ကျန်းမာရေး အသုံးစရိတ်နှင့် ဆေးဖိုးဝါးခ

ကျန်းမာရေး အသုံးစရိတ်နှင့် ဆေးဖိုးဝါးခ
April 5, 2017 Asian Fame

4:51 pm
ကျန်းမာရေး အသုံးစရိတ်နှင့် ဆေးဖိုးဝါးခ

juan

ဈေးကွက်ထဲမှာ အောင်ပန်းပန်လို့ အောင်လံလွှင့်ထူထားတဲ့ ပုဂ္ဂလိက ကုသရေးဆိုင်ရာ ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်း ဟာ အမေရိကန်တစ်နိုင်ငံလုံးကို လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက် က စလို့ဝါးမျိုပစ်လိုက်တယ်။ ဘာသာရေးအသင်းအဖွဲ့အချို့ရဲ့ ခနော်ခနဲ့ မဖြစ်စလောက် အခမဲ့ ဆေးရုံကလေးများနဲ့ အစိုးရရဲ့ Medicare & Medicaid Program ခေါ် သက်ကြားအိုနဲ့ ဒုက္ခိတ ကျန်းမာရေးစောင့်ရှောက်မှု မဖြစ်စ လောက်ကလွဲလို့ပေါ့။ ကျွန်တော် တို့ ရွှေပြည်ကြီးမှာလည်း ယခင် စာဘူးတောင်းသာသာ ပုဂ္ဂလိက ဆေးခန်းလေးများ ရန်ကုန်ရွှေဘုံ သာလမ်းလောက်မှာပဲ ကျိုးတိုး ကျဲတဲရှိခဲ့ရာက ဈေးကွက်လှိုင်း လုံးကြီးတွေရိုက်ခတ်တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်များကစလို့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများဟာ ကလလရည်ကြည် သန္ဓေတည်လာလိုက်တာ အချိန်တိုတိုအတွင်း အခြေခိုင်အသားကျလာကြတယ်။ ဘယ်စီး ပွားရေးလုပ်ငန်းမှ မယှဉ်နိုင် လောက်အောင် ဖွံ့ဖြိုးလာတယ်။ ခန္ဓာရှိသရွေ့ဝေဒနာရှိမှာမို့ ဖောက် သည်မရှိမှာ ဘယ်တော့မှ ပူစရာမလိုတဲ့လုပ်ငန်းကိုး။

ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက်စနစ်လည်း ဖြစ်လို့ လက်ဝါးကြီးအုပ် (Monopolize) လုပ်လို့မရဘဲ အပြိုင်အဆိုင်တွေများလာတယ်။ ဒီလိုဆိုတော့ ကိုယ့် ဆေးခန်း လူများများ ဝင်ဖို့ ဆွဲ ဆောင်တဲ့ နည်းလမ်းတွေ သုံးလာ ကြရပြီပေါ့။ လူနာတွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ်ရှိုးပွဲနဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာနှစ်ယောက် ကျုပ်တို့ ဆေးရုံတက်ရင် နောက်ထပ်တစ် ယောက်အလကား တက်ခွင့်ပေး မယ်။ တူးပလပ်စ်ဝမ်းပါလို့ ပရိုမိုး ရှင်းလုပ်လို့ မရတာလည်း သေချာတယ်။ ဒီမှာတင်ပဲ အရည်အသွေးမြင့် ကုသရေးလုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံးကို နှုတ်တိုက်ရွရွ ရွတ်ဆိုကြတော့တယ်။ ကုသမှုအရည်အသွေးမြင့်လေ၊ ဝေဒနာ ပျောက်ကင်းချမ်းသာ ဖို့ အာမခံချက်ပေးနိုင်လေ၊ လူနာများများရဖို့ သေချာလေဆိုတော့ ထိတ်ထိတ်ကြဲအတွေ့အကြုံရင့် ဆရာဝန် ဂေါ်ဇီလာကြီးများ၊ နောက်ဆုံးပေါ် ရောဂါရှာဖွေရေး စက်ကိရိယာများ၊ ပြည်သူ့ဆေးရုံ များမှာ အိပ်မက်တောင် မမက်ဝံ့တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံးအ ဆောင်များ၊ လှိုက်လှဲပျူငှာ ယဉ်ကျေးပြီး မြင်ရုံနဲ့ ရင်တုန်သွားရမယ့် ဧည့်ကြိုမယ် ကလေးများ၊ အပျံစားလူနာ နားနေခန်းများ၊ မျက်စိပဿဒရှိဖို့ဘာညာ၊ အကွန့်အညွန့် တွေကို အပြိုင်အဆိုင် ထင်တိုင်း ကြဲကြတော့တယ်။ ဟိုတယ်ဆေးရုံ ဝန်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံးတောင် သုံးလာကြတယ်။ ဒါကြောင့် နောင် အမြတ်အစွန်းကို မျှော်ပြီး ထည့်လိုက်ရတဲ့ အရင်းအနှီးက ကြောက်စရာ ကောင်းလောက် အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာလေးတစ်ခု ဖတ်ကြည့် ကြပါစို့….။

