အများအကြိုက်လေ ယိမ်းယိုင်ပါစေ

အများအကြိုက်လေ ယိမ်းယိုင်ပါစေ
March 31, 2017 Asian Fame

2:25 pm
အများအကြိုက်လေ ယိမ်းယိုင်ပါစေ

TheinSoeTendency ဆိုတဲ့ စကားလုံးကို ရင်းနှီးခဲ့တာ နှစ် အတော်အတန် တောင်ကြာပြီရော့လား။ အင်္ဂလိပ်- မြန်မာ အဘိဓာန် မှာတော့ ယိမ်း ယိုင်မှု၊ ဖြစ်တတ်မှုလို့ ဘာသာပြန် ထားပါတယ်။ အင်း.. ယိမ်းယိုင် တယ်ဆိုတာက ယိမ်းတဲ့နောက်ကို လိုက်ယိုင်ကြတာလား၊ ယိုင်တဲ့ ဘက်ကို လိုက်ယိမ်းကြတာလား။ ဖြစ်တတ်ပါတယ်လေ။ လိုင်းကား ပေါ်မတ်တတ် ရပ်စီးနေတုန်း ကား က ရုတ်တရက် ထိုးထွက် လိုက်လို့ ဆောင့်ရပ်လိုက်လို့ လူကယိုင် သွားခဲ့ရင်၊ ယိုင်သွားတဲ့နောက် အ သာလေး လိုက်ယိမ်းလိုက်မှ။ မ ဟုတ်လို့ မယိမ်းဘူး ကွာလို့ တောင့် ခံထားလိုက်ရင် ကိုယ့်နောက်က လိုက်ယိမ်းမယ့် သူက ကိုယ့်အပေါ် ပိကျခဲ့ရင် ကိုယ်ပဲ နာမှာပေါ့နော်။ အဲဒီတော့ နယူတန်ရဲ့ အီနားရှား သဘောတရားကို လိုက်နာပြီး ယိုင်တဲ့ဘက်ကို ယိမ်းလိုက်သွား တာ အမှား မဟုတ်နိုင် ဘူးလေ။ ဖြစ်တတ်တဲ့ သဘောပဲဟာ။

အခုလို ဘေးတိုက် ယိမ်းယိုင်လိုက် ရတာကတစ်မျိုး၊ အပေါ်က ယိမ်းယိုင်လို့ ထွက်ပြေးရတာမျိုး လည်း ကြုံဖူးသေးတယ်ဗျ။ လွန်ခဲ့ တဲ့အနှစ် ၂ဝ လောက်တုန်းက ပေါ့။ ကမ်းခြေ တစ်ခုကို လူစုပြီး သွားကြရာမှာ ဟိုတယ်ခန်းအလုံ အလောက် မရတာနဲ့ဘဲ ဈေးသင့် ရာ ဘန်ဂလိုမျိုး နှစ်ထပ်အဆောက် အအုံမှာ အောက်ထပ်ကို ငှားလိုက် ကြတယ်။ ညနေရောက်ခါစ မှာ တော့ အေးအေးဆေးဆေးပဲ ပေါ့။ ခဏနေတော့ ဆူဆူညံညံနဲ့ အ ပေါ်ထပ်ကအဖွဲ့တွေ ပြန်ရောက် လာကြတယ်။ အပေါ်ထပ်မှာ ခုန် ပေါက် ခြေဆောင့် ပြေးလွှား နေ လိုက်ကြတာ ဝုန်းဒိုင်းကို ကြဲပြီး နံရံ တွေ ကိုယ်တွေရဲ့အမိုး (သူတို့အ တွက်ကတော့ အခင်းပေါ့နော်) တွေ ယိမ်းထိုးပြီးတော့ ကြမ်းကြား ကနေ ရေတွေ သဲအမှုန့်တွေ ကျ လာပါလေရောလား။ တာဝန်ရှိ တယ်လို့ ယူဆရတဲ့သူကို အ ကျိုးအကြောင်း ပြောပြတော့ လည်း ဒီအဆောင်တွေက ဒီ လိုပဲ တဲ့။ အစ်ကိုတို့လည်း စိတ်ကြိုက်နေကြပါတဲ့။ နောက်နေ့ အပေါ်ထပ် လွတ်တာရှိရင် ပြောင်း ပေးပါမယ်တဲ့။ (တကယ်တော့ ကိုယ့် အမှားပါ။ သေသေချာချာ မစိစစ်ပဲ ကိုယ့်သဘော နဲ့ကိုယ် ငှားခဲ့ကြတာလေ။)

အဲဒီတော့ အချင်းချင်းတိုင်ပင် ကြရတော့တာပေါ့။ ကဲဘယ်လို လုပ်ကြမလဲ၊ အပေါ်ထပ် ကတော့ ယိမ်းထိုးနေကြတယ်၊ ကိုယ်တွေ ရော ယီးလေးခိုပြီး လိုက်ယိုင်ကြ မလားပေါ့။ အပေါ်ထပ်မှာက အင် နဲ့အားနဲ့ ယိမ်းထိုးနေကြ တာ အောက်ထပ်က ကြာ ရင် ဘယ်လို တောင့် ခံနိုင်ပါ့ မလဲ။ မဖြစ်ပါဘူး ဆိုပြီးတော့ တစ်ရက်စာ အခန်းခ အရှုံးခံပြီး တခြားပြောင်း ပြေးကြရတော့တာ ပေါ့။

