မမျှော်လင့်တဲ့ တစ်နေရာက ကျေနပ်စရာ စကား

မမျှော်လင့်တဲ့ တစ်နေရာက ကျေနပ်စရာ စကား
April 5, 2017 Asian Fame

3:47 pm
မမျှော်လင့်တဲ့ တစ်နေရာက ကျေနပ်စရာ စကား

Myint-Thanယခင်အပတ်မှအဆက်

ကျွန်တော်က ကြုံရာကျပန်း လုပ်ရင်း အဲဒီရဆော့မှာ အမှိုက်သိမ်း၊ မြက်ရိတ်၊ သစ်ပင်ခုတ်ဆို တာတွေ လုပ်ရတဲ့ အလုပ်သမား လုပ်ရတယ်။ ရီဆော့ရဲ့ တခြားဘက် အခြမ်းမှာ။ နောက်တော့ မီးဖိုခန်း ပတ်ဝန်းကျင်မှာ သန့်ရှင်းရေး သမား လိုတယ် ဆိုတာနဲ့ ကျွန်တော် လည်း မီးဖိုခန်းဘက် ပြောင်းလာ တယ်။ ဒါပေတဲ့ မီးဖိုခန်းထဲ မဝင် ရဘူး။ တစ်ညနေ မီးဖိုခန်း အပြင် ဘက်မှာ သန့်ရှင်းရေး လုပ်နေတုန်း သန့်ရှင်းရေး ကိုင်တဲ့ မန်နေဂျာ ရောက်လာပြီး ကောင်ကလေး၊ ဒီ နေ့နောက်ကျ မှပြန်။ မီးဖိုခန်းရှင်း တဲ့ကောင် မိန်းမ ကလေးမွေးနေ လို့ မလာနိုင်ဘူးလို့ ပြောတယ်။ ပိုက်ဆံပိုရမှာဆိုတော့ ကျွန်တော် လည်း ဟုတ်ကဲ့လို့ ပြောလိုက်တယ်။ ရှစ်နာရီ ထိုးတော့ မီးဖိုခန်း စသိမ်း ကြတယ်။ ရှစ်နာရီခွဲရင် ကျွန်တော် က ရှင်းရမယ်။ ဂူးစတပ်(ဖ) က တော့ ရှစ်နာရီလောက် ကတည်း က ပြီးလို့ သစ်ပင်အောက်က မှောင်ရိပ်ထဲမှာ ကော့ညက်သောက် နေတယ်။ သူ့ထုံးစံပဲ။ သူ့အခန်း မပြန်ခင် ဆေးပြင်းလိပ် တစ်လိပ်နဲ့ ကော့ညက်သောက်လေ့ ရှိတယ်။ မီးဖိုခန်းထဲက လူကုန်သွားလို့ ရှစ် နာရီခွဲတာနဲ့ ကျွန်တော်လည်း မီး ဖိုခန်းထဲဝင်ပြီး သန့်ရှင်းရေး လုပ် တယ်။ နောက်ဆုံးတော့ ကြမ်းကို သန့်စင်တယ်။ ကြမ်းတစ် နေရာမှာ အကွက်ခပ်ကြီးကြီး တစ်ခု တွေ့ တယ်။ ဆီနဲ့ကော်ရည်လိုဟာမျိုး ပူ နေတုန်း ကျတာဖြစ်မယ် ထင်တယ်။ ကြမ်းတိုက်ဘီးနဲ့၊ ကြမ်းကို သန့် စင်တဲ့ဆေးနဲ့ သန့်ကြည့်လို့ မရ ဘူး။ နောက်တော့ ကျွန်တော်လည်း သန့်ရှင်းရေး ပစ္စည်းတွေ ထားတဲ့ အခန်းက သင်နာ Thinner သွား ယူပြီး သံဘီးနဲ့ တိုက် ထုတ်လိုက်လို့ အားလုံး ပြောင်သွားတယ်။ အဲဒီလို ကျွန်တော် လုပ်နေတာကို ဂူးစ တပ်(ဖ) က နောက်နားက လာပြီး ကြည့်နေတယ်။ ဘာမှတော့ မ ပြောဘူး။ ကျွန်တော့် အလုပ်ပြီးလို့ ပြန်မယ် လုပ်တော့ ဂူးစတပ်(ဖ) က သစ်ပင်အောက်မှာ သောက်နေ တုန်းပဲ။ ကျွန်တော် လည်း ထုံးစံ အတိုင်း ဂွတ်နိုက် ချက်(ဖ)လို့ နှုတ် ဆက်လိုက်တော့ သူကခေါင်းညိတ် ပြပြီး သူ့အနားကို လှမ်းခေါ်တယ်။ မင်း ငါ့မီးဖိုခန်း ထဲမှာ ကစ်ချင်း ဟဲင်း Kitchen Hand လုပ်မလားလို့ မေးတယ်။ ကျွန်တော်က ပန်းကန် ဆေး၊ အိုးဆေး တတ်တာကလွဲလို့ ဘာမှ မလုပ်တတ်ပါဘူးလို့ ပြော တော့ မီးဖိုခန်း အလုပ်ဟာ အဲဒါ အခြေခံပဲ။ ကျန်တာ ငါသင်ပေး နိုင်တယ်။ မင်းလုပ်ချင်ရင် သန် ဖက်ခါ မနက် ခြောက်နာရီ ဒီကို လာခဲ့လို့ ပြောတယ်။ အဲဒီလိုနဲ့ ကျွန်တော့်ရဲ့ စားဖိုမှူးဘဝ စခဲ့ တာပါ…လို့ သူက ပြောတယ်။

