‘ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေအားလုံး ပါနိုင်သမျှ ပါအောင်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် အရင်လို သဘောရှိတိုင်း လုပ်လို့မရတာတွေ ဖြစ်လာမယ်’

‘ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေအားလုံး ပါနိုင်သမျှ ပါအောင်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် အရင်လို သဘောရှိတိုင်း လုပ်လို့မရတာတွေ ဖြစ်လာမယ်’
March 31, 2017 Asian Fame

11:52 am
‘ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေအားလုံး ပါနိုင်သမျှ ပါအောင်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် အရင်လို သဘောရှိတိုင်း လုပ်လို့မရတာတွေ ဖြစ်လာမယ်’

Tour Interview

မြန်မာနိုင်ငံ၏ အထင်ကရ ခရီးသွားဒေသတစ်ခုဖြစ်သော အင်းလေးကန်သည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကို ယခုနောက်ပိုင်းနှစ်များတွင် သိသိသာသာခံစားလာရပြီ ဖြစ်သည်။ သစ်တောပြုန်းတီးမှုများနှင့် နုန်းအနည်များ မြင့်တက်လာခြင်းကြောင့် ရေမျက်နှာပြင် ဧရိ ယာလျော့ကျပြီး နွေရာသီတွင် ရေခန်းခြောက်မှု နှစ်စဉ်လိုဖြစ်လာသည့်အတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာလုပ်ဆောင် ရန်လိုအပ်လျက်ရှိသည်။ လက်ရှိတွင် အင်းလေးကန်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်စေရန် အင်းလေးကန်အုပ်ချုပ်ရေးဥပဒေကို ပြည်နယ်သယံဇာတဝန်ကြီးဌာနက ရေးဆွဲလျက်ရှိသည်။ ထိုသို့ ရေးဆွဲရာတွင် ဒေသခံပြည်သူများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များရယူရန် ဆွေးနွေးပွဲများလည်း ပြုလုပ်လျက်ရှိသည်။ သို့ဖြစ်ရာ အင်းလေးကန်အုပ်ချုပ်ရေး ဥပဒေနှင့်ပတ်သက်၍ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်းအဖွဲ့၏ အတွင်းရေးမှူး ဦးမြတ်မင်းစိုးကို ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

အင်းလေးကန်ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်းအဖွဲ့၏ အတွင်းရေးမှူး ဦးမြတ်မင်းစိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

အင်းလေးကန် အုပ်ချုပ်ရေးဥပဒေ ရေးဆွဲရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေး နွေးတာတွေ လုပ်နေတာတွေ့ရပါတယ်။ ဥပဒေရေးဆွဲရေးက ဘယ်အပိုင်းတွေ ပြီးသွားပြီလဲရှင့်။

ဥပဒေ အခန်း ၈ ခန်းလောက် ရှိတဲ့နေရာမှာ ၄ ခန်း လောက်ပြီး သွားပြီ။ ပြောရရင် တစ်ဝက်နီးပါး ပြီးပြီပေါ့။ ကျွန်တော်တို့ ပြန်ပြီး မနလငနတ လုပ်ရမှာတွေရှိတယ်။ ပြီး ရင် ပြည်နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် တင်ဖို့ရှိတယ်။ ကျွန် တော်တိွုှ့ငာန င်္မောန ချထားတာ တော့ ၆ လပိုင်း လဝက်လောက် ပြီးမယ်လို့ချထားတယ်။ အခုလော လောဆယ် ဒီဥပဒေကြမ်းကိုဆွဲတာ က ၂ဝ၁၆ အောက်တိုဘာလကစ တယ်။ ပြည်နယ်သယံဇာတဝန် ကြီးက ပြည်နယ်သစ်တောညွှန်မှူး ဦးဘိုနီကို တာဝန်ပေးတယ်။ သူဆွဲ ထားပြီးသားကို လေးလကျော်ကြာ တဲ့အခါ ပြန်ချပြတယ်။ အဲဒါကွျှိုသမုငညွါမသကစ ဖွဲ့ပြီး ဆွေးနွေး ကြမယ်လို့ လုပ်တဲ့အခါမှာ ပြည် နယ်အဆင့် ဌာနဆိုင်ရာတွေရယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေ ရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေ ရယ် စုပေါင်းဆွေးနွေးကြတဲ့အခါ နှစ်ကြိမ်ဆွေးနွေးပြီးသွားပါပြီ။

