကို မဲပေးကြမယ်။ ဒီလိုတွေ ရှိနေလို့ပါ။ လက်ရှိ အစိုးရကို ဒေသခံတွေ ဘာလို့ မကြိုက်ကြ တာလဲ။ အကြောင်းရှိတယ်။ ကျွန်တော်တို့ ကယားပြည်နယ် က ကယား ပါတီဟာ ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကို တက်ခွင့်၊ ဆွေးနွေးခွင့် မရှိဘူး။ ဘာလို့မရှိလဲ ဆိုတော့ ကျွန်တော် တို့က တစ်နေရာ မှ မနိုင်ခဲ့ဘူး။ ဒီတော့ ကိုယ့်ပြည်နယ် အကြောင်း ကိုယ်ဆွေးနွေးခွင့် မရှိဘူး။ တခြား တိုင်းရင်းသား တွေ ကျတော့ ဆွေးနွေးခွင့်တွေ ရတယ်ဗျ။ ဒါကို ဒေသခံတိုင်း ရင်းသားတွေ သဘောပေါက် သွားတယ်။ ငါတို့ မဲပေးမှဖြစ် တော့မယ် ဆိုတဲ့ အသိစိတ်တွေ ဝင်လာတယ်။ ဒါက တစ်ချက်။ နောက်တစ်ခုက အပြောင်း အလဲ။ သူတို့က ဒေသခံတွေက အပြောင်းအလဲကို အရမ်းမျှော် လင့်ထားတယ်။ ကုန်ကုန် ပြော မယ်ဗျာ။ ဒီတစ်နှစ် အတွင်း ဒီ ဒေသကို ဘယ်သူမှ သိပ်မလာ ကြဘူး။ တာဝန်ရှိတဲ့ သူတွေကို ပြော တာနော်။ အဲဒါကိုလည်း ဒေသခံတွေက သိပ်မကြည်ဘူး။ ကျွန်တော်တို့ ရွာထဲ စည်းရုံးရေး ဆင်းတော့ ဒေသ ခံတွေက ပြော ကြတယ်။ ဘာမှ မပြောင်းလဲ သေးဘူးတဲ့။ ဒါကို ကာကွယ် ပေးချင်တဲ့ သူတွေလည်း ပေးကြ မှာပေါ့။ တကယ့် လက်တွေ့ မှာတော့ မဲရလဒ်ဟာ အဖြေ တစ်ခု အနေနဲ့ ထွက်လာပါတယ်။

ဒေါ်ခင်မိုးမိုး
ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌဟောင်း

ကျွန်မ NLD အစည်း အဝေးတက်ရစဉ်က ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါကတော့ လာပြီး ဝိုင်းကူဖို့ပါ။ လာကူတဲ့သူတွေ ရှိပါတယ်။ သို့သော် လူထုရင်ထဲ တိုးဝင်တဲ့သူ နည်းသွားတဲ့ အတွက်ကြောင့် ရလဒ်ကတော့ မြင်တဲ့အတိုင်း ထင်မထား အောင် တော်တော်လေးကို ဆိုး ရွားခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီထိပ်ပိုင်း CEC  အချို့က တိုင်းရင်းသား ကိစ္စကို သိပ်ပြီး အလေးမထားဘူး။ ဒါ့ကြောင့် တိုင်းရင်းသားတွေ ရဲ့ ယုံကြည် မှုကို မရဘူး။ ဒါဟာလည်း ကြား ဖြတ်ရွေးကောက်ပွဲ ရှုံးရခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ပဲ။ နောက်တစ်ခုက ကျိုင်းတုံမှာ ရှုံးတာ။ လုံးဝကို မဖြစ်သင့်တဲ့ အရာတစ်ခုပါ။ ဒါဟာ NLD အတွက် မကောင်းဘူး။ သူတို့ တွေ ထုတ်ခဲ့တဲ့သူ အချို့ဟာ အခု ကြားဖြတ်မှာ အင်တိုက် အားတိုက်နဲ့ ကူညီနေကြပါ တယ်။ ပါတီကို စိတ်မပျက်ကြ ပါဘူး။ ဒီလို အခြေအနေတွေ ရှိနေတာတောင် မှ ရှုံးတယ် ဆိုတော့ ဒါဟာ ရေရှည် အတွက် မကောင်းပါဘူး။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*