မိုးမိုးနဲ့လည်း မင်းတွေ့ခဲ့မှာ ပေါ့လို့ ကျွန်တော်က မေးလိုက်မိ တယ်။ တွေ့ပါတယ်လို့ သူကဖြေ ပြီး ဆက်ပြောပြန်တယ်။ ကျွန် တော်မီးဖိုခန်းမှာ အလုပ်စပြီး တစ် ပတ်လောက်မှာ အပြင်ဘက်က သစ်ပင်ရိပ်အောက် နားရအောင် ထွက်လာတော့ မိုးမိုး နဲ့တွေ့တယ်။ စီးကရက် ထိုင်သောက်နေတယ်။ ကောင်လေး၊ လာစမ်းလို့ခေါ်တာ နဲ့ သူ့အနား သွားတော့ ထိုင်ခိုင်း တယ်။ စီးကရက်ဘူး ထိုးပေးလို့ ကျွန်တော်လည်း တစ်လိပ် ယူ လိုက်တယ်။ နောက်တော့ မင်း ဘယ်ကလဲ လို့ မေးတာနဲ့ ကျွန် တော်လည်း ကျွန်တော့် ဘဝကို ပြောပြလိုက်တယ်။ နောက်တော့ အမေကြီးက ကျွန်တော့်ကို အသေ အချာ ကြည့်ပြီး မင်းအသက် ဘယ် လောက် ရှိပြီလဲလို့ မေးတော့ ကျွန် တော်က နှစ်ဆယ့် ခြောက်နှစ်ပါလို့ ပြောလိုက်တော့၊ ကျွန်တော့် ပခုံး ပေါ်လက်တင် လိုက်ပြီး မင်း ငယ် သေးတယ်။ အလုပ်ကြိုးစားလုပ်။ နိုင်ငံရေးတွေ ဘာတွေထဲ ဝင်မပါ နဲ့လို့ ပြောတယ်။ ပြောရင်း မျက် ရည်ဝဲလာတာကို ကျွန်တော် သတိ ထားမိလိုက်တယ်။ အဲဒီတုန်းက တော့ ကျွန်တော် သဘောမပေါက် ဘူး။ အန်ကယ့် ဝတ္ထုဖတ်ရင်း နဲ့ သူ့ သားကလေး ကိစ္စကို ကျွန်တော် သိလာရတယ် လို့ ပြောတယ်။ တွက် ကြည့်လိုက်တော့ အမေကြီး သားကလေး သာ ရှိရင် ကျွန်တော့် အရွယ်လောက် ရှိမလားပဲ။ နောက် တော့ သူက ဆက်ပြောပြန်တယ်။ သူပြောတဲ့ စကားကို ပညာတတ် တစ်ယောက်၊ ဝေဖန်ရေးသမား တစ်ယောက်က ပြောရင် ကျွန် တော် သိပ်အံ့သြမိမယ် မထင်ဘူး။ သူက သာမန် စာဖတ်သူ တစ် ယောက်။ ဒါပေတဲ့၊ အသေအချာ ဖတ်တဲ့လူမျိုး။ သူပြောတာက ဒီလို…။