ဒီဥပဒေက အင်းလေးကန်ထိန်း သိမ်းရေးအတွက် ဘယ်လောက် အထောက်အကူပြုနိုင်ပါမလဲ။

အရင် အစိုးရလက်ထက်မှာ အင်းလေးကန် အာဏာပိုင်အဖွဲ့ ဆိုပြီးဖွဲ့ခဲ့တယ်။ အဲဒီမှာပြည်နယ် ဝန်ကြီးချုပ်က ဥက္ကဋ္ဌပေါ့။ အဲဒီ အ ဖွဲ့မှာတော့ အရပ်ဘက်အဖွဲ့အ စည်း ကိုယ်စားလှယ် မပါဘူး။ ၂ဝ၁၆ ခုနှစ် မတ်လ ၃ဝ ရက်အထိ ဆိုရင် ဒီအဖွဲ့ရဲ့သက်တမ်းက ၉ လနဲ့ ၉ ရက်ကြာခဲ့တယ်။ အဲဒီသက် တမ်းအတွင်းမှာ ဘာတွေလုပ်မယ်ဆိုပြီး သတ်မှတ်ထားတာရှိတယ် ။ ဒါပေမယ့် ဘာမှအလုပ်မဖြစ်လိုက် ဘူး။ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အင်းလေးကန် ဇုန်ဝင်ကြေး ၁ဝ ဒေါ်လာပေးရတယ်။ သိန်းပေါင်း ၂ သောင်းကျော်နဲ့ လုပ်ငန်းရှင် တစ်ယောက် လေလံအောင်သွား တယ်။ အဲဒီငွေတွေလည်းရှိတယ်။

နော်ဝေက လှူတဲ့ငွေတွေလည်း ရှိတယ်။ အဲဒီငွေတွေဟာ စနစ်တကျ သုံးလို့ရတဲ့အနေအထားကို ရောက် မလာဘူး။ ဒါက ဒီလိုဥပဒေတွေ၊ မူဝါဒတွေမရှိလို့ဖြစ်ရတာ။ နောက် တစ်ခုက သူတို့ ဘာလို့ မလုပ်နိုင်သလဲဆိုတော့ သူတို့က ပြည်နယ် အစိုးရတာဝန်ရှိသူမို့ အလုပ်အရမ်း များတယ်လေ။ တခြားအလုပ်တွေ လည်း အများကြီး လုပ်ရတော့ ဒီ ဘက်ပိုင်းမှာ ဖိဖိစီးစီးမလုပ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် စီမံခန့်ခွဲဖို့ ဥပဒေ တစ်ရပ်ကတော့ ရှိကိုရှိရလိမ့် မယ်။ အဓိက က ဖွဲ့စည်းပုံ ကျကျ နနဖြစ်ရမယ်။ ဘဏ္ဍာရေးပိုင်းနဲ့ ပတ်သက်ပြီး မူဝါဒ တိတိကျကျသတ်မှတ်ရမယ်။ အင်းလေးကန်နဲ့ ပတ်သက်ပြီးရေးဆွဲထားတဲ့ ဥပဒေ တွေရှိပေမယ့် အလုပ်မဖြစ်ဘူး။ ဒီဥပဒေတွေက အထက်က ဆွဲ ထားတဲ့ ဥပဒေတွေ ဖြစ်ပြီးတော့ ခေတ်နဲ့ အံမဝင်ဘူး။ ဥပမာ – အင်းလေးမှာ ရှော့တိုက်ငါးဖမ်း တယ်။ ခရမ်းချဉ်သီးစိုက်တဲ့အခါ ဓာတုဆေးဝါးတွေသုံးတယ်။ ဟို တယ်ဆိုလည်း ဘေးမဲ့တောမှာ ဆောက်နေကြတာရှိတယ်။ အဲဒီအ ခါ ဒေသခံတွေက မကျေနပ်ကြဘူး။ သူတို့ကျတော့ လုပ်ကိုင်ခွင့်မရဘူး။ တခြားသူကျတော့ လုပ်ပိုင်ခွင့် ရ တယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အဓိကက အင်းလေးကန် ပျက်စီး တဲ့ အကြောင်းရင်းက ၂ ချက်ပဲရှိ တယ်။ ဗဟိုအစိုးရစီမံခန့်ခွဲမှု အလွဲ နဲ့ အဂတိလိုက်စားမှု၊ ဒေသခံတွေ မဆင်မခြင် ဝင်ရောက်နေထိုင်သုံး စွဲမှု။ ဆိုတော့ ဒီဥပဒေကို ပြန်ြပီး အဆင်ပြေအောင် လုပ်မယ်ဆိုရင် ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ် စားလှယ်တွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြံပြု ချက်တွေအားလုံး ပါနိုင်သမျှပါအောင်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် အရင်လို သဘောရှိတိုင်းလုပ်လို့ မရတာတွေဖြစ်လာမယ်။

