ရန်ကုန်ရှိ ဆေးရုံကြီးများနှင့် မြို့နယ်ဆေးရုံများ သင်္ကြန်ကာလအတွင်း ၂၄ နာရီ ဖွင့်လှစ် ဆေးကုပေးမည်

ရန်ကုန်ရှိ ဆေးရုံကြီးများနှင့် မြို့နယ်ဆေးရုံများ သင်္ကြန်ကာလအတွင်း ၂၄ နာရီ ဖွင့်လှစ် ဆေးကုပေးမည်
April 5, 2017 Asian Fame

3:52 pm
ရန်ကုန်ရှိ ဆေးရုံကြီးများနှင့် မြို့နယ်ဆေးရုံများ သင်္ကြန်ကာလအတွင်း ၂၄ နာရီ ဖွင့်လှစ် ဆေးကုပေးမည်

လင်းဟိန်း၊ သီဟ
ရန်ကုန်၊ မတ် ၃၁

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ ဆေးရုံကြီးများနှင့် မြို့ နယ် ဆေးရုံများ အားလုံး ၂၄ နာရီလုံး ဖွင့်လှစ်ပြီး ဆေးကုသ မှု ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဆေးကုရာတွင် ထိထိရောက်ရောက် ဖြစ်စေရန် စနစ်တကျဆောင်ရွက်ထားမည် ဖြစ်ပြီး လိုအပ်မည့် ဆေးဝါးများကို အဆင် သင့်ရှိစေရန် လုပ်ဆောင်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ထို့ပြင် ရန်ကုန် မြို့တော်ခန်းမ၊ ပြည်လမ်းရှိ IBC ရှေ့၊ သုဝဏ္ကအားကစားကွင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်းတို့တွင် အရေးပေါ်လူနာတင်ယာဉ် များကို ထားရှိပေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ဖွင့် လှစ်မည့် ဆေးရုံများကို ဆေးရုံအရာရှိများနှင့် ရန်ကုန်တိုင်းရဲ တပ်ဖွဲ့တို့ ပူးပေါင်းကာ လူအင်အားတစ်ရာကျော်ဖြင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ် ဖွင့်လှစ်မည့်သူ များကို ကျန်းမားရေး အသိပညာပေးခြင်းများကိုလည်း လုပ် ဆောင်သွားမည်ဖြစ်ပြီး အပူဒဏ်ကာကွယ်ရမည့် ထုတ်ပြန်ချက်များကိုလည်း ရေကစားမဏ္ဍပ်များထံသို့ အသိပေးထားကြောင်း ၎င်းက ပြောသည်။ သင်္ကြန်ကာလအတွင်း လမ်းဘေးအစားအစာများ စားသုံး ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ မရှိစေရန်အတွက် ရန်ကုန်မြို့အတွင်းရှိ လမ်းဘေးဈေးသည်များကို တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အပတ်စဉ် ပညာပေးသင်တန်းများ ပို့ချလျက်ရှိသည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*