ရန်ကုန်မှ ကျူးကျော်များ အတွက် အဆောက်အအုံ များဆောက်လုပ်နေ

ရန်ကုန်မှ ကျူးကျော်များ အတွက် အဆောက်အအုံ များဆောက်လုပ်နေ
April 5, 2017 Asian Fame

12:09 pm
ရန်ကုန်မှ ကျူးကျော်များ အတွက် အဆောက်အအုံ များဆောက်လုပ်နေ

news(ရန်ကုန်၊ ဧပြီ ၅)

ရန်ကုန်တိုင်း အတွင်းရှိ ကျူးကျော်များ အတွက် တိုင်းအစိုးရက အဆောက်အအုံများ ဆောက်လုပ်နေပြီး သူတို့တွေ ရဲ့ပေးသွင်းနိုင်မှု အပေါ် မူတည်ကာ အဌား စနစ်၊ အရစ်ကျစနစ် များနဲ့ ဆောင်ရွက် သွားမယ်လို့  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ကပြောပါတယ်။

ကိုကိုးကျွန်း မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက ကျူးကျော်တွေ နဲ့ ပတ်သတ်ပြီး ဘယ် လိုဆောင်ရွက် သွားမယ် ဆိုတာကို ယနေ့ရန်ကုန် တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီး တင်အောင်ထွန်းက အထက်ပါ အတိုင်း ပြန် လည်ဖြေကြားခဲ့တာပါ ။

ဒါပေမဲ့လည်း အခုချိန်မှာ ကျူးကျော် စာရင်း ကောက်ယူမှု ၊ ပြန်လည် စိစစ်မှုတွေ အပေါ်မူ တည်တာကြောင့် နေရာ ချထားပေးမယ့်အချိန် ကိုတော့ အတိအကျ ပြောလို့ မရသေးဘူးလို့ သူက ဆိုတယ် ။  ”စာရင်း အားလုံး ကောက်ပြီးတဲ့ အချိန်မှာတော့ ပြန်ပြီး စိစစ်ရေး အဖွဲ့ ဖွဲ့ ပြီးတော့ ဒီစာရင်း တွေ မှန်ကန်မှု ရှိမရှိ ပြန်လည် စိစစ်ပြီးတော့မှ စာရင်းပြန်လည် ပြောကြားဆောင်ရွက်ပါမယ် ။ အဲဒီမှာ စီးပွားဖြစ် ကျူးကျော်တွေ ကိုတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာဖြစ်ပြီး အမှန်တကယ်နေစရာ မရှိတဲ့ ကျူးကျော်တွေ ကိုတော့စီစဉ် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

ကျူးကျော်များ ရသင့် ရထိုက်တဲ့ အခွင့်ရေးတွေကို စီမံဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”လို့  သူကပြောပါတယ်။  ရန်ကုန်တိုင်း အတွင်းမှ ကျူးကျော်နေထိုင် သူများကို ယမန်နှစ် စက်တင်ဘာ ၃ ရက်နေ့မှ စတင်ပြီး စာရင်းကောက်ခဲ့ ပါတယ်။ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊မြောက်ဒဂုံ ၊ မြောက်ဥက္ကလာ ၊ သန်လျင်၊ ကျောက်တန်း၊ သာကေတ မြို့ နယ်တွေကို စာရင်းကောက်ယူပြီး ဖြစ်ပြီး ရွှေပြည်သာ၊ လှိုင်သာယာ ၊အလုံမြို့ နယ်တွေ စာရင်းကောက်ဖို့ ကျန်သေးတယ် လို့သိရပါတယ် ။လတ်တလောမှာ ဒလနဲ့ မရမ်းကုန်း မြို့ နယ်တွေ က ကျူးကျော်တွေကို စာရင်း ကောက်ယူနေတယ် လို့သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*