အဲဒါဆို ဒီဥပဒေက အုပ်ချုပ်ရေးအပိုင်းကို အဓိကသွားမှာပေါ့။

အစိုးရက ပြဋ္ဌာန်းထားတဲ့ ရှော့တိုက်ဥပဒေ၊ ရေချိုငါးဥပဒေ တွေဆိုတာရှိတယ်လေ။ အဲဒါတွေ ကမူလကတည်းက ပြဋ္ဌာန်းထားပြီး သား၊ အဲဒါတွေကို အသက်ဝင် အောင် လုပ်ပေးဖို့ရှိတယ်။ အရေး ယူမယ့်အပိုင်းကတော့ ရှိပြီးသား ဥပဒေအတိုင်းအရေးယူမယ်။ ရှိပြီး သားဥပဒေမှာ မပါသေးတာတွေ ထပ် ထည့်မယ်။ ပြီးတော့ အင်း လေးကန် အုပ်ချုပ်ရေးဥပဒေက အင်းလေးကန်တင် မဟုတ်ဘဲ တောင်ကြီး ခရိုင်ထဲမှာရှိတဲ့ မြို့ နယ် ၁ဝ မြို့နယ် နယ်နိမိတ်တွေ ကအစပါမယ်။ အဲဒီမှာဦးစားပေးရမယ့်အပိုင်းတော့ ရှိနိုင်တယ်။ တချို့တွေကျတော့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေ ပါဝင်နေတာကိုး။

အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆွေးနွေးတဲ့အခါမှာ ဘယ်လိုအပိုင်းတွေ အဓိကထား ဆွေးနွေးပါသလဲ။

