ကာတွန်းလောကမှာ ဝင်ပြီးလုပ်တဲ့အခါမှာ ဇရပ်တစ်ခုလို ခိုလှုံပေမယ့် ကျွန်တော်ကာတွန်းဇရပ်ရဲ့ သောက်ရေအိုးကနေ ခြေမဆေးခဲ့ပါဘူး။ ဒါပေမယ့် အဲဒီသောက်ရေအိုးကိုတော့ ကူဖြည့်ပေးပါတယ်

ကာတွန်းလောကမှာ ဝင်ပြီးလုပ်တဲ့အခါမှာ ဇရပ်တစ်ခုလို ခိုလှုံပေမယ့် ကျွန်တော်ကာတွန်းဇရပ်ရဲ့ သောက်ရေအိုးကနေ ခြေမဆေးခဲ့ပါဘူး။ ဒါပေမယ့် အဲဒီသောက်ရေအိုးကိုတော့ ကူဖြည့်ပေးပါတယ်
April 5, 2017 Asian Fame

3:18 pm
ကာတွန်းလောကမှာ ဝင်ပြီးလုပ်တဲ့အခါမှာ ဇရပ်တစ်ခုလို ခိုလှုံပေမယ့် ကျွန်တော်ကာတွန်းဇရပ်ရဲ့ သောက်ရေအိုးကနေ ခြေမဆေးခဲ့ပါဘူး။ ဒါပေမယ့် အဲဒီသောက်ရေအိုးကိုတော့ ကူဖြည့်ပေးပါတယ်

apk

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းဥက္ကဋ္ဌ ကာတွန်းဆရာ အော်ပီကျယ် နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံကာတွန်းဆရာများ အသင်းဖြစ်မြောက်ရေး ယာယီကော်မတီဖြင့် ကာတွန်းဆရာများ အသင်း ပေါ်ထွက်လာစေရေး အတွက် စုပေါင်းဆောင်ရွက်ခဲ့ကြ သည်မှာ ယခုဆိုလျှင် အလုပ်အမှု ဆောင်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြီးခဲ့ပြီဖြစ်၍ အများဆန္ဒဖြင့် ရွေးချယ်ခဲ့သည့် အလုပ်အမှု ဆောင်များလည်း ပေါ်ထွက်လာခဲ့ ပြီဖြစ်သည်။ ပထမဦးဆုံးအကြိမ် အဖြစ်ပေါ်ပေါက်လာသည့် မြန်မာ နိုင်ငံ ကာတွန်းဆရာများအသင်း ၏ဥက္ကဋ္ဌမှာကာတွန်းဆရာအော်ပီ ကျယ်ဖြစ်သည်။ ထို့ကြောင့် ဖွဲစည်းလိုက်ပြီဖြစ်သည့် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းဥက္ကဋ္ဌ အနေဖြင့် ကာတွန်းလောကနှင့် ကာတွန်းဆရာများ၏ဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်သွားမည့်အစီအစဉ်များကို ဆရာ နှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက် ပါသည်။

ဆရာတို့ရဲ့ မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ် ဆရာ။

အသင်းရဲ့ရည်ရွယ်ချက်အနေ နဲ့အသေးစိတ်တော့ မရေးကြရ သေးပါဘူးပေါ့။ အဓိက ကတော့ မြန်မာနိုင်ငံကာတွန်းဆရာများရဲ့ ဘဝတိုးတက်ဖို့ အဓိကပါ။ ကာတွန်း ဆရာများဘဝဆိုတာ နံပါတ်တစ် ကတော့ စားဝတ်နေရေးပေါ့နော်။ စားဝတ်နေရေးဆိုတာမှာ ကာတွန်း နဲ့ ဘဝကိုရပ်တည်နိုင်ဖို့တို့ ကာတွန်း ပညာမြင့်မားပြန့်ပွားဖို့။ နောက်ပြီး တော့ ကာတွန်းဆရာတွေရဲ့ သာရေးနာရေးကိစ္စတွေအတွက်လည်း ပါတယ်။ နောက်ပြီး ကာတွန်း ဆရာတွေရဲ့ မူပိုင်ခွင့်မှာ တစ်စုံတစ်ခုပြဿနာ ဖြစ်လာရင် ကာတွန်းဆရာတွေ ဘက်ကနေ မားမားမတ်မတ်ရပ်တည်ဖို့တို့ပါ။ ဒါတွေကတော့ အကြမ်းဖျင်းပြောပြတာပါ။

ဆရာက မြန်မာနိုင်ငံကာတွန်း ဆရာများအသင်းရဲ့ ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခြင်း ခံလိုက်ရ ပြီဆိုတော့ ဒီအသင်းအတွက် ပထမဆုံး လုပ်ဆောင်သွားဖို့ စိတ် ကူးတွေကိုလည်း သိချင်ပါတယ်ရှင်။

