ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ
March 31, 2017 Asian Fame

11:45 am
ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ

Tayar Si (3)

ရုပ်ရှင်မပြသော ကသာရုပ်ရှင်ရုံ

ပြီးခဲ့တဲ့ရက်ပိုင်းက အကယ်ဒမီပေးပွဲကြီးစတော့၊ ကျွန်တော်တို့ကသာမှာ ပြောသံဆိုသံမကြား၊ စိတ်ဝင်စားဟန်မ ပြ၊ ငြိမ်ချက်သားကောင်းလှချည်လားဟ ဆိုပြီး၊ အမျိုးသမီးအသိုင်းအဝိုင်း တီး ခေါက်ကြည့်လိုက်တော့ ”ကျုပ်တို့မြို့မှာ ရုပ်ရှင်ရုံ မရှိ၊ ကြည့်စရာ နတ္ထိဆိုတော့ အကယ်ဒမီပေးပွဲလည်း စိတ်မဝင်စား တော့ပါဘူးတော်”တဲ့။ သြော်..ဟုတ်ပေသားပဲ။ သို့သော်လည်း ရုပ်ရှင် မကြည့်ရတာ မှန်ပေမယ့် ရုပ်ရှင်ရုံ မရှိဆိုတာတော့ မဟုတ်ပြန်ပေဘူး။ ကျွန် တော်တို့ ငယ်ငယ်က လက်မှတ်တစ်စောင် ရဖို့ ခွေးတိုး၊ ဝက်တိုး တိုးပြီးကြည့်ခဲ့ရတဲ့ ယခင်အမည် ‘စိန်အောင်ဝင်း’၊ နောက် ပိုင်းမှာ ‘မင်းသီဟ’ နာမည်သစ် ပြောင်း လိုက်တဲ့ ရုပ်ရှင်ရုံကြီးကတော့ အရင်နေ ရာမှာ အရင်နာမည်နဲ့ ထီးထီးကြီးရှိလျက်ပါပဲ။ အဲ … ဒါပေမယ့်လည်း၊ စစ်အ စိုးရလက်ထက်ကတည်းက ရုပ်ရှင်ပြသ ခြင်းလုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပေး လိုက်တော့၊ လွှဲပြောင်းခါစမှာ ရုပ်ရှင်လေး ဘာလေးပြသေးပေမယ့်၊ နောက်ပိုင်းမှာ တော့ ဘယ်လိုဖြစ်သလဲမသိ၊ ဆက်မပြ တော့ပါဘူး။ ကုမ္ပဏီတွေကို အငှားချ၊ အခုတော့ စူပါဆိုလား ဘာဆိုလား၊ တံ ဆိပ်စုံတပ်ထားတဲ့ ဂိုဒေါင်ပုံစံအဖြစ် တွေ့ နေရပါတယ်။ ပြောင်းလဲချိန်တန်ပြီလို့ ကျွန် တော်တို့တတွေက ၂ဝ၁၅ လောက်မှ အော် ဟစ်ခဲ့ကြတာ။ အံမယ် သူတို့တတွေက မြေ<ွကးကြော်၊ မအော်ဟစ်ဘဲ ရုပ်ရှင်ရုံဘဝ ဟောင်းကနေ ကုမ္ပဏီဂိုဒေါင်ဘဝ ပြောင်း လဲပစ်လိုက်ကြတယ်။ တော်လိုက်ကြတာ။

ဟိုတလောလေးတုန်းကတော့ မြန် နိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ကြီးက တစ်နိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိကလက်ထဲ ရောက်နေတဲ့ ရုပ်ရှင်ရုံတွေ မူလလုပ်ငန်း ရုပ်ရှင်ပြသခြင်းမရှိရင် ပြန်သိမ်းမယ်ဆို လား၊ တရားစွဲမယ်ဆိုလား သတင်းစာ ထဲ ဖတ်လိုက်ရပါသေးတယ်။ အမှတ် မမှားဘူးဆိုရင် ကျွန်တော်တို့ ကသာ ခရိုင်ထဲက ကောလင်းမြို့ရုပ်ရှင်ရုံတောင် မူလလုပ်ငန်း ရုပ်ရှင်မပြတော့လို့ တရား စွဲထားတယ်ဆိုလား အဲဒီသတင်းထဲ ဖတ်လိုက်ရပါသေးတယ်။ ကျွန်တော်တို့ ကသာရုပ်ရှင်ရုံကတော့ ဒီနေ့ဒီအချိန် အထိ ဟုတ်ကဲ့၊ ကျွန်တော် ထင်ပါတယ်။ ဒီတစ်သက်တော့ ရုပ်ရှင်ဇာတ်ကားလေး တွေနဲ့ ဝေးနေဦးမယ်ထင်ပါတယ်။

