လှိုင်သာယာ နှင့် ရွှေပြည်သာ အပါအဝင် မြို့နယ် ငါးခုတွင် ဆေးယဉ်ပါး တီဘီ အများဆုံး ဖြစ်ပွားနေ

လှိုင်သာယာ နှင့် ရွှေပြည်သာ အပါအဝင် မြို့နယ် ငါးခုတွင် ဆေးယဉ်ပါး တီဘီ အများဆုံး ဖြစ်ပွားနေ
March 31, 2017 Asian Fame

12:18 pm
လှိုင်သာယာ နှင့် ရွှေပြည်သာ အပါအဝင် မြို့နယ် ငါးခုတွင် ဆေးယဉ်ပါး တီဘီ အများဆုံး ဖြစ်ပွားနေ

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ်၂၄

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်အပါအဝင် မြို့နယ် ၅ မြို့နယ်တွင် ဆေးယဉ်ပါးတီဘီရောဂါ အများဆုံးဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း တီဘီ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဇော်မြင့်က ပြောသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံနှင့် မရမ်းကုန်း စသည့်မြို့နယ်များတွင် ဆေးယဉ်ပါး တီဘီရောဂါအများဆုံးဖြစ်ပွားပြီး ကလေးငယ်များတွင် အများဆုံး တွေ့ရကြောင်း ၎င်းက ပြောသည်။ မြန်မာ တစ်နိုင်ငံလုံးအတိုင်း အတာအရ တီဘီရောဂါဖြစ်ပွားသူ တစ်သိန်းခွဲနီးပါးရှိပြီး ရန်ကုန်တိုင်း တွင် တီဘီရောဂါဖြစ်ပွားသူ ၃ သောင်းနီးပါးရှိကြောင်း၊ တီဘီရော ဂါဖြစ်ပွားသူများ၏ ၈ဝ ရာခိုင်နှုန်း သည် အသက် ၁၅ နှစ်မှ ၄၅ နှစ် တွင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားခြင်းသည် ဆေးသောက်သုံးရမည့်ကာလ အပိုင်းအခြားမပြည့်မီ ရပ်တန့်လိုက် ခြင်းကြောင့်ဖြစ်ပြီး တီဘီရောဂါ ဆေးများကိုမသောက်ဘဲ မိမိနှစ်သက်ရာ သောက်ဆေးများသောက် သုံးပါကလည်း ဖြစ်ပွားကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ စီမံကိန်း တာဝန်ခံ ဒေါက်တာခင်ဆွေဝင်းက ပြောသည်။

”ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူက နည်းလမ်းတကျပေးဖို့လိုပါတယ်။ စောင့်ရှောက် ပေးတဲ့သူက နည်းလမ်းတကျ မကု ပေးရင်လည်း ဖြစ်တတ်ပါတယ်” ဟု ၎င်းကပြောသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါကူးစက်ခံထားရပြီး နှစ်စဉ် ကမ္ဘာတွင် လူဦးရေ ၁ဝဒသမ၄ သန်းတီဘီ ရောဂါဖြစ်ပွားကာ ၁ ဒသမ ၈သန်း သေဆုံးနေကြာင်း ဒေါက်တာဇော်မြင့်က ပြောသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ် စစ်တမ်းအရ လူဦးရေတစ်သိန်းလျှင် တီဘီရောဂါဖြစ်ပွားသူ ၄၅၇ ဦးရှိပြီး သေဆုံးသူ ၅၉ ဦးရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် Global TB Report မှထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ လူဦးရေတစ်သိန်းတွင် တီဘီရောဂါဖြစ်ပွားနှုန်း ၃၆၅ ဦးသာရှိပြီး သေဆုံးနှုန်း ၄၉ဦးသာ ရှိခဲ့သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ထောင်စုနှစ်ရည်မှန်းချက်များ အတိုင်း တီဘီရောဂါဖြစ်ပွားနှုန်းကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီ ရောဂါ လူနာသစ် နှစ်သိန်းခန့်ရှိ မည်ဟုခန့်မှန်းထားပြီး တစ်သိန်းခွဲခန့်ကိုသာ ရှာဖွေကုသပေးနိုင်ခဲ့ ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*