ချက်ချင်းကြီးတော့ ဘာအစီ အစဉ်မှ မရှိသေးပါဘူး။ အဓိက ကတော့ ဝန်ကြီးလည်းရှိတုန်းမှာ ကျွန်တော်တို့ ကာတွန်းအသင်း အတွက် နေရာရှိဖို့လိုပါတယ်။ နေရာလေးရှိမှ လာနိုင်မယ်၊ စုနိုင် မယ်၊ စည်းဝေးနိုင်မယ်။ အဲဒီလို စုစုဝေးဝေးလုပ်ဖို့ ဝန်ကြီးဦးဖေမြင့် ဆီကနေ ရုံးခန်းလေးတစ်ခန်း တောင်းဖို့ရှိပါတယ်။ ဆရာကလည်း ပေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒါလေးရှိပြီး သွားပြီဆိုရင်တော့ ကာတွန်းပညာပြန့်ပွားရေးတို့ ဘာတို့လုပ်ရမှာပေါ့နော်။

လက်ရှိ ကာတွန်းဆရာတွေရဲ့ အခက်အခဲတွေကို ပြောပါဆိုရင် ဘာတွေဖြစ်မလဲဆရာ။

အဓိက ကတော့ စားဝတ်နေ ရေးပဲ။ စားဝတ်နေရေးက ကာတွန်း ဆရာတွေရဲ့ အခက်အခဲတစ်ခု ဖြစ်တယ်။ ကာတွန်းဆရာတွေက ကိုယ်အဆင်ပြေသလိုပဲ စာမူပို့ ခြင်း၊ စာမူခတောင်းခံခြင်းတွေ လုပ်နေရတယ်လေ။ တကယ့် တကယ်မှာ အဲဒီမှာ အခက်အခဲရှိ လို့ရှိရင် ဘယ်သူ့ကိုအားကိုးလို့ အားကိုးရမှန်းမသိဘူး ဖြစ်နေ တယ်။ အဲဒီတော့ ကာတွန်းဆရာ တွေရဲ့အခက်အခဲမှာ နံပါတ် တစ် က ကာတွန်းရေးတဲ့နေရာမှာ အန္တ ရာယ်ရှိတယ်။ နံပါတ်နှစ်ကတော့ ကာတွန်းဆရာတွေအတွက် အလုပ် အကိုင်အခွင့်အလမ်း ပြည့်ပြည့် ဝဝရှိဖို့မှာ အခက်အခဲ ရှိတယ်။ အဲဒီတော့ ကာတွန်းဆရာတွေဟာ ဒီအသက်မွေးဝမ်းကျောင်းအလုပ် ကို ဖြစ်ဖြစ်မြောက်မြောက် တတ် မြောက်ထားပေမယ်။ ရတဲ့ဝင်ငွေ က မလောက်ငဘူး ဖြစ်နေတယ်။ အဓိက ကတော့ စားဝတ်နေရေး က အဓိကပါပဲ။ နေထိုင်မှုဘဝတွေ တိုးတက်ဖို့ပဲ အဓိကထား လုပ် သွားမှာပါ။

ဆရာ့ရဲ့ ကာတွန်းဖြတ်သန်းမှုအရ ကာတွန်းလောကအတွက် ပြော ချင်တာများရှိရင်လည်း ပြောပြပေး ပါဦးဆရာ။

ကျွန်တော်ကတော့ ကာတွန်း ဆရာအနေနဲ့ ဖြတ်သန်းလာတာမှာ အစကတော့ အာဂန္တုအဖြစ် ဖြတ် သန်းရင်းနဲ့ ရောက်လာတာပါ။ ကာတွန်းကို ကျွန်တော်ကချစ်လို့ ရေးတာပါ။ တတ်လို့ရေးတာမဟုတ် ပါဘူး။ သို့သော် ကျွန်တော်က ကာတွန်းလောကမှာ ဝင်ပြီးလုပ်တဲ့ အခါမှာ ကာတွန်းဇရပ်တစ်ခုလို ခိုလှုံပေမယ့် ကျွန်တော်ကာတွန်း ဇရပ်ရဲ့ သောက်ရေအိုးကနေ ခြေ မဆေးခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ သောက်ရေအိုးကိုတော့ ကူဖြည့် ပေးပါတယ်။

မြန်မာကာတွန်းဆရာတွေ အခွင့် အလမ်းမှာ နိုင်ငံတကာအထိသွားဖို့ စိတ်ကူးများရှိရင်လည်း ပြောပြ ပေးပါဦးဆရာ။

နိုင်ငံတကာအထိ လှမ်းဖို့က တော့ ဖြည်းဖြည်းပေါ့လေ။ အခုက ဘာမှ မရှိသေးဘဲနဲ့ဆိုတော့။ သူတို့ကလာပြီး ကမ်းလှမ်းလာရင်
တော့အသင်းရှိနေတော့ချိတ်ဆက်ရတာ ပိုကောင်းမယ်ပေါ့နော်။

ဆရာတို့ မြန်မာနိုင်ငံကာတွန်း ဆရာများအသင်းအတွက် နိုင်ငံတော်အပိုင်းက ပံ့ပိုးမှု ရဖို့မှာရော ဘာတွေလိုအပ်လဲဆရာ။

နိုင်ငံတော်အပိုင်းက ပံ့ပိုးမှုဆိုရင် အဲဒီ ရုံးခန်းဆိုတာတောင်မရသေးဘူး။ အဲဒီတော့ ဘာမှမစဉ်းစားထားပါဘူး။ အဓိကကတော့ နေရာလေးပါပဲ။ သိပ်ပြီးလည်း မတောင်းဆိုချင်ပါဘူး။

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*