မြင့်အောင်

Tayar Si5

စည်းမဲ့ကမ်းမဲ့နိုင်လွန်းတဲ့ လူတွေရဲ့
လုပ်ရပ်ကို ဘယ်လိုဖြေရှင်းပေးမလဲ

ကြည့်လုပ်ကြပါအုံးဗျာ။ မနေ့က မနက်က အမှိုက်မပစ်ရ ဆိုင်းဘုတ်ကို စည်ပင်က လာတပ်တယ်။ ဒီနေ့မနက် ဆိုင်းဘုတ်အောက်မှာပဲ အမှိုက်လာပစ်သွားကြ တယ်။ စည်းမဲ့ကမ်းမဲ့နိုင်လွန်းတဲ့လူတွေရဲ့ လုပ်ရပ်ကို မန်းစည်ပင် ဘယ်လို ဖြေရှင်းပေးမလဲသိချင်ပါရဲ့။ နေရာကတော့ ၃၅ လမ်းနဲ့ ဒေးဝန်းလမ်း ထောင့်ပါ။

မန်းသား

Tayar Si (1)

လေးစားပါတယ် ယာဉ်ထိန်းရဲများ နှင့် ဦးဦးရဲသားကြီးများ

ပြောမယ်ပြောမယ်နဲ့ မပြောရသေးဘူး။ ဟော … ကောက်လုပ်ပစ်လိုက်ပြီ။ လုပ်ပါ လို့ လမ်းညွှန် စရာမလိုဘူး။ တာဝန်သိစိတ်နဲ့ လုပ်သွားတယ် ပြည်သူ့အသံကို သူတို့နား ထောင်တယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ကျော မခိုင်းဘူး။ တာဝန်ကို အဖိုးတန်စိန်တစ်ပွင့် လိုတန်ဖိုးထားတယ်။ ပခုက္ကူမှာ အလုပ်လုပ် ဆုံး ပြည်သူ့ဆန္ဒကို အဖြည့်ဆည်းဆုံးအဖွဲ့ ပြောပါဆိုရင် အဲဒီလူတွေပဲ လက်ညှိုးထိုးပြီး ပြောရမယ်။

သင်္ကြန်ရက်နီးလာတာနဲ့အမျှ ဆူညံ အိတ်ဇောတွေ တပ်ဆင်မောင်းလာတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး သိသိသာသာပြောင်းလဲ တပ်ဆင်လာကြတာကို တွေ့ရပါတယ်။ တချို့အသံတွေက မသိမသာဆူနေပေမယ့် တချို့အသံတွေက ဆူတဲ့ အဆင့်ကျော်ပြီး ညံလာပါတယ်။အခုလို ဆူညံအိတ်ဇောတွေ အများပြည် သူတွေ စိတ်ပျက်စေလောက်အောင် ညံနေတဲ့ ဆိုင်ကယ်တွေကို ဖမ်းပြီး အိတ်ဇောလဲခိုင်းတဲ့ တာဝန်ရှိသူများဖြစ်ကြတဲ့ ယာဉ်ထိန်းရဲတပ် ဖွဲ့မှ ရဲအုပ်အောင်နိုင်နှင့် အဖွဲ့၊ ပခုက္ကူမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဝေလင်းဇော်နှင့်အဖွဲ့ ပူး ပေါင်းအဖွဲ့များအား ပခုက္ကူမြို့သူမြို့သားများ ကိုယ်စား စိတ်မှတ်မှတ်ထင်ထင် ကျေးဇူးတင် ပါတယ်လို့ ပြောကြားရင်း။

မေတ္တာဖြင့်

Htoo Htoo (Pku)
Photo By: သားချော ဗညား

Tayar Si (6)