”ကျွန်ုပ်တို့၏ ဆေးရုံကြီးသည် နိုင်ငံတကာ အဆင့်မီ ဆေးကုသမှုကို ပေးစွမ်းနိုင်ရုံမျှမက ဆေးရုံတွင်းြ<ွကရောက်လာသူ သပ္ပုရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်း လှပြီး ချိုသာယဉ်ကျေးလွန်းလှ သည့် ဧည့်ကြို မယ်ကလေး များက အပြုံး ပန်းများဖြင့် ပထမဆုံး ကြိုဆိုပါ ရစေ။ မိတ်ဆွေ၊ ဆောင်ရွက်စရာ ကိစ္စ ရပ်များကို ဝန်ဆောင်မှု ဝန်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေး ပါမည်။ ရေမြှုပ် ဆိုဖာတွင် ထိုင်ရင်း ဧည့်ခန်းဆောင် အတွင်းမှ စိမ်းလန်းစိုပြည် သော ရောင်စုံပန်းမန်များနှင့် ရေပန်းများကို ကြည့်ရှုခံစား ရင်း မိတ်ဆွေ စိတ်ချမ်းသာစွာ နေထိုင်ပါလေ။ မိတ်ဆွေ ခံ စားနေရသောဝေဒနာကို ပိန်းကြာဖက်တွင် ရေမတင်သလို လျှောကျ ပျောက်ကင်းအောင် ကုသပေးနိုင် စွမ်းရှိသည့် ဝါရင့်၊ သမ္ဘာရင့် ထိတ်ထိတ်ကြဲ လက်လက်ထ ဆရာဝန်ကြီးနှင့် ဆွေးနွေးပါ။ ဆေးရုံတွင် တက်ရောက်ကုသရန် လိုအပ်ပါက ကြယ်ငါးပွင့်အဆင့် ဟိုတယ်ဝန်ဆောင်မှုထက် သာ လျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်းများကို မိတ်ဆွေ စိတ်တိုင်းကျရပါစေမည်။ ကေဘယ်တီဗီမှ ၂၄ နာရီ ဖျော် ဖြေရေးအစီအစဉ်များကို ကြည့်ရင်း အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးအနားမှာ ကိုးကျင်း မီနီဂေါက်ကွင်းကလေး နှင့်…..”

ပျော်စရာကြီး။ ရောဂါသာမ ရှိခဲ့ရင်ပေါ့လေ။ ဆေးရုံလာပါတယ် ဆိုမှ ရောဂါမရှိတဲ့လူ ရှိမလားဗျ။ ကွာလတီဝန်ဆောင်မှုဆိုတဲ့ သဘောကို ထင်သာအောင် ပြော ပြတာပါ။ ဒီလို ကွာလတီ့ ကွာ လတီဝန်ဆောင်မှုတွေအတွက် ရင်းနှီးမြှုပ်နှံလိုက်ရတဲ့ ကုန်ကျစ ရိတ်တွေဟာ သူ့ထက်ငါ အပြိုင်အ ဆိုင်ခေတ်ကြီးမှာ ကျေသွားတယ် လို့ မရှိလောက်အောင် ထပ်ထပ်ပြီး တက်တက်လာလို့ စက်လှေကားအ ရင်းအနှီး (Cost Escalation) လို့ အမည်ကင်ပွန်းတောင်တပ်ပေးထားရသေး။

ဒီကုန်ကျစရိတ်တွေကို ဒီဝန် ဆောင်မှုကို နောက်ဆုံးသုံးစွဲသူ (End User) လည်းဖြစ်၊ ငါ့ဝမ်းပူဆာမနေသာသူလည်းဖြစ်တဲ့ လူ နာများက ကျခံရမှာကတော့ အ သေအချာပဲပေါ့။ ဒါကြောင့်လည်း ဒီအတွက် သင်အိတ်ဖောင်းနေဖို့ တော့လိုတယ်လို့ ထည့်ကြေညာစ ရာမလိုလောက်အောင် သဘောပေါက်နားလည်ပြီးသား။

ကြိုက်သလောက်သုံး၊ ကျသလောက်ပေးဆိုတော့ လူနာများ များဝင်ဖို့ ဆွဲဆောင်ဖို့ လိုလို မလိုလို လုပ်ထားတဲ့ အပိုဝန်ဆောင်မှု စရိတ်စကတွေ အားလုံးကို အချိုး ကျ ပေါင်းထည့်လိုက်တဲ့အခါ အ မှန်တကယ်ကျသင့်ကျထိုက်တဲ့ ဆေးဖိုးဝါးခဆိုတာထက် အများ ကြီး ပိုကျသွားပါတော့တယ်။ ဧည့်ကြိုမယ်လေးတွေရဲ့ အပြုံးတစ်စ အတွက်၊ ဧည့်ခန်းထဲက ရေမြှုပ်ဆိုဖာမှာထိုင်ပြီး ရေပန်းကို မျက်စိပဿဒ ခံစားမိတဲ့အတွက် အခန်း ထဲကနေ ထမင်းပွဲရှေ့ရောက်မှာ စားမိတဲ့အတွက် ရေချိုးဇလုံကြီး ထဲ ရေမွှေးဆပ်ပြာတွေ ထည့်ပြီး ဇိမ်ခံရေချိုးမိတဲ့အတွက် နာလန် ထစမှာ ငြိမ်ငြိမ်မနေနိုင်ဘဲ ဒရိုက် ဗာတုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီးကို အုပ်မိတဲ့အတွက် ဟိုဟာအ တွက်၊ ဒီဟာအတွက် အားလုံးအတွက်ပေးဖို့ တာဝန် မိတ်ဆွေမှာရှိနေသည် မဟုတ်ပါလား။

Juan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*