စာရင်းအင်း ပညာရပ်ကို သေ ချာလေ့လာဖြစ်ပြန်တော့ အဲဒီ Tendency ဆိုတာကို ပုံသေနည်း တွေနဲ့ သတ်မှတ် တွက်ထုတ်လို့ ရနိုင်ကြောင်းကို သိလိုက်ရတယ်။ ပုံမှန် ဖြန့်ကြက်နေတဲ့ ကိန်းဂဏန်း အစုတွေတောင် အစွန်း သက် ရောက်မှု အားကောင်းတဲ့ ကိန်း အချို့ (Outliers) ရဲ့ လွှမ်းမိုးသက် ရောက်မှုကို ခံရပြီး ယိမ်းယိုင်ပါ တတ်သွားတဲ့ သဘောမျိုး ရှိကြောင်း သိလိုက်ရပြန်တော့ အံ့သြမိပါ တယ်။ အဲဒီ ကိန်း အားလုံးကို ကိုယ်စားပြုပြီး ကိန်းတစ်လုံး တည်းနဲ့ စကားပြောတော့မယ် ဟေ့ ဆိုရင် အဲ့ဒီ ကိုယ်စားပြုကိန်းဟာ Outliers ကိန်းတချို့ကြောင့် ပုံမှန် ဖြစ်သင့်တာထက် ကြီးသွားတာမျိုး၊ ပုံမှန်ဖြစ်သင့်တာ အောက် ငယ် သွားတာမျိုးတွေ ဖြစ်လာတတ်ပါ တယ်။ သက်မဲ့ ကိန်းဂဏန်းတွေ တောင် အဲဒီလိုသဘောမျိုးရှိတတ် တယ်ဆိုတော့ကာ သတ္တလောက မှာ သက်ရှိ ခံစားချက်ရှိကြတဲ့ လူ သားတွေရဲ့ ဆန္ဒ အာသီသတွေ ကြောင့် ယိမ်းယိုင်မှုတွေ ဖြစ်ပေါ် လာတတ်တာ သိပ်ပြီးတော့ မဆန်း ကြယ်လှပါဘူး။

အဲဒီ ကိန်းဂဏန်းတွေရဲ့ သဘောသဘာဝတွေကို လူသား တွေရဲ့ ခံစားမှု ဆန္ဒ အာသီသတွေနဲ့ ပေါင်းစပ်လိုက်ပြီး လှလှပပလေး အဖြေ ထုတ် လာကြတဲ့ ကစားကွက် တွေ ကစားပွဲတွေ ရှိလာတာကို ဒီဘက်ကာလမှာ ခပ်စိပ်စိပ်တွေ့ လာနေရသလိုပါပဲ။ တစ်နည်းအား ဖြင့် ယိမ်းယိုင်တတ်တဲ့ သဘော တရားအပေါ်မှာ လူကြိုက်များနေ မှု လူကြိုက် များစေမှုဆိုတဲ့ Popularity  ကို Weighted တင်ပြီး ကိန်းဂဏန်းလေး တွေကို စိတ် ကြိုက် အဖြေထုတ် လာကြတာမျိုး တွေပါ။

ပေါ်ပြူလာ(Popular) ဆိုတာ က အများအကြိုက် အများလက်ခံ တဲ့အယူအဆပါ။ အများကကြိုက် တယ်၊ အများက လက်ခံတယ်ဆို တာမျိုးတွေ ပိုအခရာ ကျလာပါ တယ်။ အဲ့ဒီတော့ ဖြစ်သင့်တာ ထက် ဖြစ်ချင်တာတွေကို ဖြစ်လာ စေဖို့ရာ ပေါ်ပြူလာဖြစ်မှု တစ်ခုခု နဲ့ လိုရာယိမ်းပြီး ယိုင်လာကြစေဖို့ လှုံ့ဆော် ဆောင်ရွက်ကြတော့တာ ပေါ့နော်။ အဲဒီအစား ဖြစ်ချင်နေ ကြတော့ ဖြစ်ချင်တာပဲလေ၊ တကယ် ဖြစ်သင့်တာက ဒီလိုမျိုးပါ ဆိုပြီး အများကကြိုက် အများက လက်ခံ ပြီး ယိမ်းယိုင်ပါလာအောင် ဆောင် ရွက်နိုင်ကြမယ် ဆိုရင်တော့ ပို ကောင်းတာပေါ့နော်။ အဲဒါမှပဲ အ များအကြိုက် လိုက်ကြရာမှာ ဝိရော ဓိ ကွဲလွဲနေသူများ အတွက် လည်း ဖြေ သာနေသာကြမှာ ဖြစ်ပါတော့ တယ်။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*