သို့/

ဦးဥာဏ်လင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရန်အောင်မင်း
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွန်းအောင်
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသိန်းအောင်
ဥက္ကဋ္ဌ/စည်ပင်သာယာရေးကော်မတီ
ရွှေပြည်သာ

ရက်စွဲ။ ။ ၁၆-၃-၂ဝ၁၇

အကြောင်းအရာ။ ။ ပြည်သူအများ အသုံးပြုသော ရပ်ကွက်တွင်း ကွန်ကရစ်လမ်းများအား သဲတင် သည့် ကားကြီးများ ဝင်ရောက်နေမှုအား တား ဆီးပေးပါရန်တင်ပြခြင်း။

မြို့နယ်မှ တာဝန်ရှိ လူကြီးမင်းများ ခင်ဗျား။ ကျွန်ုပ်တို့ရပ်ကွက်များအတွင်းမှ အများပြည်သူပိုင် ကွန်ကရစ်လမ်းများအား သဲများ မြေကြီးများတင် ဆောင်လာသော ၂ကျင်းနှင့်အထက်ကားကြီးများ နေ့စဉ်နေ့တိုင်း ဝင်ရောက်နေမှုကြောင့် ရပ်ကွက် တွင်းမှ အများပြည်သူများ သွားလာရေး လွယ်ကူ စေရန်အတွက် ခင်းပေးထားသော လမ်းများမှာ လွန်စွာမှပင် ပျက်စီးနေပါသည်ခင်ဗျား။ ယခုဆိုပါ လျှင် ပွင့်လင်းရာသီရောက်လာပြီဖြစ်ပါသောကြောင့် ရပ်ကွက်များအတွင်းမှ အိမ်ရာဆောက်လုပ်မည့် သူများမှာ မိမိတို့၏ခြံများမြေဖို့ရန် /ခြံစည်းရိုး ခတ်ရန်/အိမ်ဆောက်ရန်အတွက်သဲများ၊ မြေကြီး များ မှာယူကြသည့်အတွက် ယင်းသဲတင်ကားကြီး များမှာ ကွန်ကရစ်လမ်းများအတွင်းသို့ အတားအ ဆီးမရှိ ဝင်ရောက်နေပါသည်ခင်ဗျား။ ဤသို့ဝင် ရောက်သောကြောင့် လမ်းများပျက်စီး၍ ပျက်စီး သွားသောလမ်းများအား ပြန်မပြင်သည့်အတွက် လမ်းတွင်းနေပြည်သူများ ထိခိုက်နစ်နာပါသည် ခင်ဗျား။ အကျိုးအမြတ်ရသူများမှာ မည်သူ့အတွက် မျှမကြည့်ဘဲ မိမိအတွက်သာစဉ်းစားသည့် ယင်း ကားကြီးများပင် ဖြစ်ပါသည်ခင်ဗျား။ ရပ်ကွက်တွင်း မှ ကွန်ကရစ်လမ်းများ ခင်းထားသည်မှာ ၆ လက်မ ပင်မထူပါသောကြောင့် ယခုကဲ့သို့ ကားများဝင်ရောက် ခြင်းကြောင့် လွန်စွာမှပျက်စီးပါသည်ခင်ဗျား။ လမ်းများခင်းထားသည်မှာလည်း ထိုကဲ့သို့သော ကားများ ဝင်ရောက်ရန်အတွက် ခင်းထားပေးခြင်းဟုတ်ဟန်မတူပါခင်ဗျား။ လမ်းတွင်းနေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ခင်းပေး ထားခြင်းဖြစ်ပါသည်ခင်ဗျား။ ယခုကဲ့သို့ ယင်းကားကြီးများ ဝင်ရောက်နေမှုအား တားဆီး၍ (တစ်ကျင်း၊ တစ်ကျင်းခွဲကားများသာ) ဝင်ရောက်ရန် လူကြီးမင်း များမှ ဆောင်ရွက်ပေးပါရန် လေးစားစွာ တောင်းဆိုတင်ပြလိုက်ရပါသည်ခင်ဗျား။

(မှတ်ချက်။ ။ ဖော်ပြပါ တင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*