ရန်ကုန်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်နေဟု ဝန်ကြီး ပြောကြားမှု စီးပွားရေးလုပ်ငန်းရှင်များ ဝေဖန်

ရန်ကုန်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်နေဟု ဝန်ကြီး ပြောကြားမှု စီးပွားရေးလုပ်ငန်းရှင်များ ဝေဖန်
April 5, 2017 Asian Fame

11:15 am
ရန်ကုန်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်နေဟု ဝန်ကြီး ပြောကြားမှု စီးပွားရေးလုပ်ငန်းရှင်များ ဝေဖန်

ဖြိုးထက်အောင်
ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်းအတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်မှ ချေးငွေများချေးပေးနေ၍ အောင်မြင်မှုရှိနေသည်ဟု တိုင်းအစိုးရကပြောသော်လည်း လုပ်ငန်းရှင်အချို့က မြေပြင်အခြေအနေနှင့် ကင်းကွာနေသည်ဟု ဝေဖန်နေကြသည်။

ဧပြီလ ၁ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ SMEs လုပ်ငန်းများ အောင်မြင်မှု ရှိ၊ မရှိနှင့် ရာခိုင်နှုန်း မည်မျှတိုးတက်လာသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းရာတွင် လျှပ်စစ်၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ချေးငွေ အဆိုပြုအစီအစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသောကြောင့် အောင်မြင်လျက်ရှိသည်ဟု ဖြေကြားခဲ့ သည်။ သို့သော်လည်း မည်သည့်လုပ်ငန်း များကို ချေးငွေထုတ်ပေးနေသည်၊ တိုးတက်မှု ရာခိုင်နှုန်း မည်မျှရှိနေပြီဆိုသည်ကိုမူ ဖြေကြားသွားခဲ့ခြင်း မရှိပေ။

ချေးငွေများ ချေးပေးနေသည့် အ တွက် အသေးစားနှင့် အလတ်စား လုပ် ငန်းများ အောင်မြင်မှုရှိနေကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော် တွင်း ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက တကယ့် လက်တွေ့မြေပြင်နှင့်ကွဲလွဲမှုရှိနေသည် ဟု မှတ်ချက်ပြုသည်။ ”ဝန်ကြီးကတော့ ပေါ်လစီအနေနဲ့ လုပ်မယ့်ဟာတွေကို ပြောတာပေါ့။ ဒါ ပေမယ့် တိုးတက်မှု၊ အဆင်ပြေမှုတွေက အခုမှ စလုံးရေ စရမှာပါ” ဟု သူက ပြောသည်။ လက်ရှိတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ၏ ချေးငွေ ကိစ္စသည် နှောင့်နှေးကြန့်ကြာမှုများရှိ နေကြောင်း၊ အပေါင်ပေးမှ ချေးလို့ရ သည့် အနေအထားသာ ရှိသေးကြောင်း သူက ဆက်ပြောသည်။

လက်ရှိ နိုင်ငံ၏ အသေးစားနှင့် အ လတ်စားလုပ်ငန်း ဈေးကွက်သည် ဈေး ကွက်ပျောက်နေသည့် အနေအထားမျိုး ရောက်နေကြောင်း ဒေါက်တာ မောင် မောင်လေးက ရှင်းပြသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးထွန်းကလည်း ”ကျွန် တော်တို့အသင်းအနေနဲ့တော့ ချေးငွေ ပေးတာတွေ မကြားရသေးပါဘူး။ ချေး ပေးတယ်ဆိုရင် ကျွန်တော်တို့လည်း သိရမှာပေါ့။ ကိုယ့်ဘာသာကိုယ် ရပ် တည်နေကြရတာပါ” ဟု ပြောသည်။မေးခွန်းမေးမြန်းခဲ့သည့် လွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ”ဖြစ်စေချင်တာက အသေးစား၊ အလတ် စားလုပ်ငန်းက ဖိနပ်လုပ်ငန်းပဲဖြစ်ဖြစ် အာလူးကြော်ကြော်တာပဲဖြစ်ဖြစ် ဒါတွေက SME ထဲအကျုံးဝင်တယ်။ ဒါ တွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ မုန့် လုပ်ငန်းဆိုရင်လည်း တရုတ်က မုန့်တွေ၊ ယိုးဒယားတို့က မုန့်တွေကို အများဆုံး သုံးစွဲနေရတယ်။ ပစ္စည်းတွေလည်း အတူတူပဲ အသေးစား အလတ်စား လုပ်ငန်းတွေက မရှိသလောက်ပဲ” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်များတွင် SMIDP ဘဏ်မှ ရန်ကုန်တိုင်း အတွင်းရှိ စက်မှုလုပ်ငန်း ရှင် ၃၆ ဦး၊ CGI စနစ်ဖြင့် CB ဘဏ်မှ ၁၅ ဦး၊ ကမ္ဘောဇဘဏ်မှ ၃ ဦး၊ JICA ချေးငွေအနေဖြင့် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့မှ လုပ်ငန်းရှင် ၉၈ ဦးတို့ကို ချေးငွေထုတ် ချေးပေးခဲ့သည်ဟု ဒေါ်နီလာကျော်က ဆိုသည်။ ပေးအပ်ခဲ့သော ချေးငွေများမှာ SMIDP ဘဏ်မှ ကျပ်သိန်းပေါင်း (၁၂ဝ၅ဝ)၊ CGI စနစ်ဖြင့် ချေးခဲ့သောချေးငွေမှာ CB ဘဏ်မှ ၂၆၂ ဒသမ ၅ သန်း၊ ကမ္ဘောဇဘဏ်မှ ၁၄၅ သန်းနှင့် JICA ချေးငွေမှာ ကျပ်သန်း ၂၂ဝ၈၁ ဒသမ ၆၈ တို့ ဖြစ်ကြောင်းလွှတ်တော် တွင် ဖြေကြားခဲ့သော ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*