မကွေးမြို့ကာရာအိုကေဆိုင်မီးလောင်မှုမှ သေဆုံးသူမိန်းကလေးနှစ်ဦး၏မိသားစုသို့ ဆက်သွယ်၍ မရသေး

မကွေးမြို့ကာရာအိုကေဆိုင်မီးလောင်မှုမှ သေဆုံးသူမိန်းကလေးနှစ်ဦး၏မိသားစုသို့ ဆက်သွယ်၍ မရသေး
April 5, 2017 Asian Fame

11:43 am
မကွေးမြို့ကာရာအိုကေဆိုင်မီးလောင်မှုမှ သေဆုံးသူမိန်းကလေးနှစ်ဦး၏မိသားစုသို့ ဆက်သွယ်၍ မရသေး

u min

ဦးမင်း
မကွေး၊ ဧပြီ ၎

မကွေးမြို့ ကာရာအိုကေနှင့် စားသောက်ဆိုင်မီးလောင်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသား ၁၁ ဦး ၏ အမည်နှင့်နေရပ်လိပ်စာများကို ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်း ကအတည်ပြုနိုင်ခဲ့ပြီး မိန်းကလေး အလောင်း လေးလောင်းအနက် ဆက်သွယ်ရရှိမှုမှာမူ ၂ ဦးသာရှိခဲ့သည်။ တစ်ဦးမှာ ဆက်သွယ်ဆဲ ဖြစ်သလို ကျန်တစ်ဦးမှာလည်း ဆွေမျိုးမိဘ မသိရသေးကြောင်း မကွေးမြို့မ ရဲစခန်းမှူး၏ ပြောပြချက်အရ သိရသည်။

ဧပြီလ ၄ ရက်နေ့တွင် ရုပ် အလောင်းများကို သင်္ဂြိုဟ်ပြီး ဖြစ် သော်လည်း မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းမှာ မိသားစုသည် သွားလာရေးခက်ခဲနေသည့် မြဝတီ တွင် ဖြစ်နေသဖြင့် မြို့မရဲစခန်းမှူး က အတတ်နိုင်ဆုံးကူညီဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိသည်။ ခုန်ချလွတ်မြောက်ခဲ့သော မိန်းကလေးတစ်ဦးမှာလည်း မီး လောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သဖြင့် မကွေးတိုင်းဆေးရုံ(မ)ခွဲစိတ် ဆောင်တွင် အရေးပေါ်ကုသမှု ခံယူနေသည်ဟု သိရသည်။ မိဘ ဆွေမျိုးများလိုက်လာပြီဖြစ်သော် လည်း မကွေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအကူအညီပေးနေကြောင်း တိုင်းဥက္ကဋ္ဌ ဦးသိန်းဇော် က ပြောကြားသည်။

”တော်တော်လေး သတိရလာပြီ။ အစာဝင်အောင် ဆရာဝန်ကြီးတွေ ကြိုးစားပေးနေတယ်၊ ကျွန်တော်တို့ ငွေကြေးကအစ တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေ တယ်။ ဒီနေ့ သွေးလိုတယ်ဆိုလို့ ရှာပေးနေတယ်။ ဘီသွေးပါ” ဟု ဦးသိန်းဇော်က ပြောကြားသည်။ မီးလောင်သေဆုံးခဲ့သည့် အမျိုးသားများတွင် မကွေးမြို့အမှတ် ၃ဝ၁ ခြေမြန်တပ်ရင်းမှ ဆေးလက် ထောက် အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦးပါဝင်ကြောင်း၊ မကွေးမြို့ သိင်္ဂါရပ်မှ အမျိုးသား ငါးဦး၊ နံကပ်ကျွန်းကျေးရွာမှ တစ်ဦး၊ မြင်သာရပ်ကွက်မှ တစ်ဦး ပါဝင်ပြီး အမျိုးသား အလောင်း တစ်လောင်း၏ နေရပ်လိပ်စာကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

