ကိုလံဘီယာနိုင်ငံ တောင်ပိုင်း မိုကိုအာမြို့တွင် ရွှံ့မြေပြိုကျမှု ဖြစ်ပြီးနောက် စီးပွားရေး ဆိုင်ရာ အရေးပေါ် အခြေအနေကြေညာ

ကိုလံဘီယာနိုင်ငံ တောင်ပိုင်း မိုကိုအာမြို့တွင် ရွှံ့မြေပြိုကျမှု ဖြစ်ပြီးနောက် စီးပွားရေး ဆိုင်ရာ အရေးပေါ် အခြေအနေကြေညာ
April 5, 2017 Asian Fame

1:33 pm
ကိုလံဘီယာနိုင်ငံ တောင်ပိုင်း မိုကိုအာမြို့တွင် ရွှံ့မြေပြိုကျမှု ဖြစ်ပြီးနောက် စီးပွားရေး ဆိုင်ရာ အရေးပေါ် အခြေအနေကြေညာ

1(မိုကိုအာ (ကိုလံဘီယာ)၊ ဧပြီ ၄)

ကိုလံဘီယာနိုင်ငံ တောင်ပိုင်း မိုကိုအာမြို့တွင် ရွှံ့မြေပြိုကျမှုဖြစ် ပြီး ကလေးငယ် ၄၃ ဦး အပါအဝင် လူ ၂၇ဝ သေဆုံးခဲ့ပြီး နောက်ဝယ် အစိုးက စီးပွားရေး ဆိုင်ရာ အရေး ပေါ် အခြေအနေ အဖြစ် ကြေညာ လိုက်ပြီဖြစ်သည်။

”ကံဆိုးမိုးမှောင် ကျပြီး သေ ဆုံးသူတွေကို စာရင်းပြုစု ရဦးမှာ ပါ” ဟု ကိုလံဘီယာ သမ္မတ မင်နူ ယယ်လ်ဆန်တို့စ် ကပြောပါသည်။ ”အနည်းဆုံး ၂၇၃ ဦး သေဆုံးကြပြီး၊ ၂၆၂ ဦး ဒဏ်ရာ ရရှိကြပါတယ်” ဟု သူက ဆက်ပြောပါသည်။ စောစောပိုင်း ကမူ သေဆုံးသူများ အနက် ကလေးငယ် ၄၃ ဦး ပါဝင် သည်ဟုလည်း သူက ကြေညာခဲ့ သေးသည်။

မြေပြိုမှုဖြစ်ပြီး မကြာမီတွင်ပင် အခင်းဖြစ်ဒေသ ဆီသို့ သမ္မတဆန် တို့စ်ရောက်ရှိလာပြီး အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်နေသည် ကို စစ်ဆေး ကြည့်ရှုကာ ထိုဒေသ အနီးရှိ တပ်စခန်း တစ်ခုတွင် တစ်ည လုံးရှိနေခဲ့သည်။

ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက် နေပြီဖြစ်ပြီး၊ မြေပြိုမှု ထပ်မံဖြစ်ပွား မည့် ဘေးအတွက် ကြိုတင်ကာ ကွယ်မှုများ ပြုလုပ်ရန်နှင့် ဇွန်လ မတိုင်မီအထိ မိမိတို့နိုင်ငံဝယ် မိုးထူထပ်သော ရာသီဥတုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်းကိုလည်း သမ္မတ ဆန်တို့စ်က ကြေညာ သတိ ပေးခဲ့သည်။

မိုကိုအာမြို့တွင် လူဦးရေ ၇ဝဝဝဝ ခန့်နေထိုင်ကြပြီး၊ မြေပြိုမှု များ မကြာခဏ ကြုံရသော မြို့တစ် မြို့ဖြစ်ကာ မိုကိုအာရှိ လူဦးရေ ၄၅ဝဝဝ တို့သည် ယခု မြေပြိုမှု ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ်က ခန့် မှန်းသည်။

PN002

Ref:Mexico newspaper stops printing after reporter shot dead

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*