ဖွဲ့စည်းပုံက တော်တော်လေး ဆွေးနွေးရတယ်။ အရင်အစိုးရ လက်ထက်မှာ အင်းလေးကန်အာ ဏာပိုင်အဖွဲ့ဆိုပြီး ဖွဲ့ခဲ့တယ်။အခု အစိုးရ လက်ထက်မှာကျတော့ အင်းလေးကန် အုပ်ချုပ်ရေးအဖွဲ့ ဆိုပြီး နာမည်ပြောင်းလိုက်တယ်။ အဲဒီမှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌပေါ့။ပြည်နယ်သယံဇာတ ဝန်ကြီးလည်း ပါတယ်။ နောက်ဖွဲ့စည်းပုံမှာ အ ရပ်ဘက် အဖွဲ့အစည်းကိုယ်စား လှယ် ၃ ဦး တိုးလာတယ်။ ဒါ့အ ပြင်ဒေသခံ ကိုယ်စားလှယ်တွေ ထပ်ရတယ်။ ရေဝေရေလဲဒေသ တွေ၊ ပင်းတယ၊ ဟိုပုန်း၊ ရွာငံ စသဖြင့် တောင်ကြီးခရိုင် ၁ဝ မြို့ နယ်ကိုလည်း ရေဝေရေလဲဒေသ ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒီ ဧရိယာမှာရှိတဲ့ဒေသက လူတွေကို လည်း တစ်မြို့နယ် ၂ ယောက်ထည့် ပါဆိုပြီး ပါတယ်။ အဓိကကျွန်တော် တို့ တောင်းဆိုတာက ဘဏ္ဍာရေး ကော်မရှင် ပီပီပြင်ပြင်ဖြစ်ဖို့၊ ရုံး အဖွဲ့ ဖွဲ့စည်းပုံပီပီပြင်ပြင်ဖြစ်ဖို့ ပေါ့။

ဥပဒေနဲ့ ပတ်သက်ပြီးဆွေးနွေးတဲ့ အခါ အပြည့်အဝဆွေးနွေးခွင့်ရခဲ့ ရဲ့လား။

အခုချိန်ထိ ဆွေးနွေးခဲ့တာ တော့အားရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒေသခံ ပါဝင်ခွင့်ပေးဖို့ ပြည်နယ် သယံဇာတဝန်ကြီးကို အ တိုက်အခံ ပြောခဲ့ရတယ်။ လွှတ် တော်ကိုယ်စားလှယ်တို့ ဌာနဆိုင် ရာတို့ကျတော့ ပါပြီး ကျွန်တော် တို့ကို ချန်ထားခဲ့တာ။ သူတို့တွေက အချိန်တန်ရင် ပြန်မယ့်သူတွေလေ။ အစိုးရဆိုလည်း ငါးနှစ်သက်တမ်း ပြည့်ရင်တာဝန်လွှဲရမှာ။ ဒေသခံ တွေပဲကျန်ခဲ့မှာ။ အဲဒီတော့ အင်း လေးကန်နဲ့ ပတ်သက်တဲ့ဥပဒေက ဒေသခံတွေ သဘောထားပါမှဖြစ် မှာပေါ့။ ဒီဥပဒေကို ပြည်နယ်အစိုးရ မှာ အချောသပ်မယ်။ ကျွန်တော်တို့ စိုးရိမ်တာကတော့ အင်းလေးကန် အုပ်ချုပ်ရေးအဖွဲ့မှာပါတဲ့ အရပ် ဘက်အဖွဲ့အစည်းတွေက တရားဥ ပဒေအရ ပြစ်မှုစီရင်ခြင်း ခံရရင်၊ စိတ်ရောဂါဖြစ်ရင် အဖွဲ့ဝင်အဖြစ် က အလိုအလျောက် ပယ်ဖျက်မယ် ဆိုပြီးပါတယ်။ ဒါပေမယ့် ဌာနဆိုင် ရာတွေအတွက်တော့မပါဘူး။ ပြီး တော့ အရပ်ဘက်အဖွဲ့အစည်း သက်တမ်းကျတော့ သုံးနှစ်တဲ့။ သူ တို့ကျတော့ငါးနှစ်။ အဲဒါတွေ ကျွန် တော်တို့ပြင်ထားတယ်။အဲဒါတွေ ကို နောက်ဆုံးအပြီးသတ်အထိ အားလုံးပြီးတဲ့အခါ ကျွန်တော်တို့ ဖြုတ်ထားတဲ့အချက်တွေ ပြန် ပြောင်းမှာတော့ စိုးရိမ်တယ်။

မေဇင်ဝင်း မေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*