”ဒီ စလောင်တဲ့ဥစ္စာကို ကျွန် တော်တို့ မျက်မြင်သက်သေပေါ့နော်။ ယောက်ျားလေးနှစ်ယောက် ထွက်ဆိုချက်ရယ်၊ ကျွန်တော်တို့ သက်မဲ့ ပစ္စည်းကို မီးသတ်တပ်ဖွဲ့ဥပဒေ အရ၊ နောက်နည်းပညာအရ စစ်တဲ့ အခါမှာ မီးလောင်ကျွမ်းမှု အများ ဆုံးဖြစ်တဲ့နေရာ ဖြစ်ပါတယ်။ နောက်မိန်းခုံကလည်း သံတွေနဲ့ ရိုက်ထားတယ်။ မိန်းခုံကတော့ လုံးဝ မရှိတော့ဘူးပေါ့။ ဒါကြောင့် မိန်းခုံကနေ ဥလနမူသေိ ဖြစ်ပြီးတော့ လောင်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ထားပါတယ်”ဟု မကွေးတိုင်း မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိန်ဝင်းအောင်ကဖြေကြားသည်။

ဧပြီ ၂ ရက် ည ၁ဝ နာရီခန့်က မီးလောင်ခဲ့သည့် မကွေးမြို့ သစ္စာ လမ်းနှင့် မြင်သာရပ် (၂၉) လမ်း ထောင့်အနီးရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေနှင့် စားသောက်ဆိုင် အဆောက်အအုံသည် ပေ ၄ဝ၊ ပေ ၆ဝ ခြံကွက်အတွင်း တောင်အရပ် သို့ မျက်နှာမူ၍ တည်ဆောက်ထားသည့် နှစ်ထပ်တိုက်ဖြစ်ပြီး တိုက်၏အပေါ်ထပ်တွင် အခန်း ငါးခန်းတည်ရှိကာ တစ်ခန်းနှင့် တစ်ခန်းအကြားကို ထရံနှင့် အသံ လုံဖော့ပြားများဖြင့်သာ ကာရံထား ကြောင်းသိရသည်။ မီးလောင်ခဲ့သည့် အဆောက် အအုံ၏ အောက်ထပ်အဝင်ဝတွင် ကောင်တာခုံနှင့် ခန်းမကျယ်တစ်ခု ရှိ၍ အဆောက်အအုံ အောက်ထပ် တွင် အိပ်ခန်းနှစ်ခန်း၊ သန့်စင်ခန်း နှင့်မီးဖိုခန်းတို့တည်ရှိပြီး အဆောက် အအုံ၏အနောက်ဘက်တွင်အဖီစွဲ ထားသည့် နားနေဆောင်တစ်ခုရှိ သည်။ အဆောက်အအုံ တစ်ခုလုံးတွင် အိမ်သုံးမီတာတစ်လုံးတည်းသာ တပ်ဆင်ထားပြီး အဆောက်အအုံ ၏အောက်ထပ်တွင် ရေခဲသေတ္တာ နှစ်လုံးနှင့် အပေါ်ထပ်တွင်အဲကွန်း ငါးလုံးတပ်ဆင်ထား၍ အဆောက် အအုံအပေါ်ထပ် အခန်းတစ်ခန်း ထဲတွင် မီးပူနှင့်ဒယ်နီအိုးတို့ကို လည်းတွေ့ရှိရကြောင်း သိရသည်။ အဆိုပါမီးလောင်မှုနှင့် ပတ် သက်၍ မကွေးမြို့ မြို့မရဲစခန်းတွင် (ပ) ၁၉၁/ ၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/ ၃ဝ၄- က ဖြင့် အမှုဖွင့်ထားပြီး ဆိုင်ပိုင်ရှင် အမည်ပေါက်သည့် ဦးရဲညွန့်အား ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*