အန်ကယ့် ဝတ္ထုထဲမှာ မိုးမိုးရဲ့ သားကလေး ပျောက်ဆုံးနေတာကို မကြာမကြာ ဖော်ထားပေတဲ့ ဘာ ကြောင့်ဆိုတာ မပါဘူး။ ဆုံးသွား တော့လည်း ဘာမှ အဖြေမပေး ဘူး။ စာအုပ်ထွက်လာတော့ ကျွန် တော် အကြိမ်ကြိမ် ပြန်ဖတ်တယ်။ အဲဒီတော့ ပိုမြင်မိ လာတာက အဲဒီ ထဲက လူတွေအားလုံးဟာ ပျောက် ဆုံးနေတယ် ဆိုတာပဲ။ မှားရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဘာ လုပ်လို့ လုပ်မှန်းမသိတဲ့လူတွေ။ ကိုယ့်အရပ်ကို မပြန်နိုင်တဲ့ ဂူး စတပ်(ဖ) တို့၊ ဂယ်ထရုတို့။ ကျောင်းဆရာမကြီး ဘဝကနေ စားဖိုမှူး ဖြစ်လာတဲ့ မိုးမိုး။ ဘိုကေနဲ့ ပန်ချာပီ။ ဟောင်ကောင် မှာမွေးတဲ့ ကုလား။ သူတို့ယောက်ျားတွေ ဘာလုပ်စားမှန်း မသိတဲ့ အမျိုး သမီးတွေ..။ အစုံပဲ။ အပြင်မှာ တကယ်ရှိနေတဲ့ နာမည်တွေနဲ့။ တကယ်တော့၊ အဲဒီအထဲမှာ လူ တွေဟာ ပျောက်ဆုံးနေကြတဲ့ လူ တွေချည်းပဲ လို့ ကျွန်တော် မြင်လာ တယ်။ သူ့ စကားဆုံး သွားတော့ ကျွန်တော်တို့ရဲ့ ဖန်ခွက်တွေထဲ ဝီ စကီ ထပ်ဖြည့်လိုက်ရင်း ချီးယားလို့ လုပ်လိုက်မိတယ်။ အတော့်ကို ကျေနပ်စရာ ကောင်းတာ တစ်ခု ကျွန်တော် ခံစားရလိုက်မိတယ်။
ကျွန်တော့် အရေးအသားတွေဟာ လူကြိုက်များတဲ့ အရေးအသားမျိုး မဟုတ်မှန်း ကျွန်တော်သိပါတယ်။ မြန်မာ ဝတ္ထုဖတ်တဲ့ လူအရေ အတွက်ထဲက စုစုပေါင်း လူငါး ဆယ်တစ်ရာ လောက်ပဲ ဖတ်ကြ လေမလားပဲ။ အဲဒီ ငါးဆယ်တစ် ရာလောက်ထဲမှာ တစ်ယောက်စ နှစ်ယောက်စက ဆိုလိုရင်းကို ပေါက်သွားတယ် ဆိုရင်ပဲ ဝမ်းသာ စရာပါ။ အထူးသဖြင့် မမျှော်လင့် ထားတဲ့ နေရာမှာ၊ မမျှော်လင့်ထား တဲ့ လူတစ်ယောက်ဆီက။ ဒါပေတဲ့ စာကို အသေအချာ ဖတ်တဲ့ လူ တစ်ယောက်ဆီက ဖြစ်နေလို့ ပို ပြီး ကျေနပ်မိပါတယ်။ ။

မြင့်သန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*