သမ္မတဒေါ်နယ်ထရမ့် သူ၏ ပထမဆုံး လစာများကို လှူဒါန်း

သမ္မတဒေါ်နယ်ထရမ့် သူ၏ ပထမဆုံး လစာများကို လှူဒါန်း
April 5, 2017 Asian Fame

2:01 pm
သမ္မတဒေါ်နယ်ထရမ့် သူ၏ ပထမဆုံး လစာများကို လှူဒါန်း

3(ဝါရှင်တန်၊ ဧပြီ )

လစာမယူဘဲ အလုပ် လုပ်မည် ဟု ကတိပေးခဲ့သော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ ကတိစကား အတိုင်းပင် ၂ဝ၁၇ ခုနှစ် ပထမလေးလပတ် အတွက် ရရှိသော သူ၏ လစာများကို အမျိုး သား ဥယျာဉ်ဌာနသို့ ယမန်နေ့က လှူဒါန်း လိုက်ပြီဖြစ်သည်။ ယင်း အမျိုးသား ဥယျာဉ် ဌာနသည် အခြားသော အစိုးရဌာန များကဲ့သို့ ပင်လျှင် ဘဏ္ဍာငွေ အသုံးစရိတ် ဖြတ်တောက်မှု ပမာဏ များစွာ ကြုံရ သော ဌာနတစ်ခု လည်းဖြစ်သည်။

မစ္စတာထရမ့်သည် သူရရှိသော လစာငွေ ကန်ဒေါ်လာ ၇၈၃၃၃ ဒသမ ၃၂ ကို ချက်လက်မှတ်တွင် လက်မှတ် ရေးထိုး၍ ပြည်ထဲရေး ဝန်ကြီး မစ္စတာ ရိုင်ယန်ဇင့်အား ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း အိမ် ဖြူတော်နေ့စဉ် သတင်းထုတ်ပြန် ပွဲတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရှောင်ဆပင်စာ က ပြော ကြားခြင်းဖြစ်သည်။ အမျိုးသား ဥယျာဉ် ဌာနသည် ပြည်ထဲရေး ဝန်ကြီး ဌာန၏ လက်အောက်တွင် ရှိသော အစိုးရ ဌာန တစ်ခု ဖြစ်သည်။

”အမေရိကန် သမ္မတ၏လစာ မှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၄ သိန်း ဖြစ်သော်လည်း၊ အမေရိကန် သမ္မတများ အားလုံးတွင် အချမ်း သာဆုံး သမ္မတဖြစ်သော ဒေါ်နယ် ထရမ့်ကမူ ပြည်သူ တို့ထံမှ အခွန် ငွေတို့သည် သူ့ အတွက် မဖြစ်စေရ ဟူ၍ မဲဆွယ်ကာလ က ကြွေးကျော် ခဲ့သည့်အတိုင်း ယခုကဲ့သို့ လက်တွေ့ လုပ်ပြလိုက်ခြင်း ဖြစ်သည်။

ကန်ဒေါ်လာသန်း ၇၄ဝ မျှ ကြွယ်ဝသော ထရမ့်၏သမီး အိုင်ဗန် ကာထရမ့်နှင့် ခင်ပွန်းဖြစ်သူ ဂျရက်ကုရှ်နာ တို့ နှစ်ဦးသည်လည်း လုပ်ခ လစာ တစ်ပြား တစ်ချပ်မျှ မယူဘဲ ဖခင်ဖြစ်သူ သမ္မတ အတွက် အလုပ် လုပ်ပေးလျက် ရှိကြသည်။

PN002
Ref: White House will preserve all of Trump’s tweets: reports

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*